
ဗာဂျီးနီးယားကနေ မြို့တော်ထဲကို စတင်ခြေချတဲ့ ဒီနေ့ဟာ ငြိမ်းချမ်းရေးခရီးစဉ်အတွက်တော့ အလွန်မြင့်မြတ်တဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။
၁၀၊ ဖေဖော်ဝါရီ။
မိုင်ပေါင်း ၂,၃၀၀ ကျော် ကြာမြင့်တဲ့ ငြိမ်းချမ်းရေးခြေကျင်ခရီးရှည်အဖွဲ့ဟာဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ ခရီးစဉ်ရဲ့ ၁၀၈ ရက်မြောက်နေ့အဖြစ်အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော် ဝါရှင်တန်ဒီစီကို အောင်အောင်မြင်မြင်ချဉ်းနင်းဝင်ရောက်လာပါပြီ။
ဗာဂျီးနီးယားကနေ မြို့တော်ထဲကို စတင်ခြေချတဲ့ ဒီနေ့ဟာ ငြိမ်းချမ်းရေးခရီးစဉ်အတွက်တော့ အလွန်မြင့်မြတ်တဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာလည်း အရှိန်အဟုန်ပြင်းနေပြီးသူတို့ရဲ့ Facebook စာမျက်နှာမှာ ဝန်းရံအားပေးသူ ဖော်လိုဝါ ၂.၇ သန်းအထိရှိလာခဲ့ပါတယ်။ ခရီးစဉ်တလျှောက်လုံးကိုလည်း Live Map နဲ့ အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတာမို့ ကမ္ဘာတဝန်းက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
ခရီးစဉ်ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဝါရှင်တန်ဒီစီကို ရောက်ရှိလာတာနဲ့အမျှဖေဖော်ဝါရီ ၁၀ နဲ့ ၁၁ ရက်တွေမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးစုဆုံပွဲတွေမှာပါဝင်ကြဖို့ ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံက ဆရာတော်၊ သံဃာတော်တွေနဲ့သီလရှင်တွေကိုလည်း အဖွဲ့ဘက်က လေးလေးစားစား ဖိတ်ကြားထားပါတယ်။

သံဃာတော်တွေ အတူတကွ လမ်းလျှောက် ကြွရောက်မယ့် အစီအစဉ်အတွက်စနစ်တကျ ပြင်ဆင်နိုင်အောင် စာရင်းပေးသွင်းဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ဒီနေ့မှာတော့ ခရီးသွားအဖွဲ့ဟာ American University ရဲ့ Bender Arena မှာလူထုနဲ့ တွေ့ဆုံတာ၊ Washington National Cathedral မှာ ဘာသာပေါင်းစုံအခမ်းအနား ပြုလုပ်တာနဲ့ သံရုံးတွေအခြေစိုက်ရာ Embassy Row လမ်းမပေါ်မှာ စည်းလုံးညီညွတ်မှု လမ်းလျှောက်ခြင်း (Unity Walk) အစီအစဉ်တွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

American University မှာ ကျင်းပမယ့် အစီအစဉ်မှာတော့ အများပြည်သူ ဝင်ရောက်ခွင့် ကန့်သတ်ထားပေမဲ့ လမ်းဘေးတဖက်တချက်မှာတော့သံဃာတော်တွေကို လာရောက်ကြိုဆို နှုတ်ဆက်နိုင်တယ်လို့ သိရပါတယ်။
ဒီငြိမ်းချမ်းရေးခရီးစဉ်ကြီးဟာ မနက်ဖြန် ဖေဖော်ဝါရီ ၁၁ ရက်မှာတော့Capitol Hill ကနေတဆင့် လင်ကွန်းအောက်မေ့ဖွယ် ဗိမာန်ဆီကို ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။
မနက်ဖြန် မွန်းလွဲပိုင်းမှာတော့ Lincoln Memorial ရှေ့မှာပဲ ခရီးစဉ်အပြီးသတ် အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပပြီး ဒီခရီးရှည်ကြီးကိုနိဂုံးချုပ်သွားဖို့ ရှိနေပါတယ်။
အဖွဲ့ဘက်ကတော့ “ဒီခရီးစဉ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ နှလုံးသားဆီ ရောက်ရှိလာတာဖြစ်လို့ အလွန်မြင့်မြတ်တဲ့ နေ့တနေ့ပါပဲ” လို့ ထုတ်ပြန်ထားပြီး ဝန်းရံပေးကြတဲ့ လူထုအပေါင်းကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားထားပါတယ်။
Photo – Walk for Peace