အင်ဒိုနီးရှားမှာ ပြင်းအား ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်

ငလျင်လှုပ်ပြီး မိနစ် ၃၀ မပြည့်ခင်မှာဘဲ ဘီတွန်မြို့မှာ ၂၀ စင်တီမီတာ (၈ လက်မ) နဲ့ ဟယ်လ်မာဟီရာအနောက်ပိုင်းမှာ ၃၀ စင်တီမီတာ (၁ ပေ) အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေကို တိုင်းတာရေးစခန်းတွေကနေ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားမိုးလေဝသ၊ ဇလဗေဒနဲ့ ဘူမိရုပ်ဗေဒအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

၂၊ ဧပြီ။

အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၆နာရီ ၄၈ မိနစ်မှာ ပြင်းအား ၇.၄ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။

အစောပိုင်းက ပြင်းအား ၇.၈ အဆင့်ရှိတယ်လို့ မှတ်တမ်းတင်ခဲ့တဲ့ အဆိုပါ ငလျင်ဟာ အင်ဒိုနီးရှားကျွန်းစုတွေရဲ့ အလယ်ပိုင်းနားမှာရှိတဲ့ မိုလပ်ကာ ပင်လယ်ထဲမှာ လှုပ်ခတ်သွားတာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က သတင်းထုတ်ပြန်ထားပါတယ်။

အဆောက်အအုံ ပျက်စီးမှုတွေကြား ပိမိပြီး အသက် ၇၀ အရွယ်အမျိုးသမီးဦး သေဆုံးခဲ့သလို တခြားလူတဦးကတော့အဆောက်အအုံပေါ်ကနေ ခုန်ချခဲ့တာကြောင့် ခြေထောက်ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ပြီး မိနစ် ၃၀ မပြည့်ခင်မှာဘဲ ဘီတွန်မြို့မှာ ၂၀ စင်တီမီတာ (၈ လက်မ) နဲ့ ဟယ်လ်မာဟီရာအနောက်ပိုင်းမှာ ၃၀ စင်တီမီတာ (၁ ပေ) အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေကို တိုင်းတာရေးစခန်းတွေကနေ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားမိုးလေဝသ၊ ဇလဗေဒနဲ့ ဘူမိရုပ်ဗေဒအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှား ကမ်းရိုးတန်းတလျှောက်မှာဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အစောပိုင်းက ပြောကြားခဲ့ပေမဲ့ အခုအခါမှာတော့ တာဝန်ရှိသူတွေက ဆူနာမီသတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပါပြီ။

အင်ဒိုနီးရှားကျွန်းစုတလျှောက်မှာရှိတဲ့ အနီးနားက မြို့ခံတွေကတော့ ငလျင်လှုပ်ခတ်မှုဟာ တော်တော်လေး ပြင်းထန်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေသလို ကြောက်လန့်နေကြတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

ငလျင်ဗဟိုချက်ဟာ လူဦးရေ နှစ်သိန်းကျော်ရှိတဲ့ တယ်နိတ်မြို့ကနေ ၁၂၀ ကီလိုမီတာ (၇၄.၅ မိုင်) အကွာမှာ တည်ရှိနေပါတယ်။

Ref – BBC