
AI ဆိုတာ ကွန်ပြူတာတွေက လူသားတွေလိုမျိုး တွေးခေါ်သင်ယူနိုင်စေဖို့ ဖန်တီးထားတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ စွမ်းဆောင်ချက်တွေကတော့ ဘာသာပြန်ဆိုတာ ၊ ပုံတွေ တည်းဖြတ်တာ ၊ လေ့လာသင်ယူမှုတွေကို ကူညီပေးတာနဲ့ ရုပ်/သံဗီဒီယိုတွေဖန်တီးတာပါ။

သတိထားရမယ့်အချက်ကတော့ AI ကြောင့် သတင်းအတု၊ ဓာတ်ပုံအတုနဲ့ ဗီဒီယိုအတု (Deep Fakes) တွေကို ဖန်တီးရတာ ပိုမိုလွယ်ကူလာတာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာ AI ရုပ်ပုံနဲ့ ဗီဒီယိုတွေဟာ အစစ်နဲ့ ခွဲခြားရ ခက်လောက်အောင် တိုးတက်လာပါတယ်
ဒါကြောင့် Social Media ပေါ်မှာမြင်သမျှကို ချက်ချင်း မယုံလိုက်ပါနဲ့။ အမြဲတမ်း ပြန်လည် စစ်ဆေးသင့်ပါတယ်။
သတင်းအစစ်အမှန်ဖြစ်ဖို့ဟာ ဒီနေ့ဒစ်ဂျစ်တယ်ခေတ်မှာ ပိုပြီးလိုအပ်လာပါတယ်။

မသေချာတဲ့ အချက်အလက်တွေကို လွယ်လွယ် မမျှဝေမိဖို့အရေးကြီးပါတယ်။
