ရွေးကောက်ပွဲနောက်ဆုံးသုတ်  ဧရာဝတီတိုင်းအတွင်းမှာလည်း ကြံ့ခိုင်ရေးပါတီ အနိုင်ရ

“စစ်တပ်လွှတ်တော်နဲ့ စစ်တပ်အစိုးရပဲဖြစ်သွားမယ်။ ဘာမှထူးသွားမှာမဟုတ်ဘူး။ ဒါက လူတိုင်းကြိုသိတဲ့ကိစ္စ ပဲ။ ကြံ့ဖွံ့ပဲ အကုန်နိုင်တာကိုး။ အခြားပါတီတွေကတော့ PR ကနေ နည်းနည်းစီ ရကြမှာပေ့ါ”

၂၆၊ ဇန်နဝါရီ။

မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတတိယအသုတ်မှာလည်း ဧရာဝတီတိုင်းအတွင်းက နေရာအားလုံး စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ အနိုင်ရသွားခဲ့တယ်လို့ ကနဦးသိရတဲ့အ ချက်အလက်တွေအပေါ် အခြေခံပြီး နီးစပ်သူတွေက ပြောကြပါတယ်။

“ကျွန်တော်တို့ပါတီတွေ မနိုင်ဘူး။ နေရာစုံမှာ ကြံ့ခိုင်ရေးက နိုင်သွားတယ်။ တချို့မဲရုံတွေတော့ မသိရသေးဘူး ပေ့ါ။ တသီးပုဂ္ဂလတွေလည်း နိုင်တာမရှိဘူး” လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်တဲ့ ဧရာ၀တီတိုင်းအတွင်းမှ ပြည်သူ့ပါ တီတာဝန်ရှိသူတဦးက သူသိရတဲ့အချက်အလက်တွေကို အခြေခံပြီး ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်ကိုးခုဖြစ်တဲ့ ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင် တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်မြို့နယ်တွေမှာ ရွေးကောက်ပွဲ နောက်အဆုံးအသုတ်ကို ကျင်းပ ခဲ့တာပါ။

ရေကြည်မြို့နယ်မှာဆိုရင် လက်ရှိဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး သူဟာလည်း မနေ့က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေ မယ့် ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင်အတည်ပြုထုတ်ပြန်တာမရှိသေးပါဘူး။

ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲပထမအသုတ်နဲ့ ဒုတိယအသုတ်မှာလည်း နေရာအားလုံးနီးပါးအနိုင်ရခဲ့ပါ တယ်။ ပထမအသုတ်နဲ့ ဒုတိယအသုတ်အတွင်း ကြံ့ခိုင်ရေးပါတီက တိုင်းလွှတ်တော် ၁၇ နေရာအနက် ၁၅ နေရာ၊ ပြည်သူ့ လွှတ်တော် ၁၇ နေရာအနက် ၁၆ နေရာတို့မှာ အနိုင်ရခဲ့ပါတယ်။

စစ်ကော်မရှင်ဟာ ဧရာ၀တီတိုင်းအတွင်းက တိုင်းလွှတ်တော်နေရာ ၅၂ နေရာထဲက ၂၆ နေရာနဲ့ အမျိုးသားလွှတ် တော် ၁၂ နေရာထဲက ၆ နေရာတို့ကို အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့ ရွေးချယ်မယ်လို့ ဆိုထားပြီး အဲဒီရလဒ် တွေကိုတော့ မသိရပါသေးဘူး။

“စစ်တပ်လွှတ်တော်နဲ့ စစ်တပ်အစိုးရပဲဖြစ်သွားမယ်။ ဘာမှထူးသွားမှာမဟုတ်ဘူး။ ဒါက လူတိုင်းကြိုသိတဲ့ကိစ္စ ပဲ။ ကြံ့ဖွံ့ပဲ အကုန်နိုင်တာကိုး။ အခြားပါတီတွေကတော့ PR ကနေ နည်းနည်းစီ ရကြမှာပေ့ါ” လို့ ရွေးကောက် ပွဲအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ပုသိမ်ဒေသခံလူငယ်တဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ကြံ့ခိုင်ရေးပါတီအပြင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ(PP)၊ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ တိုင်းရင်း သား စည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ ပါတီတို့ ဝင်ပြိုင်ခဲ့ကြတာပါ။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်ကလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက် ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ်လည်း လက်မခံကြောင်း ထုတ်ဖော်ပြော ဆိုထားကြပါတယ်။

နိုင်ငံရေးလေ့လာသူတွေကလည်း လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ စစ်တပ်နဲ့ စစ်တပ်အရာရှိကြီးတွေ လူဝတ် လဲဝင်ပြိုင်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီတို့ ကြီးစိုးပြီး စစ်တပ်အလိုကျ အဆိုတွေ တင်သွင်း၊ အတည်ပြုလာ မယ့် လွှတ်တော်သာဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။