တောင်ဒဂုံမှာ စစ်ရဟတ်ယာဉ်ပျံဝဲနေ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်၊တောင်ဒဂုံမြို့နယ်တွင်းမှာ  ဒီနေ့မွန်းလွဲ၃နာရီကျော်လောက်က စစ်ရဟတ်ယာဉ် တစ်စီးပျံဝဲခဲ့ တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ရဟတ်ယာဉ်ဟာ ဒဂုံဆိပ်ကမ်းဘက်ကနေ တောင်ဒဂုံဘက်ရောက်လာပြီး တောင်ဒဂုံ ၁၀၇ရပ်ကွက်ကောင်း ကင်ပေါ် လက်ယာရစ်ပတ်ပြီးနောက် လှည်းကူးဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံ နွေဦးတော်လှန်ရေး လူမှုကွန်ရက်စာမျက်မှာ SDI က ဖော်ပြပါတယ်။

တောင်ဒဂုံ၊ယဉ်ကျေးမှုတက္ကသိုလ်အနီး အောင်ဇေယျအိမ်ယာမှာနေထိုင်သူတစ်ဦးက ‘စစ်ရဟတ်ယာဉ်ကိုလည်း မကြာခဏ တွေ့လာရတယ်။ဒီရက်ပိုင်းအတွင်း တောင်ဒဂုံမှာ ‘စခ’ တွေခြေရှုပ်နေတယ်’လို့ပြောပါတယ်။

အခုလအတွင်း တောင်ဒဂုံကောင်းကင်ယံမှာ စစ်ရဟတ်ယာဉ်တွေကို တွေ့နေတာ ၈ကြိမ်လောက်ရှိပြီလို့လည်း SDI ကဖော်ပြပါတယ်။

မနေ့ည  ၁၀နာရီခွဲကျော်က တောင်ဒဂုံ၊၂၄ရပ်ကွက်၊မြစံပယ်လမ်းထဲ အကြမ်းဖက်စစ်သားတွေရောက်လာပြီး ဆဲဆိုကြိမ်းမောင်းကာ လူ၂ဦးကို ဖမ်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။