
KCNA ရဲ့ အဆိုအရ တင့်ကားမှာ အဆင့်မြင့်လှုပ်ရှားနိုင်စွမ်း၊ ပစ်ခတ်နိုင်စွမ်းနဲ့ ခုခံရေးစနစ်တွေ ပါဝင်ပြီး ဒုံးကျည်တွေနဲ့ ဒရုန်းတွေရဲ့ရန်ကနေ ကာကွယ်နိုင်တဲ့စနစ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၊ မတ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်တပ် ခေတ်မီအောင် တည်ဆောက်ရေးမှာ အဓိကကျတယ်လို့ ကြေညာထားတဲ့ တိုက်ပွဲဝင် တင့်ကားအသစ်တွေကို ထုတ်ဖော်ပြသတဲ့အကြီးစား စစ်ရေးလေ့ကျင့်မှုကို ခေါင်းဆောင် ကင်ဂျုံအွန်းက ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက မတ်လ ၂၀ ရက်၊ သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကြာသပတေးနေ့က ပြုံယမ်း အမှတ် – ၆၀ လေ့ကျင့်ရေးစခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သံချပ်ကာ တပ်ဖွဲ့တွေက တင့်ကားဖျက်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။
နောက်တန်းတပ်ဖွဲ့ခွဲတွေကလည်း ရန်သူ့ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ခြေလျင်တပ်နဲ့ တင့်ကားတွေ ရှေ့ဆက်နိုင်အောင် လမ်းဖွင့်ပေးခဲ့ကြတယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြပါတယ်။
KCNA ရဲ့ အဆိုအရ တင့်ကားမှာ အဆင့်မြင့်လှုပ်ရှားနိုင်စွမ်း၊ ပစ်ခတ်နိုင်စွမ်းနဲ့ ခုခံရေးစနစ်တွေ ပါဝင်ပြီး ဒုံးကျည်တွေနဲ့ ဒရုန်းတွေရဲ့ရန်ကနေ ကာကွယ်နိုင်တဲ့စနစ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“မြေကြီးတွေ တုန်ဟည်းသွားတဲ့အထိ တင့်ကားတွေ အပြင်းအထန် ထိုးစစ်ဆင်တာကိုကြည့်ပြီး သူ (ကင်ဂျုံအွန်း) က အားရကျေနပ်ခဲ့သလို တင့်ကားတွေ ခန့်ညားထည်ဝါစွာ ရှေ့တက်လာတဲ့ မြင်ကွင်းဟာ ကျွန်တော်တို့စစ်တပ်ရဲ့ မွေးရာပါ ရဲစွမ်းသတ္တိနဲ့ဇွဲနပဲကို ဖော်ပြနေတာပဲလို့ ပြောခဲ့တယ်” ဆိုပြီး သတင်းဌာနက ဖော်ပြပါတယ်။
“တင့်ကားထုတ်လုပ်ရေးလုပ်ငန်း ခေတ်မီလာဖို့အတွက် ကျွန်တော်တို့ အောင်မြင်မှုတွေနဲ့ တိုးတက်မှုတွေ အများကြီး ရခဲ့ပြီ” လို့ ကင်ဂျုံအွန်းက ပြောကြားခဲ့ကြောင်းKCNA က ကိုးကားဖော်ပြပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ မကြာသေးခင်က ဒုံးကျည်စမ်းသပ်မှုတွေနဲ့ တောင်ကိုရီးယား-အမေရိကန်တို့ရဲ့ နွေဦးရာသီ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးသွားပြီးနောက်ပိုင်း ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Ref – AFP