ထိုင်းနိုင်ငံမှာ လျှပ်စစ်ဝါယာကြိုးတွေခိုးယူလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားက PDF ထဲမှ ထွက်ပြေးလာ တဲ့သူ ဖြစ်တယ်ဆိုတဲ့ သတင်းမှား

ထိုင်းနိုင်ငံမှာ လျှပ်စစ်ဝါယာကြိုးတွေခိုးယူလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားက PDF ထဲမှ ထွက်ပြေးလာ တဲ့သူ ဖြစ်တယ်ဆိုတဲ့ သတင်းမှား

 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၆  ရက်

(Fact Check/ DNA/ The Red Flag)

 

☑️ အနှစ်ချုပ်

PDF ထဲက ထွက်ပြေးတဲ့ PDF အဖွဲဝင်တစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ ထိုင်းပြည်သူတွေရဲ့လျှပ်စစ်ဝါယာ ကြိုးတွေကို ဖြတ်တောက်ခိုးယူနေလို့ ထိုင်းရဲတပ်ဖွဲ့က ခိုးရာပါပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး ဓါတ်ပုံ ၁ ပုံနဲ့အတူ ရေးသားထားတဲ့အကြောင်းအရာဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာကို တွေ့ရှိ ခဲ့ရပါတယ်။

 

☑️ ဖြန့်ဝေတဲ့အကြောင်းအရာ

စစ်ကော်မရှင်တပ်လော်ဘီဖြစ်တဲ့ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ “PDF ထဲက ထွက်ပြေးတဲ့ PDF အဖွဲဝင်တစ်ယောက်ဟာ ထိုင်းပြည်သူတစ်ဦးရဲ့ ဝိုင်ယာကြိုးတွေခိုးလို ထိုင်းရဲကဖမ်း ထိုင်းနိုင်ငံ ဘန်ကောက် ဆွန်လုံနယ်မြေ ဟွေ့မာက်ရပ်ကွက်ထဲမှာ လျှပ်စစ်ဝိုင်ယာကြိုးတွေကို ဖြတ်တောက်ခိုးယူပြီးနေတဲ့ PDF ပြေး အသက် ၂၉ နှစ်ရွယ် မြတ်သူဆိုသူအား ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲထုတ်ပြန်..”လို့ဆိုပြီး ဓါတ်ပုံ ၁ ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့တာကိုတွေ့ရပါတယ်။

 

ဒီအကြောင်းအရာကို ဖေဖော်ဝါရီ ၆ ရက်အထိ ဝင်ရောက်ကြည့်ရှုသူ  ၂၃,၂၄၃  ဦး၊ React ပေးသူ ၅၇၁ ဦး၊  မျှဝေသူ ၁၂ ဦးရှိတာကို တွေ့ရပါတယ်။

မှိုင်းဝေ – https://archive.ph/1GhDf  

 

အဲဒီသတင်းကိုပဲ စစ်ကော်မရှင်လော်ဘီတွေဖြစ်တဲ့ နောင်ရိုးဟစ်တိုင်၊ သံတော်ဆင့်၊ ကိုနှင်းမောင်၊ DI Thameedaw, တို့က ထပ်ဆင့်မျှဝေရေးသားဖြန့်ဝေခဲ့တာအပြင် Ko Myo Facebook account ကပါ ရေးသားဖြန့်ဝေခဲ့ပါတယ်။

နောင်ရိုးဟစ်တိုင်- https://archive.ph/Lo8Q2 

D.I Thameedaw- https://t.me/Soilderbrother47/46184 

သံတော်ဆင့်- https://t.me/attcechtn14/44092 

ကိုနှင်းမောင် – https://t.me/kohninmg777/37820 

မှိုင်းဝေ – https://t.me/hminewai/92023 

Ko Myo Fb- https://archive.ph/HMp0M 

 

ဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ ‌လျှပ်စစ်ကြိုးတွေနဲ့ အဲကွန်းပိုက်တွေကို ဖြတ်တောက်ခိုးယူနေတဲ့ ဘန်ကောက်မြို့၊ ဟွာမတ် (Hua Mak)နယ်မြေမှာနေတဲ့ မြန်မာနိုင်ငံသား မြတ်သူကို သက်သေခံပစ္စည်းတွေနဲ့ ဖမ်းဆီးရမိတာသာ ဖြစ် ပြီး PDF ထဲက ထွက်ပြေးတဲ့ PDF အဖွဲ့ဝင်တစ်ယောက်ဆိုတဲ့ အကြောင်းအရာဟာ မမှန်ကန်ပဲ ပုံဖျက် ရေးသားထားတဲ့သတင်းမှားဖြစ်တယ်ဆိုတာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

ဘန်ကောက်မြို့၊ ဟွာမတ်(Hua Mak)နယ်မြေနေ ထိုင်းအမျိုးသမီးတဦးရဲ့နေအိမ်က မြေအောက်လျှပ်စစ်မီး ကြိုးတွေ ဖြတ်တောက်ခိုးယူခံရတဲ့အပြင် အိမ်မှန်ကို ရိုက်ခွဲပြီး ပစ္စည်းများကိုပါ ခိုးယူသွားလို့ ရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် စုံစမ်းခဲ့ရာ CCTV မှတ်တမ်းအရ ဖေဖော်ဝါရီလ ၂ ရက်ညပိုင်းမှာ  လမ်းသွယ်(၉)ရှိ အဆောင်တခုနေ (၂၉)နှစ်အရွယ် မြန်မာနိုင်ငံသားမြတ်သူ ကို ခိုးယူမှုမှာ အသုံးပြုတဲ့ ကတ်ကြေးနဲ့ ပလာယာ တွေသာမက၊ ခိုးယူထားတဲ့ ကြေးနီကြိုးများ၊ လျှပ်စစ်ကြိုးအထုပ်များ၊ ခိုးထားတဲ့ ရေကူးဝတ်စုံများ၊ ခေါင်းအုံးများနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

 

မြတ်သူရဲ့ ဝန်ခံချက်အရ ၎င်းဟာ လူမနေတဲ့ အဆောက်အဦတွေနဲ့ နေအိမ်တွေက အဲကွန်းကြေးနီပိုက်တွေနဲ့  လျှပ်စစ်ကြိုးတွေကို လိုက်လံဖြတ်တောက်ခဲ့ပြီး ရာမ(၉)လမ်းက အဟောင်းဆိုင်တွေမှာ ရောင်းချမှုကို ၅ ကြိမ်ကျော်ပြုလုပ်ခဲ့တယ်လို့ ဝန်ခံတဲ့အတွက် အမှုဖွင့်အရေးယူလျက်ရှိတယ်လို့ DVB, Beacon Myanmar တို့က‌‌နေ ရေးသားထားတာကို တွေ့ရှိရပါတယ်။ 

DVB- https://shorturl.at/0cbJc 

Beacon Myanmar- https://shorturl.at/g2ohi 

 

ဒါအပြင်မှာ “ညဘက်တွင် လျှပ်စစ်ဝါယာကြိုးတွေနဲ့ အဲယားကွန်းကွိုင်တွေကို ၅ ကြိမ်ထက်မနဲခိုးယူ ရောင်း ချခဲ့တဲ့ မြန်မာနိုင်ငံသား မြတ်သူကို သက်သေခံပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိလို့  အမှုဖွင့်အရေးယူလျက်ရှိ တယ်”လို့ ထိုင်းသတင်းဌာနတွေဖြစ်တဲ့ SaimrathOnline, Khaosod News, Thai Police တို့ကရေးသား ထားတာကိုတွေ့ရှိရပါတယ်။

SaimrathOnline-   https://archive.ph/gAZGQ 

Khaosod News – https://archive.ph/W1Qwp 

Thai Police- https://shorturl.at/iFhPx 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်မှာ “စက္ကန့်ပိုင်းအတွင်းမှာပဲ! နိုင်ငံခြားသူခိုးတစ်ယောက်ဟာ ဓာတ်အား ကြိုးတွေကို ခိုးယူပြီး ဖြတ်တောက်နေတာကို Hua Mak မှာ ဖမ်းဆီးမိခဲ့ပါတယ်”ဆိုပြီး ခိုးယူနေတဲ့ CCTV ရုပ်သံနဲ့အတူ Thai Police က ရေးသားထားတာကိုတွေ့ရပါတယ်။ 

Thai Police https://shorturl.at/tl4KZ 

☑️သုံးသပ်ချက် 

ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းသတင်းဌာနများနဲ့ မြန်မာသတင်းဌာနများရဲ့ ရေးသားချက်များအရ မြန်မာနိုင်ငံသား မြတ်သူဆိုသူဟာ ဘန်ကောက်မြို့မှာ အဲကွန်းကြေးနီပိုက်တွေနဲ့  လျှပ်စစ်ကြိုးတွေကို လိုက်လံဖြတ်တောက် ခဲ့ပြီး ခိုးယူရောင်းစားခဲ့တာမှန်ပေမဲ့ သူဟာ PDF ဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထားမပါဝင်ပါဘူး။ ဒါ့အပြင်  PDF ပြေးဖြစ်ကြောင်း တစ်စုံတရာရေးသားထားခြင်းမရှိတာကို တွေ့ရပါတယ်။

 

ဒါကြောင့် မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ PDF တပ်ဖွဲ့ဝင်ဟောင်းက ကျူးလွန်သလိုမျိုးပုံဖျက်သတင်းမှား ဖြန့်ဝေထားတာဖြစ်ပါတယ်။ 

 

အလားတူပဲ KNU/PDF တဦးကို ထိုင်းနိုင်ငံမှာ လက်နက်နဲ့တကွ ဖမ်းဆီးရမိတယ်လို့ သတင်းအမှား ဖြန့်ဝေ ခဲ့တာကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ KIC က စစ်ဆေးခဲ့တာကိုလည်း ဖတ်ရှု နိုင်ပါတယ်။

MFCN – https://shorturl.at/30l39 

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork