ဟော်မုဇ်ရေလက်ကြားကို ဖြတ်မောင်းလာတဲ့ ဘယ်သင်္ဘောကိုမဆို တိုက်ခိုက်မယ်လို့ အီရန်သတိပေး

တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၊ စစ်သေနာပတိချုပ်ရဲ့ အဆင့်မြင့်အကြံပေးဖြစ်သူ အီဘရာဟင် ဂျာဘာရီ က “ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပါပြီ။ ဘယ်သူမဆို ဖြတ်သန်းဖို့ ကြိုးစားမယ်ဆိုရင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ သူရဲကောင်းတွေနဲ့ ရေတပ်က အဲဒီသင်္ဘောတွေကို မီးလောင်တိုက်သွင်းသွားမှာပါ” ဟု နိုင်ငံတော်ပိုင်မီဒီယာတွေကနေ တဆင့် ပြောခဲ့ပါတယ်။

၃ ၊ မတ်လ

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်လိုက်ပြီဖြစ်ကြောင်းနဲ့ ဖြတ်သန်းဖို့ ကြိုးစားတဲ့ ဘယ်သင်္ဘောကိုမဆို အီရန်က ပစ်ခတ်သွားမယ်လို့ မတ်လ ၂ရက်နေ့က ပြောခဲ့ကြောင်း အီရန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒါဟာ စနေနေ့ကတည်းက အဆိုပါပို့ကုန်လမ်းကြောင်းကို ပိတ်လိုက်ပြီလို့ သင်္ဘောတွေကို အသိပေးခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံရဲ့ အပြတ်သားဆုံး သတိပေးချက်ဖြစ်ပါတယ်။

အခုလုပ်ရပ်ဟာ ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ငါးပုံတစ်ပုံခန့်ကို ရပ်တန့်စေပြီး ရေနံစိမ်းစျေးနှုန်းတွကို သိသိသာသာ မြင့်တက်လာစေနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။

တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၊ စစ်သေနာပတိချုပ်ရဲ့ အဆင့်မြင့်အကြံပေးဖြစ်သူ အီဘရာဟင် ဂျာဘာရီ က “ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပါပြီ။ ဘယ်သူမဆို ဖြတ်သန်းဖို့ ကြိုးစားမယ်ဆိုရင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ သူရဲကောင်းတွေနဲ့ ရေတပ်က အဲဒီသင်္ဘောတွေကို မီးလောင်တိုက်သွင်းသွားမှာပါ” ဟု နိုင်ငံတော်ပိုင်မီဒီယာတွေကနေ တဆင့် ပြောခဲ့ပါတယ်။

အဆိုပါရေလက်ကြားဟာ ဆော်ဒီအာရေဗျ၊ အီရန်၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) စတဲ့ ပင်လယ်ကွေ့ရဲ့ အကြီးဆုံးရေနံထုတ်လုပ်တဲ့ နိုင်ငံတွေကို အိုမန်ပင်လယ်ကွေ့၊ အာရပ်ပင်လယ်တို့နဲ့ ဆက်သွယ်ပေးထားတဲ့ ကမ္ဘာ့အရေးအပါဆုံး ရေနံတင်ပို့ရာလမ်းကြောင်းဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် ဘာသာရေး ခေါင်းဆောင် အလီ ခါမေနီ သေဆုံးပြီး ၃ ရက်အကြာ ပင်လယ်ကွေ့ တစ်လျှောက်မှာ ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ် စေခဲ့ပါတယ်။

ဒါကို တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ အမေရိကန် အခြေစိုက် စခန်းတွေ ရှိတဲ့ ကာတာ၊ ယူအေအီး၊ ဘာရိန်း၊ ကူဝိတ် နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေ ဆီကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

Ref – Reuters

#အီရန် #ဟော်မုဇ်ရေလက်ကြား #ရေနံ #အမေရိကန်
#DeltaNewsAgency #DNA