၂၄၊ အောက်တိုဘာလ၊ ၂၀၂၁။
အာဆီယံအထူးသံတမန်က သူ့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ထိတွေ့ဆက်ဆံမှုတွေမလုပ်ဖို့ အကြမ်းဖက်စစ်အုပ်စုက သတိပေးခဲ့ကြောင်းဂျပန်နိုင်ငံရဲ့ NHKသတင်းဌာနမှာ ဖော်ပြပါတယ်။
မြန်မာ့အရေး အာဆီယံအထူးသံတမန် အီရာဝမ်ယူဆွတ်ဟာ သူ့အစီရင်ခံစာထဲမှာ အဲဒီလိုရေးသားထားတာဆိုပြီး NHK က ဖော်ပြတာပါ။
အစီရင်ခံစာထဲမှာ အထူးသံဟာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အခရာကျတဲ့လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့လိုတဲ့အကြောင်း အလေးပေးပြောထားတယ်လို့ဆိုပါတယ်။
အာဆီယံအထူးသံတမန်ဟာ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ဖို့အတွက် အကြမ်းဖက်စစ်အုပ်စုနဲ့ ညှိနှိုင်းနေပေမဲ့
စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ဟာ တရားရင်ဆိုင်နေရသူတွေဖြစ်လို့ တွေ့ဆုံခွင့်ပေးဖို့ ငြင်းဆိုတဲ့အကြောင်း အထူးသံရဲ့အစီရင်ခံစာမှာပါတယ်လို့ဆိုပါတယ်။
အာဆီယံအနေနဲ့ အောက်တိုဘာ၂၆ရက်မှာစတင်တော့မယ့်အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ မင်းအောင်လှိုင်ကို မဖိတ်တဲ့အပေါ် စစ်အုပ်စုက ရှုတ်ချထားပါတယ်။