
“တိုင်းကူး၊ ပြည်ကူး အဝေးကို သွားတာလည်း မဟုတ်ဘူး၊ ဒေးဒရဲက ဖျာပုံလောက် ကိုယ့်နယ်ထဲမှာသွားတာတောင် ပိုက်ဆံတောင်းပါတယ်။ မှတ်ပုံတင်မပါရင် ရစ်ပါရစ်သေးတယ်၊ ဖမ်းပစ်မယ်၊ ဆီးပစ်မယ် အဲဒီလိုမျိုး”
၂၂၊ နိုဝင်ဘာ။
ဧရာ၀တီတိုင်း ဖျာပုံခရိုင် ဖျာပုံနဲ့ ဒေးဒရဲမြို့တို့တွေမှာ ရဲတပ်ဖွဲ့က မြို့အဝင် ဂိတ်တွေဖွင့်ပြီး ခရီးသွားတွေကို စစ်ဆေးကာ နိုင်ငံသားစီစစ်ရေးကတ်ပြားမပါသူတွေ၊ အသစ်မလဲရသေးသူတွေနဲ့ ကတ်ပြားဟောင်းနွမ်းနေသူ တွေဆီကနေ ငွေကျပ်သောင်းဂဏန်းထိ တောင်းယူနေပါတယ်။
“ရှေ့လက အိမ်ကို တခေါက်ပြန်သွားတာ၊ မှတ်ပုံတင်လည်း ပါတယ်၊ ၁၈ နှစ်ပြည့်လည်း လဲထားပြီပြီ။ အဲဒါကဒ်ပြား နည်းနည်းလည်း နွမ်းနေ၊ ခေါက်နေလို့တဲ့ ပိုက်ဆံတောင်းတယ်။ ငါးထောင်ယူပါဆိုတာ မရဘူး၊ တသောင်း ပေးခဲ့ရတယ်။ အိမ်ပြန်ဖို့တောင် စိုးရိမ်နေရတယ်” လို့ ရန်ကုန်မြို့မှာ အလုပ်လုပ်နေတဲ့ ဖျာပုံမြို့သား ကိုကျော်ဟိန်းက ပြောပါတယ်။
ရဲတပ်ဖွဲ့တွေအနေနဲ့ အဲဒီလို ငွေကြေးတောင်းခံနေတာဟာ လအချို့ရှိပြီဖြစ်ပြီး ခရီးသွားပြည်သူတွေအနေနဲ့ အနှောင့်အယှက် ဖြစ်ကြရတယ်လို့ ပြောကြပါတယ်။
“တိုင်းကူး၊ ပြည်ကူး အဝေးကို သွားတာလည်း မဟုတ်ဘူး၊ ဒေးဒရဲက ဖျာပုံလောက် ကိုယ့်နယ်ထဲမှာသွားတာတောင် ပိုက်ဆံတောင်းပါတယ်။ မှတ်ပုံတင်မပါရင် ရစ်ပါရစ်သေးတယ်၊ ဖမ်းပစ်မယ်၊ ဆီးပစ်မယ် အဲဒီလိုမျိုး” လို့ ဒေးဒရဲမြို့မှ အမျိုးသမီးတဦးက ပြော ပါတယ်။
စစ်ကော်မရှင်ရဲတပ်ဖွဲ့ဟာ လူတဦးကို ကျပ်ငါးထောင်ကနေ သုံးသောင်းအထိ ငွေကြေးတောင်းခံပြီး နိုင်ငံသားစိစစ် ရေးကတ်ပြားမပါဘဲ ခရီးသွားရင် ငွေကျပ်သုံးသောင်းလောက်ထိ ပေးကြရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောကြပါတယ်။
“စမတ်ကတ် (smart card) မရှိတဲ့သူတွေကို ဆမတ်ကတ်လုပ်ခိုင်းတယ်၊ ပြီးရင် ပိုက်ဆံတောင်းတယ်၊ စမတ် ကတ်မလုပ်ရသေးရင်တောင် ငါးထောင်တောင်းတယ်၊ မြို့အဝင်မှာ ထိုင်ပြီး နေထွက်က နေ့ဝင်ထိ နေ့တိုင်းတောင်းနေတာ အဲလို” လို့ ဒေးဒရဲမြို့ခံအမျိုးသမီးက ပြောပါတယ်။
ဒေးဒရဲ၊ ဖျာပုံမြို့နယ်တို့ဟာ ရန်ကုန်ကနေလာရင် ရန်ကုန် – ဒလ – ကွမ်းခြံကုန်း လမ်းပိုင်းမှာ တည်ရှိတာဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက တိုက်ပွဲဖြစ်ပွားမှုမရှိ၊ တည်ငြိမ်တဲ့ဒေသတွေလည်း ဖြစ်ပါတယ်။
“ဦးထုတ်ဖမ်းတာ၊ လိုင်စင်စစ်တာကတော့ တတိုင်းလုံးမှာလိုစစ်နေတာ၊ ဥထုတ်လေးမဆောင်းမိတာကိုတောင် ပိုက် ဆံတောင်းစားနေတာပါ” လို့ ပုသိမ်မြို့မှ လူငယ်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်ရိုးမတောင်ခြေတလျှောက် ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့အချိန်က တည်းက ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်၊ ပုံသိမ် – ရန်ကုန်၊ ပုသိမ် – ငသိုင်းချောင်းလမ်းတလျှောက် စစ်ဆေး ရေးဂိတ်တွေ များစွာ တိုးချကာ နေ့စဉ်စစ်ဆေးမှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။
ခရီးသွားပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ စစ်ဆေး၊ ငွေတောင်းနေတဲ့အပြင် ဆိုင်ကယ်၊ ကား၊ ဘေး တွဲ၊ ကုန်တင်ကားတွေကိုလည်း လိုင်စင်အထောက်အထားရှိ၊ မရှိ၊ ဥထုတ်ဆောင်း၊ မဆောင်း စစ်ဆေးကာ ငွေ တောင်းတာတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။