
အခုလို ဂါဇာကမ်းမြောင်ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် နေစရာမရှိသူ ပါလက်စတိုင်း သိန်းနဲ့ချီဟာ အန္တရာယ်ရှိနေတယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
၁၁၊ ဒီဇင်ဘာ။
ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြောင့် မိုးသည်းသည်းမည်းမည်း ရွာနေပါတယ်။
မုန်တိုင်းဘိုင်ရွန်ကြောင့် ဂါဇာရှိ ပါလက်စတိုင်းတွေ ခိုလှုံရာ အခက်တွေ့နေတယ်လို့ သိရပါတယ်။
ရေလွှမ်းနေတဲ့ တဲတွေထဲက မိသားစုတွေဟာ အကူအညီတောင်းခံနေကြသလို ရာချီနဲ့ချီတဲ့ သူတွေဟာလည်း ခြောက်သွေ့ပြီး မြေနေရာရရှိနိုင်ဖို့ ခိုလှုံရာနေရာတွေကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
အခုလို ဂါဇာကမ်းမြောင်ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် နေစရာမရှိသူ ပါလက်စတိုင်း သိန်းနဲ့ချီဟာ အန္တရာယ်ရှိနေတယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
သောကြာနေ့အထိ ရုတ်တရက် ရေကြီးမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဂါဇာရှိ ပါလက်စတိုင်းလူထုအပေါ် အစ္စရေးတို့ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုစစ်ပွဲ နှစ်နှစ်ကြာမြင့်ပြီးနောက် အိုးအိမ်မဲ့ပြည်သူ သိန်းနဲ့ချီဟာ တဲတွေ၊ ယာယီအဆောက်အအုံတွေနဲ့ ပျက်စီးနေတဲ့ အဆောက်အအုံတွေကြားမှာ နေနေကြရပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဆိုက်ရောက်နေချိန် အခုလို ရာသီဥတုအခြေအနေက နောက်ထပ် ကပ်ဘေးဆိုးတွေကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
အစ္စရေးဟာ တဲတွေ၊ ရေနဲ့ မိလ္လာစနစ် ပြုပြင်ရေးပစ္စည်းတွေ ပေးပို့ဖို့ ကန့်သတ်ထားတာကြောင့် ဂါဇာဒေသအနေနဲ့ မုန်တိုင်းဒဏ်ကို တုံ့ပြန်ဖို့ အသင့်မဖြစ်နေဘဲ အားနည်းနေကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နေတန်ညာဟု အစိုးရကို ဖိအားပေးပြီး ထောက်ပံ့ရေးပစ္စည်းတွေ အရေးပေါ် ဝင်ရောက်ခွင့်ပြုပေးဖို့ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အဆိုအရ ဒုက္ခသည်စခန်း နေရာပေါင်း ၇၆၁ ခုမှာ ခိုလှုံနေကြတဲ့ လူဦးရေ ၈၅၀,၀၀၀ နီးပါးဟာ ရေကြီးရေလျှံမှု အန္တရာယ်နဲ့ အမြင့်မားဆုံး ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
Ref – Aljazeera