မြောင်အမျိုးသမီးပြောက်ကျားတပ်ဖွဲ့ စတင်ဖွဲ့စည်း

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

လက်နက်ကိုင် ခုခံစစ် ဆင်နွှဲဖို့ မြောင်မြို့နယ်မှာ အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအအဖွဲ့ Myaung Women Warriors -MWW ကိုစတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူချိန်ကစတင်ပြီး သပိတ်စစ်ကြောင်းတွေမှာ ကျားမတန်းတူ သပိတ်မှောက်ခဲ့ကြပြီးနောက်မှာ ပုခက်လွှဲသောလက်တွေကနေ စစ်အုပ်စုကို အမြစ်ဖြတ်ရေးအတွက် အခုလို အမျိုးသမီးတွေသာ ပါဝင်တဲ့ MWWအဖွဲ့ကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်မတို့သည်အာဏာသိမ်းခြင်းအား လက်မခံ တော်လှန်မည့်အမျိုးသမီးများဖြစ်ပြီး အမျိုးသားတွေနည်းတူ၊တန်းတူ အာဏာရှင်ကို တော်လှန်သည့် နေရာများတွင် အားအင်အပြည့်ပါဝင်သွားမည်”လို့ MWWက ဆိုပါတယ်။

မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့ဟာ အကြမ်းဖက်စစ်အုပ်စုကို ရွံမုန်းပြီး အမျိုးသမီးတွေအပေါ် ညှင်းပန်းနှိပ်စက် ဖျက်ဆီးနေတာကို လက်မခံဘဲ စစ်အုပ်စုကို ခုခံတော်လှန်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဓါတ်ပုံ-MWW