
သူ ရင်ဆိုင်နေရတဲ့ အမှုတွေထဲမှာ မုဒိမ်းမှု၊ အရင်လက်တွဲဖော်ဟောင်းတဦးအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ တခြားတဦးအပေါ်ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ဆေးခြောက် ၃.၅ ကီလိုဂရမ် သယ်ဆောင်မှု၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုနဲ့ ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေ ပါဝင်နေပါတယ်။
၃၊ ဖေဖော်ဝါရီ။
မုဒိမ်းမှု အပါအဝင် အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်ရဖို့ ရှိနေတဲ့ နော်ဝေး အိမ်ရှေ့မင်းသမီးရဲ့ အကြီးဆုံးသားဟာ အခုတော့နောက်ထပ် ရာဇဝတ်မှု စွပ်စွဲချက်အသစ်တွေနဲ့ ထပ်ပြီး အဖမ်းခံလိုက်ရပြန်ပါတယ်။
အိမ်ရှေ့မင်းသမီး Mette-Marit ရဲ့ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် Hoiby ကို ကိုယ်ထိလက်ရောက် နာကျင်စေမှု၊ ဓားကိုင်ဆောင်မှုနဲ့ တရားရုံးရဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်မှု သံသယတွေနဲ့ တနင်္ဂနွေနေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေကြောင့် Hoiby ကို နောက်ထပ် လေးပတ်ကြာ ဆက်ပြီး ထိန်းသိမ်းထားခွင့်ပေးဖို့တရားသူကြီးဆီ ခွင့်တောင်းသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အိမ်ရှေ့မင်းသား Haakon ရဲ့ သားအလတ် (အိမ်ရှေ့မင်းသမီးရဲ့ သားဦး) ဖြစ်တဲ့ Hoiby ဟာ မုဒိမ်းမှု လေးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု အပါအဝင် တခြားသော ပြစ်မှုတွေနဲ့ တရားရင်ဆိုင်ဖို့ စောင့်နေစဉ်အတွင်းမှာ အပြင်မှာ လွတ်လပ်စွာ နေထိုင်ခွင့် ရထားခဲ့တာပါ။
အခု အသစ်ပေါ်လာတဲ့ စွပ်စွဲချက်တွေဟာ သူ ရင်ဆိုင်နေရပြီးသား အမှုပေါင်း ၃၈ မှုအပြင် နောက်ထပ် တိုးလာမယ့် အမှုတွေဖြစ်လာနိုင်ပါတယ်။
သူ ရင်ဆိုင်နေရတဲ့ အမှုတွေထဲမှာ မုဒိမ်းမှု၊ အရင်လက်တွဲဖော်ဟောင်းတဦးအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ တခြားတဦးအပေါ်ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ဆေးခြောက် ၃.၅ ကီလိုဂရမ် သယ်ဆောင်မှု၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုနဲ့ ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေ ပါဝင်နေပါတယ်။
သူဟာ ဒီကနေ့မှာပဲ အော်စလို တရားရုံးမှာ အဲဒီ အမှုတွေအတွက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ရှေ့နေကတော့ အခု အသစ်ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
Hoiby ဟာ မုဒိမ်းမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု စွပ်စွဲချက်တွေမှာတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပေမဲ့ သိပ်မပြင်းထန်တဲ့တခြားပြစ်မှု အချို့ကိုတော့ ဝန်ခံထားပြီး တရားရုံးမှာ အသေးစိတ် ရှင်းပြဖို့ အစီအစဉ် ရှိတယ်လို့ သူ့ရှေ့နေက အရင်က ပြောဖူးပါတယ်။
သူ့ရဲ့ အမှုစစ်ဆေးမှုတွေဟာ လာမယ့် မတ်လ ၁၉ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ Hoiby ဟာ ၂၀၂၄ ခုနှစ်ကတည်းကစောင့်ကြည့်ခံနေရတာ ဖြစ်ပြီး အဲဒီတုန်းက သူနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရဲတပ်ဖွဲ့က သူ့ကို တရားစွဲဆိုခဲ့တာပါ။
အဲဒီတုန်းက သတင်းမီဒီယာတွေကို ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ Hoiby က သူဟာ ကိုကင်းနဲ့ အရက် သောက်စားမူးယစ်နေစဉ်မှာ အဲဒီအမျိုးသမီးကို နာကျင်အောင် လုပ်ခဲ့မိတာ၊ အခန်းကို ဖျက်ဆီးခဲ့မိတာတွေကို ဝန်ခံခဲ့ပြီး လုပ်ရပ်အတွက် နောင်တရတယ်လို့ ပြောခဲ့ပါတယ်။
Hoiby ဟာ အိမ်ရှေ့မင်းသမီး Mette-Marit နဲ့ အရင်လက်တွဲဖော်တို့က ရခဲ့တဲ့ သားဖြစ်ပြီး နော်ဝေး ထီးနန်းကို ဆက်ခံမယ့်အိမ်ရှေ့မင်းသား Haakon ရဲ့ သားအလတ် (သားအရင်းမဟုတ်) လည်း ဖြစ်ပါတယ်။
သူဟာ နော်ဝေး ထီးနန်းဆက်ခံခွင့် အစီအစဉ်မှာ ပါဝင်သူ မဟုတ်သလို တော်ဝင်ဘွဲ့ထူး အမည်နာမ တခုမှလည်း ရရှိထားသူမဟုတ်ပါဘူး။
ပြီးခဲ့တဲ့ အပတ်ကတော့ အိမ်ရှေ့မင်းသားက ဒီအမှုစစ်ဆေးနေတဲ့ ကာလအတွင်းမှာ တော်ဝင်မိသားစုအနေနဲ့ ဘာမှတ်ချက်မှပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
အမေရိကန်မှာ နောက်ဆုံးထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေအရ Hoiby ရဲ့ မိခင်ဖြစ်သူ အိမ်ရှေ့မင်းသမီးဟာ Jeffrey Epstein နဲ့ အဆက်အသွယ်ရှိခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စောင့်ကြည့်ဝေဖန်မှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။
Ref – News.Sky