
ဒါပေမဲ့ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒါဟာ အမေရိကန်ရဲ့ အချိန်ဇယားနဲ့တော့ မသက်ဆိုင်ဘူးလို့ သူက ပြောပါတယ်။
၁၊ ဧပြီ။
သဘောတူညီချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ထပ် နှစ်ပတ် ဒါမှမဟုတ် သုံးပတ် အတွင်းမှာ အမေရိကန်က အီရန်ကနေ ထွက်ခွာတော့မယ်လို့ ထရမ့်က ပြောလိုက်ပါတယ်။
အီရန်အစိုးရအနေနဲ့ နျူကလီးယားလက်နက်ကို နှစ်နဲ့ချီပြီး မထုတ်လုပ်နိုင်တော့ဘူးဆိုတာ သေချာသွားတဲ့အခါထွက်ခွာမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုလိုလိုက်တာပါ။
သမ္မတရုံးခန်းကနေ ပြောကြားရာမှာတော့ အီရန်ဟာ သဘောတူညီချက်ရဖို့ တောင်းပန်နေတယ်လို့ ထရမ့်ကဆိုပါတယ်။
ဒါပေမဲ့ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒါဟာ အမေရိကန်ရဲ့ အချိန်ဇယားနဲ့တော့ မသက်ဆိုင်ဘူးလို့ သူက ပြောပါတယ်။
အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က ရန်သူတွေဘက်က စစ်မီးပြန်မတောက်စေရဘူးလို့ အာမခံချက်ပေးရင် စစ်ပွဲကို အဆုံးသတ်ဖို့ တီဟီရန်မှာ ခိုင်မာတဲ့ ဆန္ဒရှိတယ်လို့ အသောပိုင်းက ပြောခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ အပစ်အခတ်ရပ်စဲရေးရဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်နေပါတယ်။
လက်ရှိမှာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့နဲ့ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့ အချက်တွေ ပါဝင်တဲ့ အချက်ငါးချက်ပါ စီမံကိန်းတခုကို တရုတ်နဲ့ ပါကစ္စတန်တို့က တင်ပြလိုက်ပါတယ်။ ဒါဟာ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ပွဲအဆုံးသတ်ဖို့ ညှိနှိုင်းရာမှာ တရုတ်ရဲ့ ထောက်ခံမှုရဖို့ ဘေဂျင်းကိုသွားခဲ့ပြီးတဲ့နောက်မှာ အဆိုပါ အစီအစဉ်ကို ရေးဆွဲခဲ့တာပါ။
သူတို့နှစ်နိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအသစ်တွေ လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အခုအချိန်ထိတော့ အီရန်စစ်ပွဲအပေါ် တရုတ်ရဲ့ တုံ့ပြန်မှုက တော်တော်လေး ငြိမ်နေခဲ့ပါတယ်။
တရုတ်ဟာ ရေနံသိုလှောင်ထားတာရှိတဲ့အတွက် တခြား အာရှနိုင်ငံတွေထက်စာရင် ရေနံပြတ်လပ်မှုဒဏ်ကို ခံနိုင်ရည်ပိုရှိတဲ့ အနေအထားပါ
ဒါပေမဲ့ အဆိုပါ အကျပ်အတည်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ကုန်ပစ္စည်းအများအပြား ထုတ်လုပ်ပြီး ကမ္ဘာ့စက်ရုံလို့ တင်စားရတဲ့ တရုတ်ရဲ့ စက်မှုလုပ်ငန်း အချက်အခြာနေရာတွေ ရေရှည်မှာ ထိခိုက်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေ ရှိနေပါပြီ။
အီရန်စစ်ပွဲဟာ သမ္မတရှီ အလိုချင်ဆုံးအရာဖြစ်တဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ စီးပွားရေး ဆက်လက်တိုးတက်ဖို့နဲ့ ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ဆိုရင် တည်ငြိမ်တဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေရှိဖို့ လိုအပ်ပါတယ်။
အခုတော့ ပဋိပက္ခဖြစ်တာ တလရှိလာပြီဖြစ်သလို ဓာတ်ဆီဈေးတွေလည်း ဆက်တက်နေတာကြောင့် တရုတ်အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာတာပါ။
တရုတ်အစိုးရဟာ အရင်ကလည်း အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် ကြိုးစားခဲ့ဖူးပြီးအောင်မြင်မှု အထိုက်အလျောက် ရခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဆော်ဒီအာရေဗျနဲ့ အီရန်ကြား သံတမန်ဆက်ဆံရေး ပြန်စနိုင်အောင် ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်။
Ref – BBC