
ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲဒုတိယသုတ်အပြင် ပထမအသုတ်တုန်းကလည်း ဧရာ၀တီတိုင်းအတွင်းက မြို့ နယ်ရှစ်ခုရှိ မဲဆန္ဒနယ်အားလုံးနီးပါး (တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ အနိုင်ရခဲ့တဲ့ သုံးနေရာကလွှဲလို့ ကျန်နေရာ) မှာ အနိုင်ရခဲ့ပါတယ်။
၂၁၊ ဇန်နဝါရီ။
ရွေးကောက်ပွဲဒုတိယအသုတ်ကို ဧရာ၀တီတိုင်းအတွင်းက မြို့နယ်ကိုးခုမှာ ကျင်းပခဲ့ပြီး အဲဒီမြို့နယ် ကိုးခုစလုံးအ တွက် ပြည်သူ့လွှတ်တော်နေရာတွေကို စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကပဲ အနိုင်ရခဲ့ပြီး ကျန်ပါတီတွေ အနိုင်ရတာ မရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)မဲဆန္ဒနယ်မြေ ကိုးခုမှာလည်း ကြံ့ခိုင်ရေးပါတီက ရှစ်နေရာ အနိုင်ရပြီး ဝါး ခယ်မမြို့နယ်မှာတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)က အနိုင်ရခဲ့တာတွေ့ရပါတယ်။ အမျိုး သားလွှတ်တော်မဲဆန္ဒနယ်မြေတွေနဲ့ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂)အတွက်ကိုတော့ ထုတ်ပြန်တာမရှိ သေးပါဘူး။
“တနေရာမှ မနိုင်တာကတော့ အံ့ဩဖို့ကောင်းတယ်။ ဘာတွေဖြစ်ကုန်လဲတောင် မသိတော့ပါဘူး။ နောက်အ သုတ် ထပ်ကြည့်ရအုံးမှာပေါ့” လို့ လာမယ့် ရွေးကောက်ပွဲတတိယအသုတ်မှာ ဝင်ပြိုင်မယ့် ပြည်သူ့ပါတီရဲ့ လွှတ် တော်ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ ကြံ့ခိုင်ရေးပါတီအပြင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ(PP)၊ ဒေါ်သက်သက်ခိုင် ဦးဆောင်ပါတီ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ တိုင်းရင်း သား စည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ တို့ ဝင်ပြိုင်ခဲ့ကြတာပါ။
ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲဒုတိယသုတ်အပြင် ပထမအသုတ်တုန်းကလည်း ဧရာ၀တီတိုင်းအတွင်းက မြို့ နယ်ရှစ်ခုရှိ မဲဆန္ဒနယ်အားလုံးနီးပါး (တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ အနိုင်ရခဲ့တဲ့ သုံးနေရာကလွှဲလို့ ကျန်နေရာ) မှာ အနိုင်ရခဲ့ပါတယ်။
“မဲမသမာမှု မရှိဘူးဆိုတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ နိုင်ငံရေးနားလည်တဲ့ပြည်သူတွေကတော့ ဒါတွေကို သိပြီးသားပါ၊ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲ စစ်တပ်ပါတီ အနိုင်ပေးမှာပဲလေ” လို့ ဧရာ၀တီတိုင်း ပုသိမ်မြို့ နယ်မှ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ပြီး မဲမပေးခဲ့တဲ့ လူငယ်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဒုတိယအသုတ်ကို ဧရာ၀တီတိုင်းအတွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၅ ရက်နေ့ကျရင်လည်း ရွေးကောက်ပွဲတတိယအသုတ်ဆက်လက်ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအ တွင်းမှ ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့ ပါဝင်မှာဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေမှာလည်း စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ မဲဆွယ်စည်းရုံးတဲ့အခါ အခွင့်အ ရေးတွေ ပိုရနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်ကလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက် ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ်လည်း လက်မခံကြောင်း ထုတ်ဖော်ပြော ဆိုထား ကြပါတယ်။
အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က အဆင့်သုံးဆင့်နဲ့ ကျင်းပနေတဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတွေ စေလွှတ်မှာ မဟုတ်သလို ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မနေ့က ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရားဝင် ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသူတွေကလည်း လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ စစ်တပ်နဲ့ စစ်တပ်ကျောထောက် နောက်ခံ ကြံ့ခိုင်ရေးပါတီတို့ ကြီးစိုးပြီး စစ်တပ်အလိုကျ အဆိုတွေ တင်သွင်း၊ အတည်ပြုလာမယ့် လွှတ်တော်သာဖြစ်လာမယ်လို့ သုံးသပ် ထားကြပါတယ်။