
ထောက်ပံ့ငွေနဲ့ ပတ်သက်လို့ ထရမ့်က နစ်နာသူတွေ ဘယ်လောက်ထိ ဆုံးရှုံးမှုရှိလဲဆိုတာကို အခြေခံပြီး ငွေပမာဏကို အစိုးရက သတ်မှတ်ခဲ့တာဖြစ်ကြောင်း၊ ကုန်ကျမယ့်ငွေကိုတော့ နိုင်ငံခြား သွင်းကုန်တွေကနေ ကောက်ခံရရှိတဲ့ အခွန်ငွေတွေထဲကနေ ယူသုံးသွားမှာဖြစ်ကြောင်း ရှင်းပြထားပါတယ်။
၉၊ ဒီဇင်ဘာ။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိ လယ်ယာကဏ္ဍ အကူအညီပေးရေး အစီအစဉ်ကို ဒီဇင်ဘာ ၈ ရက်နေ့က ကြေညာလိုက်ပါတယ်။
အဆိုပါ အစီအစဉ်ဟာ ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်နိုင်ငံအပေါ် အကောက်ခွန် တိုးမြှင့်ခဲ့ပြီးနောက် ကုန်ကျစရိတ် မြင့်တက်လာမှုနဲ့ သီးနှံရောင်း ချဖို့ ခက်ခဲနေတဲ့ တောင်သူတွေကို အားဖြည့်ကူညီမှာ ဖြစ်ပါတယ်။
ထရမ့်ဟာ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ စကားဝိုင်းတခုမှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဘရွတ် ရော်လင်း၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန် အဓိကထွက်ရှိရာ ပြည်နယ်တွေက ဥပဒေပြုအမတ်တွေ၊ တောင်သူတွေနဲ့ တွေ့ဆုံချိန် အဆိုပါ အစီအစဉ်ကို ချပြခဲ့တာပါ။
“ဒီ ကြားကာလငွေကြေးထောက်ပံ့မှုကြောင့် ကျွန် တော်တို့ နောက်ထပ်တနှစ် ဆက်လက် စိုက်ပျိုးလုပ်ကိုင်သွားနိုင်တော့မှာပါ”လို့ အိုင်အိုဝါပြည် နယ်ရဲ့ တောင်သူ ကော့ဒ် ဟိုလပ်က အခမ်းအနားအတွင်း ထရမ့်ကို ပြောခဲ့ပါတယ်။
ရော်လင်းက အဆိုပါအစီအစဉ်ဟာ ဒေါ်လာ ၁၁ ဘီလီယံရှိကြောင်း ပြောကြားခဲ့ပြီး ငွေကြေးတွေကို သီးနှံစိုက်ခင်း စိုက်ပျိုးတဲ့ တောင်သူတွေဆီ တစ်ကြိမ်တည်းပေးချေမှုအဖြစ် အိမ်ဖြူတော်အနေနဲ့ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
အစိုးရအဖွဲ့အနေနဲ့ အထူးသီးနှံ စိုက်ပျိုးသူတွေရဲ့ အခြေအနေကို ပိုမိုနားလည်အောင် ဆောင်ရွက်နေစဉ် အဆိုပါကဏ္ဍအတွက် နောက်ထပ် ဒေါ်လာ ၁ ဘီလီယံကို သီးသန့်ဖယ်ထားမယ်လို့ ရော်လင်းက ပြောထားပြီး အကူအညီတွေဟာ ဖေဖော်ဝါရီလကုန်မှာ စတင်ရောက်ရှိလိမ့်မယ်လို့ သူက ဆိုပါတယ်။
ထောက်ပံ့ငွေနဲ့ ပတ်သက်လို့ ထရမ့်က နစ်နာသူတွေ ဘယ်လောက်ထိ ဆုံးရှုံးမှုရှိလဲဆိုတာကို အခြေခံပြီး ငွေပမာဏကို အစိုးရက သတ်မှတ်ခဲ့တာဖြစ်ကြော င်း၊ ကုန်ကျမယ့်ငွေကိုတော့ နိုင်ငံခြား သွင်းကုန်တွေကနေ ကောက်ခံရရှိတဲ့ အခွန်ငွေတွေထဲကနေ ယူသုံးသွားမှာဖြစ်ကြောင်း ရှင်းပြထားပါတယ်။
အခုလနှောင်းပိုင်းမှာ အမေရိကန် လယ်ယာစိုက် ပျိုးရေးဌာန (USDA) ဟာ သီးနှံအမျိုးအစားအလိုက် တဧကကို ပေးချေရမယ့်နှုန်းထား သတ်မှ တ်ဖို့ ထုတ်လုပ်မှုစရိတ် ခန့်မှန်းတွက်ချက်ထားတဲ့ နည်းလမ်းတခုကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ထောက်ပံ့ကြေးပေးအပ်ရာမှာ လယ်ယာတခု ဒါမှမဟုတ် လူတဦးကို အမေရိကန်ဒေါ်လာ ၁၅၅,၀၀၀ အထိသာ အများဆုံး ကန့်သတ်ထားပြီး တနှစ်ကို ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ အောက်ရှိတဲ့ လုပ်ငန်းတွေသာ အကျုံးဝင်မှာဖြစ်ပါတယ်။
တောင်သူတွေဟာ နိုင်ငံရေးအရ ထရမ့်ကို ထောက် ခံခဲ့ကြတဲ့ အုပ်စုတွေဖြစ်ပေမဲ့ပြင်းထန်တဲ့ ကုန်သွယ် ရေးမူဝါဒတွေနဲ့ မကြာခဏ ပြောင်းလဲနေတဲ့ အကောက်ခွန်နှုန်းထားတွေကြောင့် လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုတွေရှိလာပြီး စားသုံးသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ တိုးမြင့်လာချိန်လည်းဖြစ်ပါတယ်။
အဆိုပါ ထောက်ပံ့မှုဟာ ထရမ့်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုကို ကာကွယ်ဖို့နဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့ အစိုးရအဖွဲ့ရဲ့ နောက်ဆုံးကြိုးပမ်းမှုလည်းဖြစ်ပါတယ်။
Ref – AP