ဖခင်ဖြစ်သူရဲ့ ချစ်မေတ္တာကို အပြည့်အဝရနေလို့ ပျော်ရွှင်နေတဲ့ ပေါလ်စခိုးလ်ရဲ့ သမီးလေး အလီရှာ

 

 

၂၇၊ အောက်တိုဘာ၊ ၂၀၂၁။

အင်စတာဂရမ်မှာ ပေါလ်စခိုးလ်ရဲ့ သမီးဖြစ်သူ အလီရှာတစ်ယောက် ဖခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ချပြလိုက်တဲ့အချိန်မှာ အကောင်းမြင်သူတချို့နဲ့ ဝေဖန်သူတွေ အများအပြားရှိလာခဲ့ပါတယ်။

သမီးဖြစ်သူ အလီရှာက ဖခင်ဖြစ်သူ ပေါလ်စခိုးလ်ဟာ သူ့ကို “အချစ်စစ်” တွေနဲ့ လွှမ်းခြုံထားပါတယ်ဆိုတဲ့ အကြောင်းကို သူ့ရဲ့ အင်စတာဂရမ်မှာ ထုတ်ကြွားခဲ့တာပါ။ 

သမီးဖြစ်သူပေါ်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လိုပုံစံပဲထားထား အေးချမ်းလွန်းပေမယ့် အလီရှာတင်ထားတဲ့ ဗီဒီယိုဖိုင်ဟာ ဝေဖန်ခံရစရာတချို့ဖြစ်ပေါ်ခဲ့ရပါတယ်။ 

ဒီဗီဒီယိုဖိုင်မှာ သမီးဖြစ်သူ အလီရှာရဲ့ ခြေထောက်ကို ကိုင်ပြီး ခြေချောင်းတွေကို ဖခင်ဖြစ်သူ ပေါလ်စခိုးလ်က ကိုက်ငုံထားတာပါ။ 

အသက် ၂၀ အရွယ်ရှိတဲ့ အလီရှာကတော့ ဖခင်ဖြစ်သူရဲ့ ဂရုစိုက်မှုကို အတော်လေးသဘောတွေ့ခဲ့ပါတယ်။ တချို့ကလည်း သားအဖနှစ်ဦးရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်အတွက် အပျော်တွေ ကူးစက်နေကြပေမယ့် အချို့ကလည်း ဝေဖန်တာတွေပြုလုပ်ပြီး အပျက်သဘောဆောင်တဲ့ ဝေဖန်မှုတွေနဲ့ ပြောဆိုနေကြတာပါ။

အလီရှာပေါလ်ဟာ လက်ရှိမှာ Netball (ဘက်စတက်ဘောနဲ့ဆင်တူသည့် ကစားနည်း)  အသင်း London Pulse မှာ ကစားနေသူဖြစ်ပါတယ်။ အရင်က  Manchester Thunder အသင်းမှာ ကစားခဲ့ဖူးပြီး လက်ရှိအသင်းကို ပြောင်ရွှေ့လာတာ သိပ်မကြာသေးပါဘူး။