“တီဟီရန်ရဲ့ လက်နက်ပြန်လည်တပ်ဆင်မှုကို ဘေကျင်းက ထောက်ပံ့တာဟာ အလွန်အမင်း စိုးရိမ်စရာဖြစ်ပြီး ဥရောပကနေ အရှေ့အလယ်ပိုင်းအထိ အာဏာရှင်ဆန်တဲ့ ကျူးကျော်မှုတွေကို တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ အားပေးလိုစိတ်က နောက်ထပ် သာဓကတစ်ခုအဖြစ် ပြသနေတယ်”လို့ သူတို့က ပြောခဲ့ပါတယ်။
၁၄၊ နိုဝင်ဘာ။
တရုတ်ကုမ္ပဏီတွေအနေနဲ့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ကာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီနေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဥပဒေပြုအမတ်တွေက ထရမ့်အစိုးရကို တုံ့ပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့လက CNN သတင်းဌာနက တရုတ်-အီရန်နဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ထွက်လာပြီးနောက်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ရာဂျာ ခရစ်ရှ်နာမူတီ နဲ့ ဂျိုး ကော့တ်နီ တို့က အခုလိုတောင်းဆိုလိုက်တာပါ။
အဆိုပါ သတင်းမှာ စက်တင်ဘာ လကုန်ပိုင်းကတည်းက တရုတ်နိုင်ငံဟာ ဒုံးကျည်တွေကို အားကောင်းအောင် တွန်းကန်ပေးတဲ့ လောင်စာဆီထုတ်လုပ်ရာမှာ အခြေခံကျတဲ့ ဆိုဒီယမ် ပါကလိုရိတ်(sodium perchlorate)ဓာတုပစ္စည်း အများအပြားကို အီရန်ဆီ တင်ပို့ခဲ့တဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။
“ပြီးခဲ့တဲ့ နွေရာသီက အစ္စရေးနဲ့ ၁၂ ရက်ကြာ စစ်ပွဲပြီးနောက် တီဟီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်လက်နက်တို က်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းရာမှာ အဆိုပါ တင်ပို့မှုတွေဟာ မရှိမဖြစ် လိုအပ်ခဲ့တယ်”လို့ ကွန်ဂရက်လွှတ်တော်အမတ်တွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ရဲ့ ဒါရိုက်တာ ဂျွန်ရက်ကလစ်ဖ်ထံ ပေးပို့တဲ့ စာမှာ ရေးသားခဲ့ပါတယ်။
“တီဟီရန်ရဲ့ လက်နက်ပြန်လည်တပ်ဆင်မှုကို ဘေကျင်းက ထောက်ပံ့တာဟာ အလွန်အမင်း စိုးရိမ်စရာဖြစ်ပြီး ဥရောပကနေ အရှေ့အလယ်ပိုင်းအထိ အာဏာရှင်ဆန်တဲ့ ကျူးကျော်မှုတွေကို တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ အားပေးလိုစိတ်က နောက်ထပ် သာဓကတစ်ခုအဖြစ် ပြသနေတယ်”လို့ သူတို့က ပြောခဲ့ပါတယ်။
ဆိုဒီယမ် ပါကလိုရိတ်လို့ခေါ်တဲ့ ဓာတုပစ္စည်းဟာ ဒုံးကျည်တွန်းကန်မှုကို အားပေးတဲ့ စနစ်မှာ အဓိက အသုံးပြုပါတယ်။ ဒီဓာတုပစ္စည်းကို အသုံးပြုပြီး ဒုံးကျည်တွေကို အားကောင်းအောင် ပစ်လွှတ်နိုင်တဲ့ လောင်စာကို ထုတ်လုပ်နိုင်ပါတယ်။
CNN သတင်းရဲ့ ဖော်ပြချက်အရ အီရန်ရဲ့ တာလတ်ဒုံးကျည်တွေ ထုတ်လုပ်ဖို့ အဆိုပါ ဓာတုပစ္စည်း တန်ချိန် ၂,၀၀၀ ဟာ စက်တင်ဘာလနှောင်းပိုင်းကနေ အောက်တိုဘာ လလယ်ပိုင်းအတွင်း တရုတ်နိုင်ငံကနေ အီရန်နိုင်ငံ ဘန်ဒါအဗ္ဗာဆိပ်ကမ်းဆီ ရောက်ရှိသွားခဲ့တယ်လို့ ဥရောပထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
လေ့လာခွဲခြမ်းစိတ်ဖြာသူတွေရဲ့ အဆိုအရ တင်ပို့လိုက်တဲ့ ဓာတုပစ္စည်းပမာဏဟာ ပဲ့ထိန်းဒုံးကျည် ၅၀၀ ခန့် ထုတ်လုပ်ဖို့အတွက် လုံလောက်တဲ့ ဓာတုပစ္စည်းတွေဖြစ်တယ်လို့ ဆိုပြီး အဆိုပါ တင်ပို့မှုတွေဟာ ဇွန်လက အစ္စရေးနဲ့ ပဋိပက္ခကြောင့် ကုန်ခမ်းသွားခဲ့တဲ့ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကို ပြန်လည်တည်ဆောက်ရေးအတွက် အရှိန်မြှင့်တင်မှုကို ပြသနေတယ်လို့ ဆိုပါတယ်။
ဝါရှင်တန်မှာ တရုတ်၊ အီရန်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ တိုးပွားလာချိန်လာချိန်မှာ အခုကိစ္စ ထပ်ပြီး ပေါ်ပေါက်လာခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ဟာ ပြီးခဲ့တဲ့လက စီးပွားရေးဆိုင်ရာ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိပြီး ကုန်သွယ်ရေးစစ်ပွဲကို လျှော့ချဖို့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို မမှုဘဲ အီရန်ကို ဒုံးကျည်စွမ်းရည်တွေ အားကောင်းလာအောင် တည်ဆောက်ဖို့ အခုလို ဆက်လက်ကူညီနေတာဟာ အမေရိကန်ရဲ့ မူဝါဒတွေ ထိရောက်မှု မရှိသေးဘူးဆိုတာကို ပြသနေတာနဲ့ တူညီနေတယ်လို့ လွှတ်တော်အမတ်တွေက ထရမ့်အစိုးရကို ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
Ref – CNN