ဩစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ရောင်းချဖို့ ပင်တဂွန်အတည်ပြု

ကာကွယ်ရေးဝန်ကြီးဌာနဟာ ငါးလကြာ ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ် ပြီးနောက် AUKUS သဘောတူညီချက်ကို ထောက်ခံအတည်ပြုလိုက်ပြီး သမ္မတထရမ့်ရဲ့ အမေရိကန် မူဝါဒနဲ့ ကိုက်ညီမှုရှိလို့ အခုလို ဆုံးဖြတ်ခဲ့တယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနယ်လ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၅၊ ဒီဇင်ဘာ။

ဗြိတိန်၊ အမေရိကန်နဲ့ ဩစတြေးလျ သုံးပွင့်ဆိုင် AUKUS အဖွဲ့ရဲ့ လုံခြုံရေးစာချုပ်ကို ထောက်ခံအတည်ပြုကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့ (ဒီဇင်ဘာ ၁ ရက်) မှာ ထုတ်ပြန်လိုက်ပြီးနောက် အဆိုပါ စာချုပ်အရ ဩစတြေးလျအစိုးရအနေနဲ့ ၁၅ နှစ်အတွင်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော အနည်းဆုံး သုံးစင်းကို ဝယ်ယူခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဆိုင်ရာ ၂၀၂၁ ခုနှစ် သဘောတူညီချက်ကို ပြန်လည်သုံးသပ်နေကြောင်း ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က အခုနှစ်အစောပိုင်းမှာ ပြောခဲ့တာပါ။

အမေရိကန်အောက်လွှတ်တော် ရေကြောင်းအင်အားဆိုင်ရာ ဆပ်ကော်မတီရဲ့ ထိပ်တန်းဒီမိုကရက်တစ်အမတ် ဂျိုးကောဒ်နီကလည်း “အခု လုပ်ငန်းစဉ် ပြီးဆုံးသွားချိန်မှာ မှတ်သားရမယ့် အရေးကြီးတဲ့ အချက်က ၂၀၂၁ ခုနှစ် AUKUS သဘောတူညီချက်ဟာ ပါဝင်တဲ့ နိုင်ငံသုံးခုစလုံးက အစိုးရအပြောင်းအလဲ သုံးခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး အခုထိ ခိုင်မာစွာ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဂျိုးကောဒ်နီဟာ လွှတ်တော်အတွင်း AUKUS သဘောတူညီချက်ကို အပြည့်အဝ ထောက်ခံအားပေးသူ တဦးဖြစ်ပြီး အမေရိကန်ရဲ့ အဓိက ရေငုပ်သင်္ဘော ထုတ်လုပ်ရေးစက်ရုံ တည်ရှိရာ ကွန်နက်တီကပ်ပြည်နယ်၊ မဲဆန္ဒနယ်ကို ကိုယ်စားပြုသူလည်း ဖြစ်ပါတယ်။

AUKUS စာချုပ်ဟာ အမေရိကန်ဆီကနေ ခေတ်အမီဆုံး ရေငုပ်သင်္ဘောတွေကို ဩစတြေးလျဆီ တပ်ဆင်ပေးဖို့ ရည်ရွယ်ထားတဲ့ စာချုပ်ဖြစ်ပြီး စစ်ရေးနည်းပညာ အမျိုးမျိုးကို ဖွံ့ဖြိုးတိုးတက်စေဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ ပံ့ပိုးပေးမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

၂၀၃၂ ခုနှစ်မှာ စတင်ရောင်းချမယ့် ရေငုပ်သင်္ဘောတွေဟာ ပစိဖိတ်ဒေသအတွင်း (အထူးသဖြင့် တရုတ်နိုင်ငံကို ရင်ဆိုင်ဖို့) တာဝေးပစ်ခတ် တိုက်ခိုက်နိုင်စွမ်းရည်တွေကို မြှင့်တင်မယ့် ဩစတြေးလျရဲ့ မဟာဗျူဟာမြောက် အဓိက အသက်သွေးကြောအဖြစ် ရှိနေတာပါ။

အဆိုပါ သဘောတူညီချက်ဟာ လာမယ့်နှစ်ပေါင်း ၃၀ အတွင်း ဩစတြေးလျအစိုးရအတွက် အမေရိကန်ဒေါ်လာ ၂၃၅ ဘီလီယံအထိ ကုန်ကျစရိတ်ရှိနိုင်ပြီး အနာဂတ်မှာ ကိုယ်ပိုင်ရေယာဉ်တွေကို တည်ဆောက်နိုင်မယ့် နည်းပညာပိုင်းဆိုင်ရာ သဘောတူညီချက်တွေလည်း ပါဝင်နေပါတယ်။

ဩစတြေးလျဟာ ပြင်သစ်ဆီက ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ဝယ်ယူမယ့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိ သဘောတူညီချက်ကို ဖျက်သိမ်းပြီး AUKUS အစီအစဉ်ကို ပြောင်းလဲရွေးချယ်ခဲ့လို့ ၂၀၂၁ ခုနှစ်မှာ ဩစတြေးလျဟာ ပြင်သစ်နိုင်ငံနဲ့ သံတမန်ရေးရာ အဖုအထစ် အကြီးအကျယ် ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

Ref – AFP