
ပြဋ္ဌာန်းမယ့် ဥပဒေအသစ်တွေအရ အမုန်းတရား၊ သွေးခွဲမှုနဲ့ အစွန်းရောက် ဖြန့်ဝေသူတွေကို ပစ်မှတ်ထား အရေးယူသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ကန်ဘာရာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
၁၈၊ ဒီဇင်ဘာ။
ဂျူးဘာသာရေး ပွဲတော်တခုကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့က ဘွန်းဒီကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်း ဩစတြေးလျ အစိုးရအနေနဲ့ အမုန်းစကားဖြန့်ဝေမှုတွေကို နှိမ်နင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ပြောလိုက်ပါတယ်။
ဟာနူကာပွဲတော် ပထမဆုံးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူ ၁၅ ဦး သေဆုံးခဲ့ရပါတယ်။
ပြဋ္ဌာန်းမယ့် ဥပဒေအသစ်တွေအရ အမုန်းတရား၊ သွေးခွဲမှုနဲ့ အစွန်းရောက် ဖြန့်ဝေသူတွေကို ပစ်မှတ်ထား အရေးယူသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ကန်ဘာရာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမုန်းတရားဖြန့်ဝေသူတွေကို ဗီဇာပယ်ဖျက်တာ ဒါမှမဟုတ် ဗီဇာထုတ်ပေးဖို့ ငြင်းပယ်တာတွေ စတဲ့ လုပ်ပိုင်ခွင့်အာဏာအသစ်တွေကို ပြည်ထဲရေးဝန်ကြီးဆီ ပေးအပ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ပညာရေးစနစ်မှာလည်း ဂျူးဆန့်ကျင်ရေးဝါဒကို တားဆီးဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ သင့်လျော်တဲ့ တုံ့ပြန်နိုင်ဖို့အတွက် အထူးလုပ်ငန်းအဖွဲ့ တခုကိုလည်း ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဥပဒေအသစ်မှာ ပါဝင်လာမယ့် အဓိက အချက်တွေထဲ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တဲ့ ဘာသာရေးဆရာတွေနဲ့ ခေါင်းဆောင်တွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူမှုတွေ ပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ပြင်းထန်တဲ့ အမုန်းစကားပြောဆိုမှုအဖြစ် ဖက်ဒရယ်အဆင့် ပြစ်မှုအသစ်တခု သတ်မှတ်သွားမှာဖြစ်ပြီး အွန်လိုင်းကနေ ခြိမ်းခြောက်နှောင့်ယှက်တဲ့ ပြစ်မှုတွေမှာ မုန်းတီးမှုကြောင့် ဆိုရင် ပြစ်ဒဏ်ကို ပုံမှန်ထက် ကြီးလေးစွာ ချမှတ်သွားမှာ ဖြစ်ပါတယ်။
“သြစတြေးလျနိုင်ငံသား ဂျူးလူမျိုးတိုင်းဟာ သူတို့ရဲ့ လုံခြုံမှု ခံစားပိုင်ခွင့်၊ တန်ဖိုးထားခံရပိုင်ခွင့်နဲ့ ကြီးမြတ်တဲ့ နိုင်ငံတော်အတွက် သူတို့ရဲ့ ပံ့ပိုးကူညီမှုတွေအပေါ် လေးစားအသိအမှတ်ပြုခံရပိုင်ခွင့် ရှိပါတယ်”လို့ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ပြောပါတယ်။
Ref – BBC