
ပဒုမ္မာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌဖြစ်တဲ့ ဦးမြင့်ဌေးဟာ အရင်တုန်းက ဒေသတွင်း ပရဟိတလုပ်ငန်းတွေ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ပြည်သူ့ပါတီက ရွေးကောက်ပွဲအတွက် ကိုယ်စားပြုဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါမှာ ပါတီဝင်လာပြီး အရွေးခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
၄၊ ဒီဇင်ဘာ။
ဧရာ၀တီတိုင်း ပုသိမ်မဲဆန္ဒနယ်မြေမှာ ဝင်ပြိုင်မယ့် ပြည်သူ့ပါတီ(PP)ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့် ဌေးဟာ ဒီဇင်ဘာလ ၃ ရက်နေ့ညနေပိုင်း စည်းရုံးရေးခရီးစဉ်ကနေ အိမ်အပြန်မှာ အာရုံကြောပြတ်တောက်ပြီး ကွယ်လွန်သွားခဲ့တယ်လို့ ပြည်သူ့ပါတီတာဝန်ရှိသူတွေက ပြောကြပါတယ်။
“စည်းရုံးရေးဆင်းတာ နယ်ဘက်တွေ သွားတာ၊ ရွာသုံးရွာကို သွားတယ်လို့ ပြောတယ်၊ အာရုံကြောထိသွားတယ်ဆို တာကတော့ ရှစ်နာရီဝန်းကျင်လောက်ပေ့ါ။ ဆုံးတာကတော့ ဆယ်နာရီဝန်းကျင်လောက် ပုသိမ်ဆေးရုံကြီးမှာ ဆုံး တယ်၊ ဒီနေ့ သင်္ဂြိုလ်မှာဗျ” လို့ ပြည်သူ့ပါတီရဲ့ ဧရာ၀တီတိုင်း အတွင်းရေးမှူး ဦးစိန်သောင်းက ပြောပါတယ်။
ပုသိမ်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မြေကနေ ပြည်သူ့ပါတီကိုယ်စားပြု ဝင်ပြိုင်မယ့် ဦးမြင့်ဌေးဟာ ကွယ်လွန်ချိန် မှာ အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူရဲ့ရုပ်အလောင်းကို မနက်ဖြန် မွန်းလွဲပိုင်းမှာ သရက်ချောင်းမီးသဂြိုလ် စက်သို့ ပို့ဆောင်သင်္ဂြိုလ်မယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ တလနီးပါးသာလိုတော့ချိန် စည်းရုံးရေးကာလအတွင်း ဦးမြင့်ဌေး ကွယ်လွန်သွားတာဟာ ပြည်သူ့ပါတီအတွက် ဆုံးရှုံးနစ်နာရသလို ပုသိမ်ဒေသခံပြည်သူတွေအတွက်လည်း နစ်နာမှုကြီးမားတယ်လို့ ဦးစိန် သောင်းက ပြောပါတယ်။
“ပါတီလည်း နစ်နာတယ်၊ တိုင်းပြည်အတွက်လည်း နစ်နာတာပေ့ါနော်၊ ဒီကမ်ပိန်းကာလအတွင်းမှာ ကိုယ်စား လှယ်တယောက် ဆုံးရှုံးသွားတယ်၊ ပြည်သူတွေ အတွက်လည်း နစ်နာမှုတွေအများကြီး ရှိတာပေ့ါနော်။ နောက်ပြီး သူတယောက်ဆုံးရှုံးမှုက ကျန်တဲ့ကိုယ်စားလှယ် PR တွေအတွက်ပါ သွားပြီး နစ်နာဆုံးရှုံးမှုရှိတာပေါ့။ ကျနော်တို့ပါ တီအတွက် ဆုံးရှုံးတာအပြင် ပုသိမ်ဒေသခံတွေအတွက်လည်း ဆုံးရှုံးမှုကြီးမားပါတယ်” လို့ သူကပြောပါတယ်။
ပဒုမ္မာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌဖြစ်တဲ့ ဦးမြင့်ဌေးဟာ အရင်တုန်းက ဒေသတွင်း ပရဟိတလုပ်ငန်းတွေ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ပြည်သူ့ပါတီက ရွေးကောက်ပွဲအတွက် ကိုယ်စားပြုဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါမှာ ပါတီဝင်လာပြီး အရွေးခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူနဲ့ လူရင်းပါ၊ သူက တကယ့်လူကောင်းလူတော်ပါ၊ သူ့ကိုဆုံးရှုံးရတာ နှမြောပါတယ်” လို့ ပြည်သူ့ပါတီကိုယ်စား ပြုကာ ဧရာ၀တီတိုင်းအတွင်း ဝင်ပြိုင်မယ့် ဦးမြင့်ဌေးရဲ့ လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါတယ်။
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ တနိုင်ငံတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတခုဖြစ်ပြီးတော့ ဧ ရာ၀တီတိုင်းအတွင်းက မြို့နယ်အချို့မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ စလုပ်နေတာဖြစ်ပါတယ်။
ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တို့ ပါဝင်ပါတယ်။
ဒုတိယအသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအ တွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်တာ တွေ့ရပါတယ်။
တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။