
၂၈၊ အောက်တိုဘာ၊ ၂၀၂၁။
ဂျော်ဂျင်ဟို၊ အမ်ဘာပေ၊ မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ ရေပန်းစားနေတဲ့ ဒီနှစ်ရဲ့ ဘလွန်းဒီအော့ဖ်ဆုဟာ အတော်လေး စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။
အားလုံးက စိတ်ဝင်စားနေတဲ့ ဒီလိုဒီအခြေအနေမှာမှ သဘောထားကွဲလွဲမှုတွေဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုဟာ ထွက်ပေါ်လို့ လာခဲ့ပါတယ်။
ဒါကတော့ ဒီနှစ်အတွက် ဘလွန်းဒီအော့ဖ် ရရှိတဲ့ ကစားသမားနာမည်ဟာ ပေါက်ထွက်လာခဲ့တာပါ။
Daily Mail သတင်းဌာနကတော့ ဒီပေါက်ထွက်လာတဲ့ စာရင်းကို ဖော်ပြပြီး ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ဒီနှစ်ရဲ့ ဘလွန်းဒီအော့ဖ်ဆုအတွက် နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။
ပေါက်ထွက်လာခဲ့တဲ့စာရင်းမှာ လီဝန်ဒေါစကီးက ထိပ်ဆုံးမှာ ရ့ပ်တည်နေပြီး မက်ဆီကတော့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့တာပါ။ နောက်မှာတော့ ဘန်ဇီးမားနဲ့ ဆာလားတို့က ဆက်တိုက်ရပ်တည်နေခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာလည်း ငြင်းခုန်မှုတွေဖြစ်ပေါ်နေသလို ကစားသမားတွေရဲ့ ပရိသတ်တွေဟာလည်း တစ်ဖက်နဲ့တစ်ဖက် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်နေခဲ့ကြပါတယ်။
လက်ရှိအချိန်ထိတော့ ဒီထွက်ပေါ်လာမှုနဲ့ ပတ်သက်လို့ အတည်ပြုလို့ မရနိုင်သေးပေမယ့် နာမည်ကြီး သတင်းဌာနတွေကတော့ သတင်းအဖြစ် ဖော်ပြနေကြတာပဲဖြစ်ပါတယ်။