
“ဒီရွေးကောက်ပွဲဟာ ကြီးမားတဲ့ မူဝါဒအပြောင်းအလဲတွေနဲ့ ဆက်စပ်နေပါတယ်။အထူးသဖြင့် စီးပွားရေးနဲ့ ဘဏ္ဍာရေး မူဝါဒပိုင်းမှာ အကြီးအကျယ် ပြောင်းလဲတာမျိုးနဲ့ လုံခြုံရေးမူဝါဒကို အားကောင်းအောင် လုပ်တာတွေ ပါဝင်ပါတယ်” လို့ ရလဒ်တွေထွက်ပေါ်လာချိန်မှာ တာကာအိချိက ရုပ်သံအင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
၉၊ ဖေဖော်ဝါရီ။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သမိုင်းဝင် အောင်ပွဲကို ရရှိခဲ့ပါတယ်။
ဒါဟာ ဘဏ္ဍာရေးစျေးကွက်ကို တုန်လှုပ်စေခဲ့တဲ့ အခွန်လျှော့ပေါ့ပေးမယ့်ကတိကဝတ်တွေနဲ့ တရုတ်ကို တုံ့ပြန်ဖို့ ရည်ရွယ်တဲ့ စစ်ရေးအသုံးစရိတ် တိုးမြှင့်မှုတွေအတွက် လမ်းပွင့်သွားစေခဲ့တာပါ။
ဗြိတိန်ရဲ့ သံမဏိအမျိုးသမီး မာဂရက် သက်ချာကို အားကျသူလို့ ကိုယ့်ကိုယ်ကိုယ်ပြောလေ့ရှိတဲ့ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင်၊ ရှေးရိုးစွဲဝါဒီ တာကာအိချိဟာ အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာထဲမှာ သူ့ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အတွက် ၃၁၆ နေရာအထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါဟာ ပါတီရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ရလဒ်ပါပဲ။
ညွန့်ပေါင်းမဟာမိတ်ဖြစ်တဲ့ Ishin လို့ လူသိများတဲ့ Japan Innovation Party နဲ့ ပေါင်းလိုက်ရင် တာကာအိချိဟာ အမတ်နေရာ ၃၅၂ နေရာအထိ ထိန်းချုပ်နိုင်သွားပြီးလွှတ်တော်ရဲ့ သုံးပုံနှစ်ပုံကို ရရှိသွားတာပါ။
“ဒီရွေးကောက်ပွဲဟာ ကြီးမားတဲ့ မူဝါဒအပြောင်းအလဲတွေနဲ့ ဆက်စပ်နေပါတယ်။အထူးသဖြင့် စီးပွားရေးနဲ့ ဘဏ္ဍာရေး မူဝါဒပိုင်းမှာ အကြီးအကျယ် ပြောင်းလဲတာမျိုးနဲ့ လုံခြုံရေးမူဝါဒကို အားကောင်းအောင် လုပ်တာတွေ ပါဝင်ပါတယ်” လို့ ရလဒ်တွေထွက်ပေါ်လာချိန်မှာ တာကာအိချိက ရုပ်သံအင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
“ဒီမူဝါဒတွေဟာ ကန့်ကွက်မှုတွေ အများကြီး ကြုံခဲ့ရတဲ့ မူဝါဒတွေပါ။ အခုလို ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီဆိုရင်တော့ ကျွန်မတို့ ဒီကိစ္စတွေကို အစွမ်းကုန် ကြိုးစားပြီး ဖြေရှင်းသွားရမှာပါ” လို့ သူက ဆိုပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တာကာအိချိရဲ့ အောင်ပွဲအတွက် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ “ရှေးရိုးစွဲဝါဒီဖြစ်တဲ့ အင်အားဖြင့် ငြိမ်းချမ်းရေးယူခြင်းအစီအစဉ်တွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ပါစေ” လို့ ဆိုရှယ်မီဒီယာမှာရေးသားပြီး ဆုတောင်းပေးခဲ့ပါတယ်။
“ရွေးကောက်ပွဲ ခေါ်ယူဖို့ ဆာနာအဲရဲ့ ရဲရင့်ပြီး ပညာရှိတဲ့ ဆုံးဖြတ်ချက်ဟာအကြီးအကျယ် အောင်မြင်သွားခဲ့တာပါ” လို့ဆိုပြီး လာမယ့်လမှာ တာကာအိချိကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံမယ့် ထရမ့်က ပြောပါတယ်။
အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ တာကာအိချိဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက LDP ပါတီရဲ့ခေါင်းဆောင် ဖြစ်လာကတည်းက သူ့အပေါ် လူထုထောက်ခံမှု မြင့်တက်နေတာကိုအသုံးချဖို့အတွက် အခုလို ဆောင်းရာသီ ရုတ်တရက် ရွေးကောက်ပွဲကို ခေါ်ယူခဲ့တာပါ။
မဲဆန္ဒရှင်တွေဟာ သူ့ရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တာနဲ့ အလုပ်ကြိုးစားတဲ့ ပုံရိပ်ကို သဘောကျကြပါတယ်။
ဒါပေမဲ့ သူ့ရဲ့ အမျိုးသားရေးဝါဒ စောင်းပေးမှုနဲ့ လုံခြုံရေးကို အလေးထားမှုတွေကြောင့် အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာနေသလို၊ အခွန်လျှော့ပေးမယ်ဆိုတဲ့ ကတိတွေကြောင့်လည်း ဘဏ္ဍာရေးစျေးကွက်မှာ လှုပ်ခတ်မှုတွေရှိနေပါတယ်။
မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကို ဖြေရှင်းဖို့ စားသောက်ကုန်တွေအပေါ်ကောက်ခံတဲ့ ရှစ်ရာခိုင်နှုန်း အရောင်းအခွန်ကို ရပ်ဆိုင်းပေးမယ်ဆိုတဲ့ တာကာအိချိရဲ့ကတိကဝတ်ကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါတယ်။
ဂျပန်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ အကြွေးဝန်အပိဆုံးနိုင်ငံ ဖြစ်နေတာကြောင့် ဒီအစီအစဉ်အတွက် ဘဏ္ဍာငွေ ဘယ်ကရမလဲဆိုတာ သူတို့ စိုးရိမ်နေကြတာပါ။
“စားသုံးမှုအခွန် လျှော့ချမယ့် သူ့ရဲ့ အစီအစဉ်တွေဟာ ဘဏ္ဍာငွေ ဘယ်ကရမလဲဆိုတာနဲ့ ကိန်းဂဏန်းတွေ ကိုက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်နေစေပါတယ်” လို့ လန်ဒန်အခြေစိုက် Daiwa Capital Markets Europe ရဲ့ သုတေသနအကြီးအကဲ ခရစ် စကီလူနာက ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးအဖွဲ့ချုပ် Keidanren ရဲ့ အကြီးအကဲ ယိုရှီနိုဘူ ဆူဆူအီကတော့ တာကာအိချိရဲ့ အောင်ပွဲဟာ နိုင်ငံရေး တည်ငြိမ်မှုကို ပြန်လည်ရရှိစေတယ်လို့ ကြိုဆိုခဲ့ပါတယ်။
“ဂျပန်ရဲ့ စီးပွားရေးဟာ အခုဆိုရင် ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ တိုးတက်မှုရဖို့အတွက် အလွန်အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ” လို့ သူက ဆိုပါတယ်။
Ref – Reuters