မြန်မာ့ပထမဆုံး အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး ရုရှားကူညီမယ်

မြန်မာနိုင်ငံဟာ ရုရှားရဲ့ GLONASS ဂြိုဟ်တုလမ်းညွှန်စနစ်အတွက် အချက်အလက်စုဆောင်းရေးစခန်းတခု တည်ဆောက်မှာဖြစ်သလို ကမ္ဘာ့အနီးပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို ခြေရာခံမယ့် သတိပေးစနစ်အတွက် နေရာတခုကိုလည်း ပံ့ပိုးပေးသွားမယ်လို့ Roscosmos က ပြောပါတယ်။

၂၇၊ ဖေဖော်ဝါရီ။ 

 အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာလာတဲ့ လက္ခဏာရပ်အနေနဲ့ မြန်မာ့ပထမဆုံးအာကာသယာဉ်မှူးကို ရွေးချယ်လေ့ကျင့်ပေးဖို့ ကူညီသွားမယ်လို့ ရုရှားအစိုးရက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 အဆိုပါ ကမ်းလှမ်းချက်ကို အခုအပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ ရုရှားအာကာသအေဂျင်စီ (Roscosmos) ရဲ့ အကြီးအကဲ ဒီမီထရီ ဘာကာနော့ဗ်က ပြုလုပ်ခဲ့တာပါ။

 သူဟာ လူလိုက်ပါတဲ့ အာကာသခရီးစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် မြန်မာဘက်က တာဝန်ရှိသူတွေနဲ့သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

 ဒါ့အပြင် ဘာကာနော့ဗ်ဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ Roscosmos က ဆိုပါတယ်။

 မြန်မာနိုင်ငံဟာ ရုရှားရဲ့ GLONASS ဂြိုဟ်တုလမ်းညွှန်စနစ်အတွက် အချက်အလက်စုဆောင်းရေးစခန်းတခု တည်ဆောက်မှာဖြစ်သလို ကမ္ဘာ့အနီးပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို ခြေရာခံမယ့် သတိပေးစနစ်အတွက် နေရာတခုကိုလည်း ပံ့ပိုးပေးသွားမယ်လို့ Roscosmos က ပြောပါတယ်။

 မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ်က မော်စကိုမြို့ကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆွေးနွေးခဲ့ပါသေးတယ်။

 အဲဒီနောက်ပိုင်းမှာ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီကတဆင့် ရုရှားစွမ်းအင်ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံမှာ အခွင့်အလမ်းသစ်တွေ ပွင့်လင်းလာမယ်လို့ ရုရှားက မျှော်လင့်နေတာပါ။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ဖို့အတွက်လည်း ရုရှားကစာချုပ်ချုပ်ဆိုထားပါတယ်။

Ref – straitstimes