ဧရာဝတီ၊ရခိုင်၊ပဲခူး၊မကွေးနယ်စပ်က ကပစ စက်ရုံတွေအနီးမှာ တိုက်ပွဲပြင်းထန်နေ

“အဓိကက ရိုးမရှေ့ဘက်ခြမ်းက စစ်မျက်နှာသုံးခုပေ့ါ။ဧရာ၀တီကနေ ပဲခူး၊ မကွေးအထိ အဲဒီသုံးခုလုံးမှာ တိုက်ပွဲ တွေရှိနေတယ်။နယ်မြေတွေကလည်း ဆက်စပ်နေတယ်ဆိုတော့ ဟန်ချက်ညီညီ တိုက်ပြီးရင် ကပစတွေကို သိမ်း လာမယ်ထင်တယ်။

၁၄ နိုဝင်ဘာ။

ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း၊ ပုသိမ် – မုံရွာလမ်းမကြီးတလျှောက်မှာရှိတဲ့ စစ်တပ်ရဲ့  ကာကွယ်ရေးပစ္စည်း ထုတ်စက်ရုံ(ကစပ)တွေအနီးကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တဖြေးဖြေးနဲ့ ချည်းကပ်လာနေ ပြီး လက်ရှိမှာ ပဒါန်းနဲ့ ပန်းတောင်းအနီးတဝိုက် ကပစစက်ရုံကာကင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဒီလပိုင်းအတွင်းမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

“ကပစ ၁၆ နားက ကာကင်းတွေကို တိုက်နေတာ နည်းနည်းကြာပြီ။ ကာကင်းတချို့တော့ ကိုယ့်ဘက်က ရထား တယ်။ တခြား ကပစတွေနားကိုလည်း တော်တော်လေး ကပ်လာပြီလို့ ပြောလို့ရတယ်။ မဟာမိတ်တွေနဲ့ ချိတ်ဆက် ပြီးတော့ လမ်းကြောင်းတလျှောက်လုံးက စက်ရုံတွေအားလုံးကို ကပ်နေတာ” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်း မြစ်တဦးက DNA ကို ပြောပါတယ်။

ရခိုင်ရိုးမ အရှေ့နောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ အမ်း၊ တောင်ကုတ်၊ ဂွတောင်ကျော်လမ်းတိုင်း ရိုးမအရှေ့ဘက်ခြမ်းသို့ ဆင်းကာ ပုသိမ် – မုံရွာတလျှောက် ကာ ကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေကို ချည်းကပ်ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်အနီးရှိ ကပစ ၁၆ နဲ့ ၆၆၆ ပွိုင့်စခန်းကုန်းအနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး AA ဟာ ပွိုင့် ၆၆၆ စခန်းကုန်းကို သိမ်းထားကာ ကပစ ၁၆ ရဲ့ ကာကင်းစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

အလားတူပဲ မကွေးတိုင်း ပဒါန်းမြို့အနီးရှိ ကစပ ၁၄၊ ကပစ ၁၀ တို့အနီးဝန်းကျင်မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိတယ်လို့ ဒေသခံတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“ကပစ ၁၄ နဲ့က အနီးဆုံးပဲ နတ်ရေကန်လည်း အပြည့်အ၀မရသေးတော့ ကပစ စက်ရုံကို မထိုးသေးတာထင်တယ်။အဲဒီနားတွေကိုတော့ တော်တော် ကပ်လာပြီဗျ” လို့ နောက်ထပ် ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့အတွင်းမှာ ကစပစက်ရုံပေါင်း ၁၆ ရုံရှိပြီး အဲဒီထဲက စက်ရုံဆယ်ရုံရဲ့ အနီးဝန်းကျင်တွေမှာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာဖြစ် ပါတယ်။

လက်ရှိမှာ AA ဟာ ပဲခူး၊ မကွေး၊ ဧရာ၀တီတိုင်းတို့အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်နဲ့ အနီးဝန်းကျင်ရှိ ဧရာ၀တီတိုင်း အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ မကွေးတိုင်း ငဖဲ၊ မင်းလှ ပဲခူးတိုင်း ပန်းတောင်းစတဲ့မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့တိုင်းနီးပါး ရှိနေပါတယ်။

“အဓိကက ရိုးမရှေ့ဘက်ခြမ်းက စစ်မျက်နှာသုံးခုပေ့ါ။ဧရာ၀တီကနေ ပဲခူး၊ မကွေးအထိ အဲဒီသုံးခုလုံးမှာ တိုက်ပွဲ တွေရှိနေတယ်။နယ်မြေတွေကလည်း ဆက်စပ်နေတယ်ဆိုတော့ ဟန်ချက်ညီညီ တိုက်ပြီးရင် ကပစတွေကို သိမ်း လာမယ်ထင်တယ်။ အဲဒီသုံးနေရာလုံးမှာလည်း အခု တိုက်ပွဲတွေဖြစ်နေကြတာဆိုတော့လေ” လို့ ရခိုင်ဒေသခံစစ် ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ကပစစက်ရုံတွေကို AA က ဦးတည်တိုက်ခိုက်လာခဲ့ရင် ပဲခူးတိုင်းအတွင်းရှိ ကစပစက်ရုံတွေနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးတဲ့ ဧရာ၀တီတိုင်း မြန်အောင်၊ ကြံခင်းမြို့နယ်တို့အထိပါ တိုက်ပွဲဧရိယာကျယ် ပြန့်လာနိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။ဧရာဝတီတိုင်းရဲ့ မြောက်ဘက်အစွန်ဆုံးပိုင်းမှာ ရှိတဲ့ ကြံခင်းမြို့နယ် အဆုံးနဲ့ လက်ရှိတိုင်ပွဲတွေ ဖြစ်ပွားနေတဲ့ ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်ထဲက ကပစ စက်ရုံအမှတ် ၆ ဟာ မြေပုံအရ အဖြောင့်တိုင်းမယ်ဆိုရင် ၁၅ မိုင်နီးပါးသာ ကွာဝေး

“အခုတော့ ကြံခင်းဘက်တွေမှာ အသံတွေ မကြားသေးဘူး၊ အဲဒီ ဘက်တွေမှာပါ ဖြစ်လာရင်တော့ တိုက်ပွဲတွေက လေးမျက်နှာဘက်နဲ့ ဆက်သွားမယ်၊ အဲလိုဆိုရင် ရွေးကောက်ပွဲက ဖြစ်နိုင်တော့မယ်မထင်ဘူး” လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်းခွဲကျင်းပမယ်လို့ ကြေငြာထားပြီး ဧရာ၀တီတိုင်းအတွင်းက မြန်အောင်၊ ကြံခင်းအပါအဝင် မြို့နယ် ရှစ်ခုဟာ ပထမတဖြတ် ကျင်းပမယ့်မြို့နယ်စာရင်းထဲ ပါဝင်ပါတယ်။ လက်ရှိတိုက်ပွဲ ဖြစ်ပွားနေတဲ့ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူမြို့နယ်တို့ကတော့ တတိယ တဖြတ်ထဲ ပါဝင်တာ တွေ့ရပါတယ်။