
၃၀၊ဇန်နဝါရီလ
နည်းပညာတွေ တနေ့ထက်တနေ့ အံ့မခန်း တိုးတက်ပြောင်းလဲလာတာနဲ့အမျှ နေ့စဉ် မြင်တွေ့နေရတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ “အစစ်အမှန်” ဟုတ်၊ မဟုတ် ခွဲခြားဖို့ ခက်ခဲလာပါပြီ။ အရင်တုန်းက “မြင်မှယုံမယ်” လို့ ဆိုခဲ့ကြပေမယ့်၊ AI (Artificial Intelligence) နည်းပညာတွေ တွင်ကျယ်လာတဲ့ ဒီဘက်ခေတ်မှာတော့ မြင်ရတိုင်းလည်း ယုံကြည်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သတင်းတု၊ သတင်းမှားတွေကြားမှာ ကိုယ်မြင်နေရတဲ့အရာက ယုံကြည်ရရဲ့လားဆိုတာကို စမ်းသပ်ကြည့်ကြရအောင်ပါ။

ဒီနေ့ခေတ်မှာ AI နည်းပညာဟာ စာရေးသားခြင်း၊ ပုံဖော်ခြင်းသာမက အသံနဲ့ ရုပ်သံဗီဒီယိုတွေကိုပါ ဖန်တီးလာနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သတင်းမှားတွေ၊ လိမ်လည်လှည့်ဖြားမှုတွေရဲ့ သားကောင် မဖြစ်ရလေအောင် မျက်လုံးတွေ၊ အတွေးအခေါ်တွေက AI ထက် ပိုပြီး လျင်မြန်ထက်မြက်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင်ဟာ AI ဖန်တီးမှုတွေနဲ့ လက်တွေ့ကမ္ဘာက ပုံရိပ်စစ်တွေကို ဘယ်လောက်ထိ သတိထား ခွဲခြားနိုင်မလဲဆိုတာ ကိုယ်တိုင်ဆန်းစစ်ကြည့်နိုင်ပါတယ်။
(Caption 2) ဒီအစီအစဉ်လေးမှာ ဓာတ်ပုံနဲ့ ဗီဒီယို စုစုပေါင်း (၃) ခုကို ပြသပေးသွားမှာ ဖြစ်ပါတယ်။ ပုံတစ်ပုံချင်းစီတိုင်းမှာ သင် စဉ်းစားဆုံးဖြတ်ဖို့ အချိန် (၅) စက္ကန့် ရရှိမှာပါ။ သင့်ရဲ့ မျက်စိအမြင်အာရုံနဲ့ ဆင်ခြင်တုံတရားကို စမ်းသပ်ဖို့ အားလုံးပဲ အဆင်သင့်ဖြစ်ပြီဆိုရင် ပထမဆုံး ပုံလေးကနေ စလိုက်ကြရအောင်ပါ။

(Caption 3) AI လား ပုံအစစ်လား ဒီပုံနှစ်ပုံကို သေချာ ဂရုတစိုက် ကြည့်ရှုပေးပါ။ အမျိုးသမီးတစ်ယောက် အသံသွင်းနေတဲ့ ပုံစံတူ ပုံနှစ်ပုံ ဖြစ်ပေမယ့်၊ တစ်ပုံကတော့ ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ပုံအစစ်ဖြစ်ပြီး၊ ကျန်တစ်ပုံကတော့ AI နည်းပညာနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် မချခင်မှာ…
* ဆံပင်သားတွေရဲ့ အနားသတ်
* မျက်နှာပေါ်က အလင်းအမှောင် ကျရောက်မှု
* နောက်ခံ Background ရဲ့ မှုန်ဝါးနေမှု အနေအထား ဒါတွေကို သတိထားပြီး ကြည့်မယ်ဆိုရင် အဖြေမှန်ကို တွေ့နိုင်မှာပါ။ (၅) စက္ကန့် ပြည့်ပါပြီ။ အဖြေကို ကြည့်လိုက်ရအောင်။
(Caption 4) အဖြေမှန်ကတော့ ဒီပုံပဲဖြစ်ပါတယ်။
ပုံကို သေချာပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးရဲ့ အသားအရေဟာ လူအစစ်တစ်ယောက်ထက် ပိုပြီး ချောမွတ်လွန်းနေတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် ဆံပင်အနားသတ်တွေဟာ နောက်ခံနဲ့ ရောထွေးနေပြီး သဘာဝမကျဘဲ “ပန်းချီဆွဲထားသလို” ဖြစ်နေတာကို သတိထားမိမှာပါ။ ကင်မရာနဲ့ရိုက်ကူးထားတဲ့ပုံကတော့ အလင်းအမှောင် သဘာဝကျပြီး ကင်မရာရဲ့ Focus ဖြတ်ပုံတွေ မှန်ကန်နေတာကြောင့် ပုံအစစ်ဖြစ်ပါတယ်။ ပထမတပုံ မှန်ကြရဲ့လား? နောက်တစ်ဆင့် ဆက်သွားရအောင်။

(Caption 5) ဗီဒီယို အစစ် ဟုတ်/မဟုတ် အခုတစ်ခါမှာတော့ ဓာတ်ပုံထက် ပိုခက်ခဲတဲ့ ဗီဒီယိုဖိုင်ရဲ့ပုံလေးတစ်ခုကို ကြည့်ပြီး ဆုံးဖြတ်ပေးရမှာပါ။ ကလေးလေးတစ်ယောက် ကခုန်နေတဲ့ မြင်ကွင်းဟာ ကြည့်လိုက်ရင်တော့ ချစ်စရာကောင်းပြီး သဘာဝကျနေသလိုပါပဲ။ ဒါပေမယ့် ခေတ်မီ AI တွေဟာ ဗီဒီယိုတွေကိုပါ ဖန်တီးလာနိုင်ပြီဆိုတော့ ဒါဟာ တကယ်ရော အစစ်အမှန် ဖြစ်နိုင်ပါ့မလား။ ကလေးရဲ့ လှုပ်ရှားမှုတွေ၊ ခြေလှမ်းတွေနဲ့ နောက်ခံ အရာဝတ္ထုတွေကို သေချာစောင့်ကြည့်ပြီး (၅) စက္ကန့် အတွင်း အဖြေထုတ်ကြည့်ပါ။

(Caption 6) အဖြေမှန်ကတော့ AI Video တခုရဲ့ပုံဖြစ်ပါတယ် ဒီ Video ဟာ AI နည်းပညာနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သာမန်ကြည့်ရင် သဘာဝကျသလို ရှိပေမယ့် သေချာကြည့်မယ်ဆိုရင် ကလေးရဲ့ အမူအရာတွေက သဘာဝကျမနေတာကို တွေ့ရနိုင်ပါတယ်။ AI Video တွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ အားနည်းချက်ကတော့ လှုပ်ရှားမှုတွေမှာ ရှင်းလင်းမှုမရှိဘဲ ဝါးတားတား ဖြစ်နေတတ်ခြင်းပဲ ဖြစ်ပါတယ်။

(Caption 7) နိုင်ငံခေါင်းဆောင် ပုံရိပ် နောက်ဆုံး Challenge အနေနဲ့ လူသိများထင်ရှားတဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ခွဲခြားကြည့်ရအောင်။ ဒီနေ့ခေတ်မှာ နိုင်ငံရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေရဲ့ ပုံတွေကို AI နဲ့ ဖန်တီးပြီး သတင်းမှားဖြန့်တာတွေ အများကြီး ရှိလာပါတယ်။ ဒီပုံနှစ်ပုံမှာ တစ်ပုံက အပြင်က ပုံအစစ်ဖြစ်ပြီး၊ ကျန်တစ်ပုံကတော့ AI နဲ့ ပြုပြင်ဖန်တီးထားတာပါ။ မျက်လုံး၊ အရေးအကြောင်းနဲ့ အသားအရေ အသေးစိတ်ကို ကြည့်ပြီး ဘယ်ပုံက အစစ်ဖြစ်မလဲဆိုတာ ဆုံးဖြတ်ပေးပါ။

(Caption 😎 အဖြေမှန်ကတော့ – ဒီပုံကသာ ပုံအစစ်ဖြစ်ပါတယ်။ ဒီနေရာမှာ တော်တော်များများ မှားတတ်ကြပါတယ်။ ကျန်တပုံက AI (သို့မဟုတ်) ပြုပြင်ထားတဲ့ပုံ ဖြစ်ပြီး၊ နောက်တပုံကသာ မူရင်းဓာတ်ပုံအစစ် ဖြစ်ပါတယ်။ ညာဘက်ကပုံမှာ လူတစ်ယောက်ရဲ့ သဘာဝဖြစ်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ အရွယ်နဲ့လိုက်ဖက်တဲ့ မျက်နှာသွင်ပြင်တွေနဲ့ သဘာဝအလင်းရောင် အနိမ့်အမြင့်တွေကို ပြတ်သားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ AI ဖန်တီးမှုတွေကတော့ ပုံကို လိုတာထက်ပိုပြီး ကြည်လင်အောင်၊ ချောမွတ်အောင် ပြုလုပ်ထားလေ့ရှိပါတယ်။

အားလုံးပဲ မေးခွန်း (၃) ခုမှာ ဘယ်နှခုလောက် မှန်အောင် ဖြေနိုင်ခဲ့ကြလဲ? (၃) ခုလုံး မှန်တယ်ဆိုရင်တော့ သင့်ရဲ့ စောင့်ကြည့်လေ့လာနိုင်စွမ်းက အတော်လေး အားကောင်းတယ်လို့ ပြောလို့ရပါတယ်။
AI နည်းပညာတွေ ဘယ်လောက်ပဲ ကောင်းမွန်လာပါစေ၊ သေချာဂရုတစိုက် ကြည့်မယ်ဆိုရင် အစစ်နဲ့ အတုကို ခွဲခြားနိုင်မယ့် အချက်အလက်လေးတွေ ကျန်ရှိနေပါသေးတယ်။ အထူးသဖြင့် လက်ချောင်းတွေ၊ စာသားတွေနဲ့ နောက်ခံအနေအထားတွေက AI ရဲ့ အားနည်းချက်တွေ ဖြစ်လေ့ရှိပါတယ်။
အွန်လိုင်းပေါ်မှာ တွေ့သမျှ ပုံတွေ၊ ဗီဒီယိုတွေကို ချက်ချင်း မယုံကြည်လိုက်ဘဲ “ဒါဟာ အစစ်ရော ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းထုတ်ပြီးမှ ယုံကြည်ကြဖို့၊ သတင်းရင်းမြစ် ခိုင်မာမှုကို စစ်ဆေးကြဖို့ Delta News Agency က တိုက်တွန်းလိုက်ရပါတယ်။
#FakeNews
#AIandNews
#DigitalLiteracy
#MediaLiteracy
#FactCheck
#NewsVerification
#AIinMedia