ထက်ပိုင်စိုးဟာ တော်လှန်ရေးရဲဘော်တွေ၊ ထောက်ပို့ရဲဘော်တွေ၊ ပြည်သူတွေဆီကနေ ငွေကြေးလိမ်လည်ပြီး ရန်ကုန်မြို့ရှိ ဘား၊ ကလပ်တွေမှာ သိန်းဆယ်ချီ သုံးဖြုန်းနေကာ အလိမ်ပေါ်သွားခဲ့ရင် မိသားစုနဲ့ ခြိမ်းခြောက် အကြပ်ကိုင်တာတွေလည်း လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
၁
၁၁၊ဖေဖော်ဝါရီ။
တော်လှန်ရေးအယောင်ဆောင်ပြီး ထောက်ပို့ရဲဘော်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေး ထောက်ခံသူတွေဆီကနေ ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်သုံးဖြုန်းနေခဲ့တဲ့ ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့မှ ထက်ပိုင်စိုးဆိုသူကို တော်လှန်ရေးရဲဘော်တွေက ဖော်ထုတ်လာကြပါတယ်။
“ကျွန်တော်သိတာ ၂၀၂၃ ကတည်းက သုံးနှစ်ရှိပြီ၊ အဲဒီထက်လည်း စောနိုင်တယ်” လို့ ထက်ပိုင်စိုးရဲ့ ငွေကြေးလိမ် လည်မှုတွေကို ဖော်ထုတ်ခဲ့တဲ့ ဧရာ၀တီတိုင်းစစ်ဌာန၊ အထူးလှုပ်ရှားတပ်မှ တပ်ဖွဲ့မှူး ကိုမျိုးသူရကိုကိုက ပြောပါ တယ်။ ထက်ပိုင်းစိုး အနေနဲ့ သူ့ကိုယ်သူ တော်လှန်ရေးသမားတဦးအဖြစ် ဟန်ဆောင်ပြီး ဆက်သွယ်စကားပြောထားတဲ့ အသံဖိုင်တွေ၊ massenger ကတဆင့် ပို့ထားတဲ့ စာတွေကို အချက်အလက် သက်သေတွေအဖြစ် DNA ကလည်း ရရှိထားပါတယ်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ အောင်တော်မူဘုရားအနီး (နှစ်လုံးချဲ(2D) ရောင်းသူ ဦးစိုးတင့်ရဲ့ သား) ထက်ပိုင်စိုး ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက အဲဒီလိုလိမ်လည်နေခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်းပေါင်း ရာချီထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
သူဟာ အထူးလှုပ်ရှားတပ် – Special Regiment၊ ဗျူဟာ ၂၉ ၊ lion Battalion စစ်ကြောင်း စတဲ့တော်လှန်ရေးတပ် ဖွဲ့တွေကဖြစ်တယ်၊ ထောက်ပို့ရဲဘော်ဖြစ်တယ်၊ တိုက်ပွဲအတွင်း ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတယ် စတဲ့အ ကြောင်းပြချက်မျိုးစုံနဲ့ တော်လှန်ရေးကို အသုံးချကာ ငွေကြေးလိမ်လည်ခဲ့တာလို့ ဆိုပါတယ်။
“ထောက်ပို့ရဲဘော်တွေပါမယ်၊ တော်လှန်ရေးရဲဘော်တွေပါမယ်၊ မြို့ပေါ်က လူတွေလည်း ပါတယ်ဗျ၊ အကုန်လုံးပါ ပဲ”လို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။
လက်ရှိမှာ ကိုမျိုးသူရကိုကို ရထားတဲ့ အထောက်အထား၊ အချက်အလက်တွေအရ ထက်ပိုင်စိုးဟာ လူ ၇၀ ဦးထက် မနည်းဆီကနေ ငွေတွေလိမ်လည်ခဲ့တာဖြစ်ပြီး ငွေကျပ် သောင်းဂဏန်းကနေ သိန်းဆယ်ဂဏန်းထိ လိမ်ခံရသူတွေရှိ တယ်လို့ သိရပါတယ်။
သူဟာ အင်တာနက်ပေါ်ကနေ လိမ်လည်သလို ဖုန်းဆက်ပြီးလည်း လိမ်လည်တယ်လို့ ဆိုပါတယ်။
“mutual friend ထဲပါ တော်လှန်ရေးအသိုင်းအဝိုင်း ကလူမှန်တွေ အများစုရှိနေတဲ့အတွက် အရင်းမြစ်ကိုအသေး စိတ်မစုံစမ်းမိတာ ကျွန်တော့် ပေ့ါလျော့မှုပါ၊ Total – 1180000 (ဆယ့်တသိန်းရှစ်သောင်း)ပါ” လို့ ငွေကျပ် ဆယ် သိန်းကျော် လိမ်လည်ခံခဲ့ရတဲ့ ဒေါနတပ်ရင်းရဲ့ ထောက်ပို့ရဲဘော် ကိုဝေးလ်က ပြောပါတယ်။
ထက်ပိုင်စိုးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ကိုဝေးလ်ဆီကို Facebook ကနေ ဆက်သွယ်ပြီးလိမ်လည်ခဲ့တာလို့ ပြောပါတယ်။
“လူချင်းရင်းနှီး သူရဲဘော်တွေရော online က သိတဲ့ရဲဘော်တွေ တော်တော်များတယ်။ ရဲဘော်အများစုဟာ မုန့်ဖိုး တောင်းလေ့ရှိတာမို့ ဒီမအေလိုးဟာ အဲ့ဒီအပေါ်အခွင့် ကောင်းယူသွားတာပါ။ သူဟာခြေထောက်ဒဏ်ရာကြောင့် နောက်တန်းမှာ ပြန်ပြီးဆေးကုနေရတဲ့ ရဲဘော်တဦးဆိုပြီးအကူအညီတောင်း လာခဲ့တာပါ” လို့ ကိုဝေးလ်က ဆက် ပြောပါတယ်။
ထက်ပိုင်စိုးဟာ တော်လှန်ရေးရဲဘော်တွေ၊ ထောက်ပို့ရဲဘော်တွေ၊ ပြည်သူတွေဆီကနေ ငွေကြေးလိမ်လည်ပြီး ရန်ကုန်မြို့ရှိ ဘား၊ ကလပ်တွေမှာ သိန်းဆယ်ချီ သုံးဖြုန်းနေကာ အလိမ်ပေါ်သွားခဲ့ရင် မိသားစုနဲ့ ခြိမ်းခြောက်တာတွေ လည်း လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
“ဒီဘက်က သိလို့ သူ အလိမ်ပေါ်သွားရင် မိသားစုနဲ့ ခြိမ်းခြောက်တယ်။ အကြပ်ကိုင်တယ်” လို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။
အချို့ရဲဘော်တွေကတော့ လိမ်လည်ဖို့ကြိုးစားမှန်းသိတာကြောင့် အလိမ်မခံခဲ့ကြရပါဘူး။
“သူ ပထမဦးဆုံး ကျွန်တော့်ကို လာလုံးတော့ အလိုက်အထိုက်ပြန်ပြောလိုက်တယ်။ အဲဒီနေ့မှာပဲ သူ စိတ်ညစ်နေ ရတယ်ပေ့ါ၊ ဘာညာဆိုပြီးတော့ တသောင်းခွဲချေးဖို့ ဖုန်းဆက်ပြီးပြောတယ်။ သူ့ရဲဘော်ကျသွားတယ်ပေ့ါနော်၊ သူကယ်လိုက်နိုင်ရဲ့နဲ့ ဘာညာပေါ့၊ ကျွန်တော်ကကျတော့ မြေပြင်မှာ လေးနှစ်လောက် နေခဲ့တဲ့လူဆိုတော့ သိတယ်ဗျ၊ သူအသုံးအနှုန်းတွေ သူပြောလိုက်တဲ့ဟာတွေက မြေပြင်ကလူတွေ ပြောတဲ့အသုံးအနှုန်းတွေနဲ့ လွှဲနေတော့ တန်းသိတယ်။ တန်းသိတော့ သူကိုးကားပြီးပြောနေတဲ့ အဖွဲ့အစည်းတွေ၊ တိုက်ပွဲတွေဆိုတာ ကျွန်တော်နေခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ကျွန်တော်ရှိခဲ့တဲ့ တိုက်ပွဲတွေဆိုတော့ သူလူလိမ်မှန်း ချက်ချင်းပဲ ကျွန်တော် confirm လုပ်နိုင်တယ်၊ ကျွန်တော် ရဲဘော်တွေကို သွားမေးတဲ့အချိန်မှာ ဒီမှာမရှိဘူး၊ လူလိမ်ဆိုတာ သက်သေတန်းသိရ တယ်။ ကျွန်တော်လည်း ဖုန်းဆက်ပြီးတော့ လှမ်းဆဲပြီးတော့ ဘလော့လိုက်တယ်” လို့ ထက်ပိုင်းစိုးက လိမ်လည် ဖို့ကြိုးစားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်ဟောင်းတဦးက ပြောပါတယ်။
တော်လှန်ရေးအစောပိုင်း ကာလတွေမှာလည်း အဲဒီလို တော်လှန်ရေးအကြောင်းပြ၊ ငွေလိမ်လူတွေ များစွာရှိခဲ့ပြီး အဲဒီလိုလိမ်လည်သူတွေကို သတိထားကြဖို့လိုတယ်လို့ တော်လှန်ရေးမှာ ပါဝင်နေသူတွေက ပြောဆိုကြပါတယ်။
“စကားပြောကြည့်ရုံ၊ အယုံသွင်းပြီးတော့ လိမ်တာမျိုးမဟုတ်ဘဲ မိသားစုနဲ့ ပက်သက်တဲ့အချက်အလက်တွေ စုံစမ်း ပြီးတော့ အကြပ်ကိုင်ဖို့ရည်ရွယ်တဲ့ backup ပလန်တွေပါ ထားပြီးလိမ်တာပေ့ါနော်။ ပိုပြီး စိုးရိမ်စရာကောင်းတာ က စကစရဲ့ လက်ကိုင်တုတ်တောင် ဖြစ်ချင်ဖြစ်နေနိုင်တယ်။ သတိထားဖို့လိုတယ်” လို့ အထက်ပါ ရဲဘော်ဟောင်း က ပြောပါတယ်။
ငွေကြေး သိန်းပေါင်းများစွာ လိမ်လည်ခဲ့တဲ့ ထက်ပိုင်စိုးဆိုသူဟာ နိုင်ငံခြား သင်္ဘောလိုင်းတခုမှာ သင်္ဘောလိုက်နေခဲ့ပြီး မလေးရှားနိုင်ငံမှာ ဖမ်းဆီးခဲ့ရကာ မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ရသူဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ သူဟာ ငွေကြေးကျပ်သိန်းပေါင်းများစွာ လိမ်လည်ရာမှာ အသုံးပြုခဲ့တဲ့ Facebook အကောင့်ကို ယာယီပိတ်(Deactivate)ထားလိုက်ပြီဖြစ်ပြီး ရန်ကုန်မြို့မှာ ရှိနေတယ်လို့ သိရပါတယ်။