မှိုရောဂါကြောင့် ဧရာဝတီက ပဲစိုက်ခင်းတွေ ဧကရာချီ ပျက်စီးနေ

“အဝါရောင်အပင်တွေ စတွေ့တာနဲ့ နှုတ်ပစ်လိုက်ရင် မကူးတော့ဘူး။ အဲဒါကို မတွေ့ဘဲ ထားလိုက်မိရင် နှစ်ရက်၊ သုံးရက်ပဲကြာတယ် တခင်းလုံးကူးတာပဲ။ မြေအစိုဓါတ်ကို သေချာမထိန်းညှိနိုင်လို့ ဖြစ်တယ်ထင်တယ်။ တော် တော် ကြောက်ဖို့ကောင်းတယ် ဒီရောဂါ”

၂၃၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်း ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ဓနုဖြူ၊ ညောင်တုန်းစတဲ့မြို့နယ်တွေအတွင်းမှာရှိတဲ့ ပဲစိုက်ခင်းဧက ရာချီဟာ မှိုရောဂါကြောင့် အဝါရောင်သန်းပြီး အသီးမသီးတော့ဘဲ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။

“ခုက ပဲတွေက ဘာရောဂါဖြစ်မှန်းမသိဘူး။ အခင်းလိုက်တွေ ဝါကုန်တာ။ အသီးတွေလည်း မတင်ဘူး။ အများ စုကတော့ နောက်ကျစိုက်တဲ့ ပဲခင်းတွေမှာ ပိုဖြစ်တယ်။ ဘာဆေးသုံးရမှန်းလည်းမသိဘူး ဆေးဆိုင်မှာလည်း ဟို ဟာလိုလို ဒီဟာလိုလို သေချာမသိနေဘူး” လို့ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာမှ ပဲစိုက်တောင်သူတဦးက ပြောပါတယ်။

အရင်နှစ်တွေတုန်းက အဲဒီလိုမျိုး တကွင်းလုံးနီးပါး ပျက်စီးတာ မရှိခဲ့ဘဲ စိုက်ခင်း အနာကျရင်လည်း ဆေးဆိုင်ကနေ ဆေးဝယ်ဖြန်းရင် ပျောက်သွားတယ်လို့ ဒေသခံပဲစိုက်တောင်သူတွေက ပြောကြပါတယ်။

“ဟိုးအရင်ကတော့ ဒါမျိုးမသိရတဲ့ ရောဂါဖြစ်ရင် ဆေးဆိုင်တွေကို ပြောလိုက်ရင် ဆေးဆိုင်တွေက ပညာရှင်တွေ ခေါ်လာပြီး လာစစ်ပေးတာမျိုး လုပ်တယ်။ ခုကျ အဲ့လိုလည်း မလုပ်ပေးနိုင်ကြတော့ဘူး။ ပျက်မှာပဲလို့ထင်တယ်။ လူက သေချင်စိတ်တောင်ပေါက်တယ်” လို့ အဆိုပါနိဗ္ဗာန်ရွာမှ တောင်သူက ပြောပါတယ်။

အဲဒီလို ပဲခင်းတွေ အဝါရောင်ဖြစ်ပြီး ပျက်စီးသွားတာဟာ မှိုရောဂါတမျိုးကြောင့်ဖြစ်ပြီး တောင်သူအများစုရဲ့ စိုက်ခင်းတွေမှာဖြစ်နေတယ်လို့ ဆိုကြပါတယ်။

“ဒီဘက်တွေမှာ တကွင်းလုံးပဲဗျ ၊ အကုန်လုံး ဝါထိန်နေတာ။ ဆယ်ခင်းမှာ ရှစ်ခင်းလောက်က ဖြစ်နေတာ။ ဆေး ဖြန်းလို့လည်း မနိုင်ဘူး။ ဟိုဆေးဖြန်းလိုက်၊ ဒီဆေးဖြန်းလိုက် စမ်းဖြန်းနေကြရတယ်။ ဧက ခုနှစ်ရာ၊ ရှစ်ရာ လောက်က အနည်းဆုံးရှိမယ်” လို့ ဟင်္သာတမြို့နယ်မှ နောက်ထပ် ပဲစိုက်တောင်သူတဦးက ပြောပါတယ်။

အဲဒီမှိုရောဂါဟာ အသီး သီးခါနီး တလကျော်၊ နှစ်လဝန်းကျင်အရွယ်မှာ စဖြစ်တာတွေ့ရပြီး အချိန်မီ ဆေးမဖြန်း လိုက်နိုင်ရင် တခင်းလုံး ကူးသွားခဲ့တယ်လို့ မြန်အောင်မြို့နယ်မှ ဒေသခံတဦးဖြစ်တဲ့ ကိုအောင်က ပြောပါတယ်။

“အဝါရောင်အပင်တွေ စတွေ့တာနဲ့ နှုတ်ပစ်လိုက်ရင် မကူးတော့ဘူး။ အဲဒါကို မတွေ့ဘဲ ထားလိုက်မိရင် နှစ်ရက်၊ သုံးရက်ပဲကြာတယ် တခင်းလုံးကူးတာပဲ။ မြေအစိုဓါတ်ကို သေချာမထိန်းညှိနိုင်လို့ ဖြစ်တယ်ထင်တယ်။ တော် တော် ကြောက်ဖို့ကောင်းတယ် ဒီရောဂါ” လို့ ၎င်းက ဆိုပါတယ်။

မိုးရာသီစပါးစိုက်ပြီး ဆောင်းသီးနှံအဖြစ် ပဲစိုက်ကြသူအများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှ ဒေသခံတောင်သူ တွေဟာ စပါးစျေးကောင်းမရ၊ အရှုံးပေါ်တာကြောင့် ပဲခင်းကနေ အမြတ်ရှာဖို့ ကြိုးစားခဲ့ကြပေမယ့် အခုလို မှို ရောဂါကြောင့် ပဲခင်းတွေပါ ပျက်စီးကြရတဲ့အခါ ပိုပြီး နစ်နာကြတယ်လို့ ပြောကြပါတယ်။

“တဧကအတွက် ကုန်ကျစရိတ်က ဆယ်သိန်းလောက်ရှိတယ်။ အခုပဲစျေးနဲ့ဆိုရင် ထက်ဝက်လောက် မြတ်နိုင် သေးတယ်။ အဲဒါကို အားခဲထားကြတာ။ ပဲလည်း မဖြစ်တော့ ထပ်ရှုံးပြန်တာပေ့ါ။ တချို့တွေ အနာမကျတဲ့သူ တွေတော့ မြတ်ကြတယ်” လို့ ကိုအောင်က ပြောပါတယ်။

ယခင်နှစ်တွေတုန်းက စပါးတင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့ရာကနေ အခုအခါ စပါးစျေးတည် ငြိမ်မှုမရှိဘဲ ကျပ် ၁၄ သိန်းဝန်းကျင်ထိ စျေးကျသွားတာကြောင့် ရင်းနှီးထားရတဲ့ အရင်းအနှီးနဲ့ လုပ်အားခတွေ နုတ်လိုက်ရင် အရှုံးပေါ်တဲ့ လယ်သမားတွေ များနေတယ်လို့ ဒေသခံတွေ လယ်သမားတွေက ပြောကြပါတယ်။

ပဲစျေးကတော့ လက်ရှိမှာ တတင်းကို ကျပ်ကိုးသောင်းကျော်ရှိနေပြီး စျေးကောင်းရနေတယ်လို့ သိရပါတယ်။

အဲဒီလိုစပါးလည်း စျေးကောင်းမရ၊ ပဲခင်းတွေပါ ပျက်စီးအရှုံးပေါ်နေတဲ့ တောင်သူလယ်သမားတွေဆီကနေ စစ် ကော်မရှင်ကလည်း စိုက်ပျိုးစရိတ်ချေးငွေတွေ အတင်းအကြပ်တောင်းခံနေပြီး အချိန်မီ မဆပ်ရင် ဖမ်းဆီးအရေး ယူမယ်၊ လ