ဒီနေ့ ဧရာ၀တီဖယ်ဒရယ်ယူနစ်လွှတ်တော်မှာ ကြားကာလအစီအမံတရပ် တင်သွင်းအတည်ပြုမယ်

ကြားလအစီအမံကို ဥပဒေကြမ်းကော်မတီကနေ ဖယ်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းမှာဖြစ်ပြီး အဲဒီအစီမံ ကနေတဆင့် တိုင်း၊ မြို့နယ် စတဲ့ အဆင့်ဆင့်သော အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းကာ စိုးမိုးနယ် မြေတွေရလာနဲ့ အဲဒီလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။

၁၁၊ နိုဝင်ဘာ ။

ဧရာ၀တီဖယ်ဒရယ်ယူနစ်လွှတ်တော်လို့ အမည်ပြောင်းထားတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ရဲ့ ဒီနေ့အစည်းအဝေးမှာ တိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့၊ အစိုးရအဖွဲ့ ဖို့နဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ခြေလှမ်းပြင်တဲ့ အနေနဲ့  ကြားကာလ အစီအမံတရပ် တင်သွင်း၊ အတည်ပြုသွားဖို့ရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တဦးက DNA ကို ပြောပါတယ်။

“ဒီနေ့ ကြားကာလအစီအမံဆိုတာ ကော်မရှင်အဖွဲ့  ဖွဲ့ဖို့ ရှိတယ်။ ကော်မရှင်က ဘာတွေလုပ်ရမယ်ဆိုတာ၊ လုပ်ရ မယ့်ဥပဒေကို လွှတ်တော်မှာ အတည်ပြုပြီးသွားရင် အဲဒီဥပဒေအတိုင်း ကော်မရှင်တွေဖွဲ့။ ဖွဲ့ဖို့အတွက်လည်း အစု အဖွဲ့တွေ စုပြီးသွားပြီ၊ ဖွဲ့ပြီးသွားတာပေ့ါ၊ စုပေါင်းပြီးတော့ လွှတ်တော်တင် မဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲ မယ်၊ ဆွဲပြီးတော့ စစ်ကိုင်းလိုပေ့ါ၊ စိုးမိုးနယ်မြေတွေရလာတာနဲ့ အဲဒီဥပဒေအတိုင်း ကျင့်သုံးမှာ၊ အဲဒီဥပဒေထဲမှာ တိုင်းအစိုးရဖွဲ့တာတွေ၊ ဘာတွေ အကုန်ပါမယ်” လို့ ပြောပါတယ်။

အဲဒီကြားလအစီအမံကို ဥပဒေကြမ်းကော်မတီကနေ ဖယ်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းမှာဖြစ်ပြီး အဲဒီအစီမံ ကနေတဆင့် တိုင်း၊ မြို့နယ် စတဲ့အဆင့်ဆင့်သော အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းကာ စိုးမိုးနယ် မြေတွေရလာနဲ့ အဲဒီလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ဧရာ၀တီတိုင်းဒေသကြီးလွှတ်တော်လို့ ခေါ်ဝေါသုံးစွဲနေခဲ့ကြတဲ့ ဧရာ၀တီတိုင်း ဒေသကြီးလွှတ်တော်အမည်ကိုလည်း မနေ့က လွှတ်တော်အစည်းအဝေးမှာ ဧရာ၀တီဖယ်ဒရယ်ယူနစ်လွှတ်တော် လို့ အမည်ပြောင်းလဲဖို့ အတည်ပြုခဲ့တာကြောင့် ဒီနေ့လွှတ်တော်ဟာ ဖယ်ဒရယ်ယူနစ်လွှတ်တော်ဖြစ်သွားပြီလို့ လည်း လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

“ဖယ်ဒရယ်ကို သွားတဲ့အခါကျ ဖယ်ဒရယ်ယူနစ်ဆိုတဲ့အသုံးအနှုန်းကို သုံးလာကုန်ကြတယ်ပေ့ါလေ။စစ်ကိုင်းဆို လည်း စစ်ကိုင်းဖယ်ဒရယ်ယူနစ်၊ မန္တလေးဆိုလည်း မန္တလေးဖယ်ဒရယ်ယူနစ်ဆိုတော့ ဧရာ၀တီတိုင်းကိုလည်း ပြောင်းလိုက်တာ” လို့ မနေ့ကလွှတ်တော်အစည်းအဝေးတက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ဒါ့အပြင် ဧရာ၀တီတိုင်းဒေသကြီးကိုလည်း ဖယ်ဒရယ်ယူနစ်တခုအဖြစ် သတ်မှတ်ပြီး ဧရာ၀တီဖယ်ဒရယ်ယူနစ်လို့ ပြောင်းလဲခေါ်ဝေါ်သုံးစွဲဖို့ မနေ့က လွှတ်တော်မှာ အတည်ပြုခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်းစတဲ့ မြို့နယ်တို့အတွင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွနဲ့ အာရက္ခတပ်တော်(AA)တို့က စစ်ကော်မရှင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပုံသိမ်- မုံရွာ လမ်းတလျှောက် နယ်မြေတချို့နဲ့ ရခိုင်ရိုးမတောင်ခြေ၊ ပင်လယ်ကမ်းခြေတလျှောက် နယ်မြေတချို့ကို သိမ်းပိုက်ထိန်းချုပ် ထားတာ တွေ့ရပါတယ်။

“တိုက်ပွဲတွေ အရှိန်မြင့်လာရင်တော့ နယ်မြေစိုးမိုးမှုကတော့ ရလာမှာပဲ။ အခုလည်း တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ် နေကြတယ်။ ရိုးတောင်ခြေတဝိုက်ကတော့ ကိုယ့်ဘက်နယ်မြေတွေ ဖြစ်သွားပြီ။ AA က အရှိန်မြင့်လာရင် သိပ်မ ကြာဘူး ထိန်းချုပ်မြို့နယ်တွေလည်း ရလာမှာသေချာတယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဧရာ၀တီဒေသခံသတင်းရင်း မြစ်တဦးက သုံးသပ်ပါတယ်။

ဧရာ၀တီမှာ အာဏာသိမ်းခါစက တိုက်ပွဲတွေ မရှိခဲ့ပေမယ့် ဧရာ၀တီနဲ့အစပ် ရခိုင်ပြည်နယ် ဂွမြို့နယ်ကို AA က သိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေ ဟာ AA နဲ့ ပူးပေါင်းကာ စစ်ကော်မရှင်တပ်တွေကို ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိလာခဲ့တာပါ။

ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာလုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ဧရာ၀တီတိုင်းထဲက မြို့နယ် ၈ ခု  အပါ၀အင် နိုင်ငံအဝှမ်း မြို့နယ်ပေါင်း နှစ်ရာကျော်မှာ အပိုင်းလိုက်ခွဲပြီး ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေငြာထားပါတယ်။

အဲဒီ စစ်ကော်မရှင်က ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေး အင်အားစုတွေက ကန့်ကွက်ထား အာစီယံအပါအဝင် ဒီမိုကရေစီစနစ် အားကောင်းတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ၊ နိုင်ငံတွေက အသိအမှတ်မပြုဘူးလို့လည်း ထုတ်ဖေါ် ပြောဆိုထားကြပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းမှာလည်း လူအများစုထောက်ခံပြီး ရွေးကောက်ပွဲ အဆက်ဆက် တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ဒီချုပ်ပါတီမပါတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် လူထုစိတ်ဝင်စားမှု ၊ ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ကျဆင်းနေတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူတွေအကြားမှာ မှတ်ချက်ပေးထား ကြပါတယ်။