
အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကတော့ အဆိုပါ ငလျင်ကို ပြင်းအား ၆.၈ မဂ္ဂနီကျုဒ့် ရှိတယ် လို့ တိုင်းတာရရှိခဲ့ပါတယ်။
၁၀၊ နိုဝင်ဘာ။
ဂျပန်နိုင်ငံ မြောက်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၆.၇ မဂ္ဂနီကျုဒ့် ရှိတဲ့ ဆူနာမီလှိုင်းငယ်တွေ လာရောက် ရိုက်ခတ်ခဲ့တယ်လို့ ဂျပန်နိုင်ငံတာဝန်ရှိသူတွေက နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောပါတယ်။
ပထမဆုံး ဆူနာမီဟာ အီဝါတဲခရိုင်၊ မီယာကိုမြို့ကို ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၇ မိနစ် မှာ ရိုက်ခတ်ခဲ့ပေမဲ့ အရွယ်အစားကို တိုင်းတာလို့ မရလောက်အောင် သေးငယ်ခဲ့ပြီး နောက်ထပ် နှစ်မိနစ်အကြာမှာတော့ ၁၀ စင်တီမီတာ အမြင့်ရှိတဲ့ လှိုင်းလုံးတစ်လုံးဟာ အိုဖူနာတိုကို ရောက်ရှိလာခဲ့တယ်လို့
ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ထုတ်ပြန်ပါတယ်။
ငလျင်ဟာ အီဝါတဲကမ်းလွန်ပင်လယ်ပြင်မှာ ညနေ ၅ နာရီ ဝန်းကျင်မှာ လှုပ်ခတ်ခဲ့တာကြောင့် အမြင့် တမီတာအထိရှိနိုင်တဲ့ ဆူနာမီ ဖြစ်နိုင်ခြေရှိကြောင်း သတိပေးချက် ကြိုတင် ထုတ်ပြန်ခဲ့တာပါ။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကတော့ အဆိုပါ ငလျင်ကို ပြင်းအား ၆.၈ မဂ္ဂနီကျုဒ့် ရှိတယ် လို့ တိုင်းတာရရှိခဲ့ပါတယ်။
“အီဝါတဲကမ်းရိုးတန်းအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်” လို့ ဂျပန် မိုးလေဝသအေဂျင်စီ က သတင်းထုတ်ပြန်ခဲ့ပြီး လှိုင်းတွေဟာ ဘယ်အချိန်မဆို ရောက်ရှိလာနိုင်တယ်လို့လည်း တဆက်တည်းမှာ သတိပေးခဲ့ပါတယ်။
မူလငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာ ပြင်းအား မဂ္ဂနီကျုဒ့် ၅.၃ ကနေ ၆.၃ အထိရှိတဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ ဒေသဟာ ၂၀၁၁ ခုနှစ်က ပြင်းအား ၉.၀ ရှိတဲ့ ပင်လယ်အောက်ငလျင်ကြီးတစ်ခု လှုပ်ခတ်ဖူးပြီး နောက်ဆက်တွဲ ဆူနာမီကြောင့် လူပေါင်း ၁၈,၅၀၀ ကျော်သေဆုံးခဲ့ ဒါမှမဟုတ် ပျောက်ဆုံးခဲ့ပါတယ်။
ဆူနာမီကြောင့် ဖူကူရှီးမား နျူကလီးယားစက်ရုံမှာရှိတဲ့ ဓာတ်ပေါင်းဖိုသုံးလုံး ပျက်စီးခဲ့ပြီး ဂျပန်ရဲ့ စစ်ပြီးခေတ် အဆိုးရွားဆုံး ဘေးအန္တရာယ် ချာနိုဘိုင်းလ်ဖြစ်ရပ်နောက်ပိုင်း ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယား မတော်တဆမှုလည်း ဖြစ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ ပစိဖိတ် Ring of Fire လို့ခေါ်တဲ့ ဧရိယာရဲ့ အနောက်ဘက်အစွန်း တလျှောက်ရှိ အဓိက ကမ္ဘာ့အပေါ်ယံလွှာ လေးခုပေါ်မှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ မြေငလျင် လှုပ်ရှားမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
Ref – AFP