လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ဇာဗီနဲ့ ဘာစီလိုနာအသင်း သဘောတူညီမှုရ

 

၂၈၊ အောက်တိုဘာ၊ ၂၀၂၁။

ကာတာကလပ် အယ်လ်ဆက်အသင်းရဲ့ နည်းပြ ဇာဗီဟာ လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြနေရာမှာ တာဝန်ထမ်းဆောင်ဖို့အတွက် သဘောတူညီမှုတွေ ရထားပြီလို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ဒါပေမဲ့ ဇာဗီဟာ အယ်လ်ဆက်အသင်းနဲ့ လက်ရှိစာချုပ်သဘောတူညီချက်တွေအရ အသင်းက ထွက်ခွာခဲ့ရင် ပေါင် ၈ သိန်း ၄ သောင်း ပေးချေရမှာဖြစ်ပေမယ့် အယ်လ်ဆက်အသင်းရဲ့ အကြီးအကဲတွေနဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှုအရ  ဒီပေးချေရမယ့် ငွေကြေးတွေဟာ ကင်းလွတ်သွားဖွယ်ရှိနေပါတယ်။ 

လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြနေရာမှာ ဘာစီလိုနာ(B) အသင်းနည်းပြ ဆာဂျီဘာဂျူယန်က ယာယီတာဝန်ယူထားပြီး ဘာစီလိုနာကွင်းလယ်ဂန္ထဝင် ဇာဗီ မရောက်မချင်း တာဝန်ယူသွားရမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

ဘာစီလိုနာအသင်းဟာ အစောပိုင်းမှာ မာတီနက်ဇ်၊ အီရစ်တန်ဟတ်ဂ်၊ ဂျာဂင်ကလော့ပ်တို့နဲ့ နည်းပြနေရာအတွက် နာမည်ထွက်နေပေမယ့် လက်ရှိမှာတော့ ကစားသမားဟောင်း ဇာဗီကိုပဲ နေရာပေးဖို့ သဘောတူညီမှုတွေ ရရှိယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။