၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။
မုံရွာမြို့ကနေ စစ်ကိုင်းမြို့ဘက်ကို အင်အားဖြည့်တင်းဖို့သွားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကား ၁၃စီးကို ဒေသခံ PDFပူးပေါင်းအဖွဲ့က နှစ်ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက သေဆုံး ဒဏ်ရာရသူ များပြားနိုင်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၇ရက်နေ့ မနက် ၆နာရီခန့်မှာ ဘိုးမင်းကြီးကင်းကျေးရွာနဲ့ ဂွေးပင်တောကျေးရွာ စစ်ကား ၄စီးကို ပဒေသာမိုင်းတစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် အလ္လကပ္ပကျေးရွာနဲ့ ဝင်းပြည့်ကျေးရွာအကြားမှာ နောက်ထပ်စစ်ကားတစ်စီးကို တစ်ကြိမ် တပြိုင်နက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စစ်အုပ်စုက ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး PDFပူးပေါင်းအဖွဲ့က တစ်ဦးဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်မှုကို Black Eagle Defence Force-MMUအဖွဲ့က ဦးဆောင်ပြီး Myin Mu Defence Force၊ မြင်းမူလျှပ်စီးေပြာက်ကျားအဖွဲ့၊ People Defence Force Myin Mu-MMPDF၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOMနဲ့ Myaung Special People`s Defence Force-MSPDFအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ- PDFပူးပေါင်းအဖွဲ့