အလျား ၃၂ပေရှိ ဝေလငါးအုပ်စုဝင် ငါးသေတစ်ကောင် မော်တင်ကမ်းခြေမှာ သောင်တင်သေဆုံး

လုံးပတ် ဦးခေါင်းပိုင်း ၈ပေ၊ ကိုယ်ပိုင်း ၂၀ပေနဲ့ အမြီးပိုင်း ၆ပေခန့် ရှိတဲ့ ဝေလငါးအုပ်စုဝင် ငါးသေတစ်ကောင် မော်တင်ကမ်းခြေ ကမ်းနီးကွင်းရွာအနီးသောင်ခုံပေါ်မှာ သောင်တင် သေဆုံးနေတာကို မနေ့က နံနက် ၇ နာရီလောက်မှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

မော်တင်ကမ်းခြေအနီးနဲ့ ဟိုင်းကြီးကျွန်းအနီးတဝိုက်မှာ အခုလိုငါးကြီးတွေမကြာခဏဆိုသလိုသောင်တင်သေဆုံးတာဖြစ်လေ့ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

ရိုက်ကူး – ကျော်သက်(မိုးမြင့်ကြယ်)