
ဧရာ၀တီတိုင်းအတွင်းက ရွေးကောက်ပွဲတွေ အတွင်း ကြိုတင်မဲကိစ္စ ပွင့်လင်းမြသာမှု မရှိတဲ့အပြင် မဲပေးနေချိန် မဲပေးစက်တွေပျက်သွားတာ၊ ဒီမိုကရက်တစ်အင်အားစုတွေကို အားပေးတဲ့ပြည်သူတွေ မဲစာရင်းထဲ မပါတာ၊ သေဆုံးသွားသူ၊ ပြောင်းရွှေ့သွားသူတွေများစွာ မဲစာရင်းထဲပါနေတာတွေလည်း ရှိခဲ့တာမို့ လွတ်လပ်ပြီး မျှတမှုရှိတဲ့ ရွေးကောက်ပွဲတခု မဟုတ်ဘူးလို့ နိုင်ငံရေးပါတီတွေက ပြောထားကြပါတယ်။
၂၇၊ ဇန်နဝါရီ။
ဧရာ၀တီတိုင်းအတွင်းက ရွေးကောက်ပွဲနောက်ဆုံးအသုတ်မှာလည်း ကြိုတင်မဲတွေကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဝင်တွေမပါဘဲ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကောက်ခံတာ၊ မဲပုံးပြောင်းရွှေ့တာစတဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“အောက်ခြေမှာ ဖြစ်နေတဲ့ပြဿနာတွေက အများကြီးပဲ၊ ဇလွန်မှာဆိုရင် အုပ်ချုပ်ရေးမှူးသားက ကြိုတင်မဲပုံးကို သွားသယ်တယ်။ တကယ့်တကယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ သက်ဆိုင်တယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ မဆိုင် ဘူး။ ကော်မရှင်ကပဲ သယ်ယူခွင့်ရှိတယ်။ ဥပဒေအတိုင်းဆိုရင် အုပ်ချုပ်ရေးမှူးသားတယောက် သယ်တယ် ဆို တာက ဥပဒေနဲ့မညီဘူး” လို့ ပြည်သူ့ပါတီမှ အမည်မဖော်လိုသူလွှတ်တော် ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဇလွန်မြို့နယ် ကော့ကပ်ကလေးကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ တာလို့ ဆိုပါတယ်။ ကော့ကပ်ကလေးကျေးရွာအုပ်စု၊ အိုင်ဆယ်ကျေးရွာရာအိမ်မှူးဆီမှာ ရောက်နေတဲ့ ကြိုတင်မဲ ပုံးကို အုပ်စုအုပ်ချုပ်ရေးမှူးက သူ့သားအား တယောက်တည်း သွားယူခိုင်းခဲ့တာလို့ သိရပါတယ်။
မဲပုံးကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ မဲရုံစောင့်တွေ မပါဘဲ ရွှေ့ပြောင်းတာဟာ ရွေးကောက်ပွဲဥပဒေနဲ့ မညီဘဲ ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်လို့ရတဲ့ပြစ်မှုမြောက်တယ်လို့လည်း အဆိုပါလွှတ်တော်ကိုယ်စားလှယ် လောင်းက ပြောပါတယ်။
ဒါ့အပြင် တခြားမြို့နယ်တွေမှာလည်း ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်မဲကောက်ခံတဲ့အခါမှာ နိုင်ငံရေးပါ တီတွေကို ခေါ်ယူ၊ အသိပေးတာမရှိဘဲ အုပ်ချုပ်ရေးအဖွဲ့နဲ့ပေါင်းပြီး သွားကောက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ပွင့်လင်းမြင်သာမှုကတော့ မရှိဘူး။ လုံး၀ကို မရှိတာ” လို့ လေးမျက်နှာမြို့နယ်မှ ပြည်သူ့ပါတီဝင်တဦးက ပြော ပါတယ်။
စစ်ခေါင်းဆောင်အပါအဝင် စစ်ကော်မရှင်တာဝန်ရှိသူတွေက ရွေးကောက်ပွဲဟာ သန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိ ရမယ်လို့ ပြောထားပေမယ့် အောက်ခြေအဆင့်၊ မြေပြင်မှာတော့ ပွင့်လင်းမြင်သာမှုမရှိတဲ့လုပ်ရပ်တွေ၊ မျှတမှု မရှိတဲ့ လုပ်ရပ်တွေများစွာ တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းက ရွေးကောက်ပွဲတွေ အတွင်း ကြိုတင်မဲကိစ္စ ပွင့်လင်းမြသာမှု မရှိတဲ့အပြင် မဲပေးနေချိန် မဲပေးစက်တွေပျက်သွားတာ၊ ဒီမိုကရက်တစ်အင်အားစုတွေကို အားပေးတဲ့ပြည်သူတွေ မဲစာရင်းထဲ မပါတာ၊ သေဆုံးသွားသူ၊ ပြောင်းရွှေ့သွားသူတွေများစွာ မဲစာရင်းထဲပါနေတာတွေလည်း ရှိခဲ့တာမို့ လွတ်လပ်ပြီး မျှတမှုရှိတဲ့ ရွေးကောက်ပွဲတခု မဟုတ်ဘူးလို့ နိုင်ငံရေးပါတီတွေက ပြောထားကြပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနောက်ဆုံးအသုတ်ကို ဧရာ၀တီတိုင်းအတွင်းက မြို့နယ် ကိုးခုမှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မဲရလဒ်တွေကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေမယ့် အဲဒီမဲဆန္ဒနယ်မြေတွေမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကပဲ အနိုင်ရခဲ့ တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲပထမအသုတ်နဲ့ ဒုတိယအသုတ်မှာလည်း နေရာအားလုံးနီးပါးအနိုင်ရခဲ့ပ ါတယ်။ ပထမအသုတ်နဲ့ ဒုတိယအသုတ်အတွင်း ကြံ့ခိုင်ရေးပါတီက တိုင်းလွှတ်တော် ၁၇ နေရာအနက် ၁၅ နေရာ၊ ပြည်သူ့ လွှတ်တော် ၁၇ နေရာအနက် ၁၆ နေရာတို့မှာ အနိုင်ရခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ ဧရာ၀တီတိုင်းအတွင်းက တိုင်းလွှတ်တော်နေရာ ၅၂ နေရာထဲက ၂၆ နေရာနဲ့ အမျိုးသားလွှတ် တော် ၁၂ နေရာထဲက ၆ နေရာတို့ကို အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့ ရွေးချယ်မယ်လို့ ဆိုထားပြီး အဲဒီရလဒ် တွေ ကိုတော့ မသိရပါသေးဘူး။
ဧရာ၀တီတိုင်းအတွင်းမှာ ကြံ့ခိုင်ရေးပါတီအပြင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ(PP)၊ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ တိုင်းရင်း သား စည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ တို့ ဝင်ပြိုင်ခဲ့ကြတာပါ။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်ကလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေး ကောက် ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ်လည်း လက်မခံကြောင်း ထုတ်ဖော်ပြော ဆိုထားကြပါတယ်။
နိုင်ငံရေးလေ့လာသူတွေကလည်း လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ စစ်တပ်နဲ့ စစ်တပ်အရာရှိကြီးတွေ လူဝတ် လဲဝင်ပြိုင်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီတို့ ကြီးစိုးပြီး စစ်တပ်အလိုကျ အဆိုတွေ တင်သွင်း၊ အတည်ပြုလာ မယ့် လွှတ်တော်သာဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ လာမယ့် မတ်လအတွင်း လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့တော့မယ်လို့ ဆိုထားပါတယ်။