
အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန်နဲ့ အစ္စရေး ပစ်မှတ်တွေအပြင် ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေက အရပ်ဘက် ပစ်မှတ်တွေနဲ့ သင်္ဘောတွေကို ပြန်လည်တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့လောင်စာဆီနဲ့ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းတက်တာနဲ့ စီးပွားရေးကျဆင်းမှုကို ဖြစ်စေမလားဆိုတဲ့ ထိတ်လန့်မှုတွေ ရှိနေပါတယ်။
၂၈၊ မတ်။
အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ လနဲ့ချီမကြာဘဲ သီတင်းပတ်အနည်းငယ်အတွင်းမှာတင် ပြီးဆုံးသွားမယ်လို့ အမေရိကန်က မျှော်လင့်ထားပါတယ်။
ဝါရှင်တန်အနေနဲ့ ခြေလျင်တပ်တွေကို အသုံးမပြုဘဲ ရည်မှန်းချက်အားလုံးကို အောင်မြင်အောင် လုပ်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
တဘက်မှာလည်း ပင်လယ်ကွေ့ဒေသတဝိုက်မှာ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ဆက်တိုက်ပစ်ခတ်နေချိန် ဆော်ဒီအာရေးဗျက လေတပ်စခန်းတခုကို အီရန်က တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည် နှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး နောက်ထပ် ၁၀ ဦးလည်း ဒဏ်ရာရသွားတယ်လို့ အမေရိကန်အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ G7 နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီးနောက် ဝါရှင်တန်ရဲ့ စစ်ဆင်ရေးဟာ “သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ဒါမှမဟုတ် အချိန်ဇယားထက်တောင် စောနေတယ်၊ ဒါကြောင့် လနဲ့ချီမစောင့်ရဘဲ ရက်သတ္တပတ်ပိုင်းအတွင်းမှာတင် အချိန်ကိုက် အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်” လို့ ရူဘီယိုက သတင်းထောက်တွေကို ပြောပါတယ်။
ခြေလျင်တပ်တွေမပါဘဲ ရည်မှန်းချက်အောင်မြင်နိုင်တယ်လို့ သူကဆိုပေမဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ပေါ်ပေါက်လာရင် သမ္မတအနေနဲ့ အခြေအနေအရ လိုအပ်သလို အမြန်ဆုံး ပြုပြင်ပြောင်းလဲ ဆုံးဖြတ်နိုင်ဖို့အတွက် အဆိုပါဒေသကို တပ်ဖွဲ့တချို့ စေလွှတ်ထားတယ်ဆိုတာကိုတော့ သူက ဝန်ခံခဲ့ပါတယ်။
စစ်ပွဲပြီးသွားရင်တောင် အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို အခွန်ကောက်ခံဖို့ ကြိုးစားလာနိုင်တဲ့ အလားအလာကိုလည်း ရူဘီယိုက G7 ဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
အဆိုပါရေလမ်းကြောင်းကနေ ကုန်သွယ်ရေး အကျိုးအမြတ်ရနေတဲ့ ဥရောပနဲ့ အာရှနိုင်ငံတွေအနေနဲ့ ရေလမ်းကြောင်းလွတ်လပ်စွာ ဖြတ်သန်းနိုင်ရေးအတွက် ဝိုင်းဝန်းကူညီသင့်တယ်လို့ သူကဆိုပါတယ်။
ဝါရှင်တန်ဟာ မရိန်းတပ်သား ထောင်ပေါင်းများစွာပါတဲ့ တပ်ဖွဲ့နှစ်ဖွဲ့ကို အဆိုပါဒေသဆီ စေလွှတ်ထားပါတယ်။ ပထမအဖွဲ့ဟာ မတ်လကုန်ပိုင်းလောက်မှာ အလွန်ကြီးမားတဲ့ မြေပြင်နဲ့ ရေပြင် တိုက်ခိုက်ရေးသင်္ဘောကြီးနဲ့ ရောက်လာတော့မှာပါ။ ဒါ့အပြင် ပင်တဂွန်စစ်ဌာနချုပ်ကနေ ထောင်နဲ့ချီတဲ့ အထူးလေထီးတပ်သားတွေကိုလည်း စေလွှတ်ဖို့ ရှိနေပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ရဲ့ အဓိပတိနဲ့ တခြားထိပ်တန်းအရာရှိတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်ပြီး စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ အခုလို တပ်တွေထပ်ပို့နေတာကြောင့် ကြာရှည်တဲ့ စစ်ပွဲကြီး ဖြစ်သွားမလားဆိုပြီး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန်နဲ့ အစ္စရေး ပစ်မှတ်တွေအပြင် ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေက အရပ်ဘက် ပစ်မှတ်တွေနဲ့ သင်္ဘောတွေကို ပြန်လည်တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့လောင်စာဆီနဲ့ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းတက်တာနဲ့ စီးပွားရေးကျဆင်းမှုကို ဖြစ်စေမလားဆိုတဲ့ ထိတ်လန့်မှုတွေ ရှိနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူကြိုက်နည်းလှတဲ့ အခုစစ်ပွဲကို အမြန်အဆုံးသတ်ချင်ပုံရပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့အတွက် အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဒီအပတ်ထဲမှာ အလေးပေး ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ တီဟီရန်ဘက်ကတော့ ဘာဆွေးနွေးမှုမှ မစရသေးဘူးလို့ ထပ်တလဲလဲ ငြင်းဆိုထားပါတယ်။ ကြာသပတေးနေ့မှာတော့ ထရမ့်က အီရန်အနေနဲ့ ပိတ်ဆို့ထားတဲ့ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ၁၀ ရက် အချိန်တိုးပေးခဲ့ပြီး မဖွင့်ပေးရင်တော့ အရပ်ဘက် စွမ်းအင်ကွန်ရက်တွေကို တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ကတော့ နောက်တပတ်အတွင်း အီရန်နဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားပြီး စစ်ပွဲရပ်စဲရေးအတွက် ထရမ့်က တင်ပြထားတဲ့ အချက် ၁၅ ချက်ပါ အဆိုပြုချက်ကိုလည်း အီရန်ဘက်က မကြာခင် ပြန်လည်တုံ့ပြန်လိမ့်မယ်လို့ ယူဆနေပါတယ်။
Ref – Reuters