၂၆၊ အောက်တိုဘာ၊ ၂၀၂၁။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်ထောက်နည်းပြအဖြစ် နည်းပြ ဖာဂူဆန်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အဲဗာတန်နဲ့ စကော့တလန်နည်းပြဟောင်း ဝေါ်လ်တာ စမစ်ဟာ ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။
ဝေါ်လ်တာ စမစ်ဟာ ကျန်းမာရေးချို့ယွင်းမှုတွေနဲ့ ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် အခုလို ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။
ဝေါ်လ်တာ စမစ်ဟာ စကော့တလန်ကလပ် ရိန်းဂျားအသင်းရဲ့သမိုင်းဟာ အောင်မြင်မှုကြီးမားလွန်းသူတစ်ယောက်ဖြစ်ပြီး ရိန်းဂျားကို စကော့တလန်အဆင့်မြင့်တန်း အမှတ်ပေးချန်ပီယံဆု ခုနစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိအောင် ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
နည်းပြဘဝဖြတ်သန်းမှုတလျှောက်မှာ ဝေါ်လ်တာ စမစ်က ရိန်းဂျားကို နှစ်ကြိမ် တာဝန်ယူခဲ့ဖူးပြီး အဲ့ဒီ သက်တမ်းနှစ်ခုအတွင်း ရိန်းဂျားဟာ ဝေါ်လ်တာ စမစ်ရဲ့လမ်းညွှန်မှုနဲ့အတူ စကော့တလန်အဆင့်မြင့်တန်း အမှတ်ပေးချန်ပီယံ ၁၀ ကြိမ်ဖြစ်ခွင့်ရရှိခဲ့ပါတယ်။
ဝေါ်လ်တာ စမစ်ဟာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းကို ၁၉၉၈ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ တာဝန်ယူခွင့်ရခဲ့သလို စကော့တလန်လက်ရွေးစင်ဘောလုံးအသင်းနည်းပြအဖြစ်လည်း သူက တာဝန်ယူခွင့် ရရှိခဲ့ဖူးပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်ထောက်နည်းပြအဖြစ် ဝေါ်လ်တာ စမစ်က ၂၀၀၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ခဲ့ကာ အဲ့ဒီနှစ်ဘောလုံးရာသီမှာတော့ မန်ချက်စတာယူနိုက်တက်က အက်ဖ်အေဖလားချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဝေါ်လ်တာ စမစ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။