၂၉၊ အောက်တိုဘာ၊ ၂၀၂၁။
ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနဲ့ အမ်ဘတ်ပေတို့ဟာ ဒဏ်ရာနဲ့ ကျန်းမာရေးပြၐသနာတွေရှိနေလို့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။
မက်ဆီဟာ အသေးစားဒဏ်ရာတစ်ရပ် ရရှိထားပြီး အမ်ဘတ်ပေကတော့ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ကျန်းမာရေးပြဿနာကို ဆေးကုသမှုခံယူနေရတယ်လို့ သတင်းကြားသိရပါတယ်။
ပီအက်စ်ဂျီအသင်းဆေးအဖွဲ့ဟာ မက်ဆီနဲ့ အမ်ဘတ်ပေတို့ရဲ့ဒဏ်ရာနဲ့ ကျန်းမာရေးပြဿနာတွေကို စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် သတင်းအချက်အလက်တွေကို သိပ်မကြာခင်မှာ ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပီအက်စ်ဂျီအသင်းဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ အခုတစ်ပတ် လီဂူးပွဲစဉ်အဖြစ် လိုင်လီနဲ့ယှဉ်ပြိုင်ရဖို့ ရှိနေပြီး အဲ့ဒီပွဲစဉ်မှာ မက်ဆီနဲ့ အမ်ဘတ်ပေတို့ ပါဝင်ကစားနိုင်ဖို့က မသေချာဘူးလို့ သိရှိရပါတယ်။
ဗာရတ်တီ၊ ရာမို့စ်နဲ့ ပါရီဒက်စ်တို့ဟာလည်း ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝဖို့ ရုန်းကန်နေရဆဲဖြစ်လို့ လိုင်လီနဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ပါဝင်ကစားပေးနိုင်ဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။