
၁၁၊ဒီဇင်ဘာ။
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တိုင်းထွာချက်အရ လာမယ့် ၁၀ ရက်အတွင်း ဘင်္ဂလား ပင်လယ်အော်အတွင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့မှာ မိုးအနည်းငယ် ရွာသွန်းနိုင်တယ်သလို ၄ ရက်ဝန်းကျင်ခန့် မြူတွေထူထပ်စွာ ကျရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါသေးတယ်။
မြူထူထပ်စွာ ကျဆင်းနိုင်ချေလည်းရှိနေတာကြောင့် ရေလမ်း၊ ကားလမ်းတွေမှာ ထိခိုက်မှုနည်းအောင် ဂရုစိုက် သွားလာနေထိုင်သင့်ကြောင်းလည်း သတိပေးထားပါတယ်။
မိုးရွာသွန်းမယ့် အခြေအနေနဲ့ ပါတ်သက်ပြီး မိုးဇလ ပညာရှင် ဦးဝင်းနိုင်က “ တော်တော်နည်းတဲ့ မိုးပါ။ ဒါကြောင့် စပါးရိတ်တာတွေ ဆားကွင်းတွေ စိုးရိမ်စရာ မရှိပါဘူး ” လို့ DNA ကို ဖြေကြားထားပါတယ်။
မိုးလေဝသ တိုင်းတာရေး ဝဘ်ဆိုက်တွေမှာတော့ ဧရာဝတီတိုင်းအတွင်းမှာ ဒီဇင်ဘာ ၁၃၊ ၁၄ တွေမှာ အင်မတန်နည်းပါးသော မိုးရေချိန်နဲ့ မိုးရွာသွန်းဖို့ရှိနေတယ်လို့ ဖော်ပြထားတာကို တွေ့မြင်ရသလို မိုးမရွာပဲ ရက်သတ္တပတ် တခုလုံး မိုးတိမ်တွေရှိနေနိုင်တာကိုလည်း တွေ့မြင်ရပါတယ်။
ဒါအပြင် ဒီဇင်ဘာ နောက်ဆုံးပတ်မှာ အအေးပိုလာနိုင်တဲ့ အခြေအနေလည်းရှိနေတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။