
တကယ်လို့ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ခဲ့ပါက ဂျပန်အနေနဲ့ စစ်ရေးအရ တုံပြန်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက ဂျပန်လွှတ်တော်အမတ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သံတမန်ရေး အငြင်းပွားမှုတွေ ဖြစ်ပေါ်လာတာပါ။
၁၈၊ နိုဝင်ဘာ။
ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဘေဂျင်းနဲ့ တိုကျိုအကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာတာကြာင့် ဂျပန်အစိုးရက တရုတ်နိုင်ငံရောက် သူတို့ရဲ့ နိုင်ငံ သားတွေကို လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ လူစည်ကားရာနေရာတွေကို ရှောင်ရှားဖို့ သတိပေးလိုက်ပါတယ်။
တကယ်လို့ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ခဲ့ပါက ဂျပန်အနေနဲ့ စစ်ရေးအရ တုံပြန်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက ဂျပန်လွှတ်တော်အမတ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သံတမန်ရေး အငြင်းပွားမှုတွေ ဖြစ်ပေါ်လာတာပါ။
အစိုးရအဖွဲ့ အကြီးအကဲ အတွင်းဝန် မီနိုရူ ကီဟာရာက ဒီနေ့ နိုဝင်ဘာ ၁၈ နေ့မှာ ထုတ်ပြန်တဲ့ ဘေးကင်းရေးဆိုင်ရာ သတိပေးချက်နဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ဟာ နိုင်ငံ (သို့မဟုတ်) ဒေသတွင်း လုံခြုံရေးအခြေအနေအပြင် တရုတ်ရဲ့ နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကိုပါပြည့်စုံစွာ ထည့်သွင်း စဉ်းစားပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာပါ”လို့ ပြောပါတယ်။
တရုတ်နိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးကလည်း ပြီးခဲ့တဲ့ တနင်္လာနေ့က ဂျပန်နိုင်ငံသားတွေအနေနဲ့ ဒေသဓလေ့ထုံးတမ်းတွေကို လေးစားဖို့အပြင် တရုတ်လူမျိုးတွေနဲ့ ဆက်ဆံရာမှာ သတိထားဖို့ အသိပေးခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံသားတွေ အပြင်ထွက်တဲ့အခါ ပတ်ဝန်းကျင်ကို သတိထားဖို့၊ တစ်ယောက်တည်း ခရီးမသွားဖို့ အကြံပေးထားပြီး ကလေးငယ်တွေနဲ့ ခရီးသွားလာတဲ့အခါ အထူးသတိထားဖို့ တိုက်တွန်းထားပါတယ်။
ဂျပန်နဲ့ တရုတ်ကြား နိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ်မှာ ပြသနေတဲ့ ဂျပန်ရုပ်ရှင် နှစ်ခုထက်မနည်းကိုလည်း ရပ်ဆိုင်းလိုက်ရတယ်လို့ CCTV သတင်းဌာနက ထုတ်ပြန်ပါတယ်။
Ref – Reuters