အထည်ချုပ်စက်ရုံတစ်ခုနဲ့ အိမ်ယာစီမံကိန်းတစ်ခု ဧရာဝတီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ပြီ

၅ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ကိုရီးယာအထည်ချုပ်စက်ရုံကို ဒေးဒရဲမြို့မှာတည်ဆောက်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၇၀၀ လောက်ရရှိမှာပါ။ အိမ်ယာစီမံကိန်းအနေနဲ့ကတော့ ပုသိမ်မြို့မြကျွန်းသာအိမ်ယာအနီးမှာခွင့်ပြုလိုက်တာဖြစ်ပြီး ရှော့ပင်းမောလည်း ပါမယ်လို့သိရပါတယ်။ ဒီစီမံကိန်းနှစ်ခုစလုံးကိုတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ် ။

ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ထွက်ရှိပြီးနောက် ဧရာဝတီတိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုတွေပိုပြီးဝင်ရောက်လာတာပါ။ ဝင်ရောက်တဲ့ရင်းနှီးမြှုပ်နှံမှုအများစုကတော့ စက်မှုလုပ်ငန်းတွေဖြစ်ပါတယ်။

လက်ရှိဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းဒေကြီးအပါဝင် ပြည်ထောင်စုက ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှု ၂၁ ခုရှိပါတယ်။ နိုင်ခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၁သန်းကျော်နဲ့ နဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၂သိန်းကျော်တန်ဖိုးရှိပါတယ်။အလုပ်အကိုင် အခွင့်အလန်းပေါင်း ၆ထောင်ကျော်ရှာပေးနိုင်ခဲ့တယ်လို့သိရပါတယ်။