မြဝတီ အာရှလမ်းကို ပြန်ဖွင့်ပြီးနောက် ကုန်တင်ကားကြီးတွေသွားလာခွင့်မရသေးတာ သတင်းအမှန်ဖြစ်
၂၀၂၆ ဧပြီ ၉
Fact Check – DNA/ TRF
မြဝတီ-ကော့ကရိတ် အာရှလမ်းကို ဧပြီ ၂ရက်က စစ်ကောင်စီဘက်ကနေ ပြန်လည်ဖွင့်လှစ်ပြီးတဲ့နောက် ကုန်တင်ကားကြီးတွေပါသွားလာခွင့်ရနေတယ်ဆိုတဲ့ သတင်းမှားတွေ လူမှုစာမျက်နှာ အချို့မှာ ပျံ့နှံ့လျှက်ရှိပါတယ်။
အဲ့ဒီသတင်းကို စစ်ကောင်စီရဲ့ Fact Check အယောင်ဆောင် လော်ဘီချန်နယ်တခုဖြစ်တဲ့ “Fact Check” ချန်နယ်ကနေ “ကားကြီးတွေသွားခွင့်မပေးဘူးပြောပြီး ဒီပုံထဲမှာ သွားနေတဲ့ ကုန်ကားကြီးက ကလေးကစားတဲ့ အရုပ်ကားများ မှတ်နေတာလား BBC” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး ပျံ့နှံ့မှုလည်းရှိနေပါတယ်။
သတင်းမှားလင့်
(Fact Check) – https://archive.ph/wip/jL3cQ
Saw Ba Maung – https://archive.ph/wip/Zfjwq
ပျံ့နှံ့နေတဲ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ကုန်တင်ကားကြီးတွေအနေနဲ့ အာရှလမ်းကို သုံးခွင့်မရသေးဘူးဆိုတာကို စိစစ် တွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
မြဝတီ-မဲဆောက် ကုန်သည်တဦးက “ကုန်ကားတွေက ပေးမဖြတ်သေးဘူး၊ အိမ်စီးကားတွေပဲ ပေးသွားအုံးမယ်လို့ ကြားတယ်၊ အတိအကျမသိသေးဘူး။ အဲ့မှာ ဂိတ်၅ဂိတ်ရှိတယ်။ ကော့ကရိတ်ကနေ မြဝတီဂွင်အထိကို အိမ်စီးကားတွေက ယာဥ်မောင်း နာမည်ပဲပြော၊ စာရင်းပေး ပြီးရင်သွား အဲ့လိုမျိုး။ ကုန်ကားကြီးတွေကိုတော့ ဖြတ်ခွင့်မပေးသေးဘူး” လို့ သူက DNA ကို အတည်ပြုပြောပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်ဖွင့်လိုက်ပြီးတဲ့နောက် အိမ်စီးကားတွေကိုပဲ ဖြတ်သန်းခွင့်ပေးထားပြီး လုံခြုံရေးအခြေအနေ စိတ်မချရသေးတာကြောင့် ကုန်ကားတွေကိုတော့ ပေးမဖြတ်သေးဘူးလို့ Red News Agency သတင်းဌာနကလည်း သတင်းဖော်ပြထားပါသေးတယ်။
Red News Agency သတင်းဌာနကနေ ဖော်ပြထားတဲ့ သတင်း >>> https://www.facebook.com/share/p/1GCjxzRmC8/
အာရှလမ်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက် ယာဥ်ငယ်တွေကိုပဲ ဖြတ်သန်းသွားလာခွင့်ပြုသေးကြောင်း The Irrawaddy – Burmese သတင်းဌာနက သတင်းတင်ဆက်ထားပါတယ်။
The Irrawaddy – Burmese သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့် >>> https://www.facebook.com/share/p/1G9wwsVyku/
မြန်မာပြည်တွင်းအခြေစိုက် စံတော်ချိန်သတင်းစာကလည်း အာရှလမ်းပြန်ဖွင့်ပေးမယ့် ခရီးသည်တင်ကားများ၊ အိမ်စီးကားများ၊ ကုန်ကားအသေးများသွားလာနေပြီး ကုန်ကားကြီးများဖြတ်သန်းသွားလာခြင်းမရှိသေးဘူးဆိုပြီး ရေးသားဖော်ပြထားပါတယ်။
စံတော်ချိန်သတင်းဌာနကသတင်း>>> https://www.facebook.com/photo/?fbid=1316422690582860&set=a.569717148586755
သုံးသပ်ချက်
သတင်းစိစစ်ချက်အရ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်နေ့မှာ
ပြန်ဖွင့်ပေးခဲ့ပေမယ့်လည်း လက်ရှိမှာ အိမ်စီးကားနဲ့ ယာဥ်ငယ်တွေကိုသာ စာရင်းပေးသွင်းပြီး ဖြတ်သန်းခွင့်ပြုထားတယ်ဆိုတာကို တွေ့ရပါတယ်။
လုံခြုံရေးအခြေအနေနဲ့ လမ်းပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ကုန်တင်ကားကြီးတွေကို ဖြတ်သန်းခွင့် မပေးသေးဘူးဆိုတဲ့အကြောင်းကို လွတ်လပ်တဲ့သတင်းဌာနတွေနဲ့ ဒေသခံကုန်သည်တွေက အတည်ပြု ထားကြပါတယ်။
ဒါကြောင့် မြဝတီအာရှလမ်းမှာ ကုန်တင်ကားကြီးတွေ သွားလာခွင့်မရသေးဘူးဆိုတဲ့အကြောင်းအရာမှာ အမှန်ဖြစ်ပြီး ကားကြီးတွေသွားနေပြီဆိုတဲ့ရေးသား ဖော်ပြချက်တွေက အများပြည်သူကို လှည့်ဖျားထားတဲ့ သတင်းမှားသာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်