
၁၊နိုဝင်ဘာ
လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။
🔹 မိုးကုတ်မြို့ကို အစွမ်းကုန် ကာကွယ်မယ်လို့ NUG တပ်တွေပြော
🔹 ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်ကားဝေဖန်သူတွေကိုအရေးယူမယ်လို့ခြိမ်းခြောက်
🔹 မြို့နယ် ၆၃ခုကို စစ်အုပ်ချုပ်ရေး ဆက်လက် ကြေညာ
🔹 နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တဲ့အဆိုတော်အဒီနို
🔹 ရွေးကောက်ပွဲမပြိုင်ခင်အလိုအလျောက်နိုင်နေတဲ့ပြည်ခိုင်ဖြိုးအမတ်တွေ

🔹 မိုးကုတ်မြို့ကို အစွမ်းကုန် ကာကွယ်မယ်လို့ NUG တပ်တွေပြော
တရုတ်ဖိအားကြောင့်တအာင်းတပ်ဖွဲ့TNLA ဆုတ်ခွာ တော့မယ့်မိုးကုတ်မြို့ကို ဆက်လက် ကာကွယ်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်တွေက ကြေညာပါတယ်။
တရုတ်ကိုယ်စားလှယ်ကြားဝင်ညှိနှိုင်းမှုနဲ့သတ်မှတ် ကာလအတွင်း မိုးကုတ်၊ မိုးမိတ်မြို့တွေကပြန်လည် ဆုတ်ခွာဖို့အာဏာသိမ်း စစ်အုပ်စုနဲ့သဘောတူခဲ့တယ်လို့TNLA ကထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ(၂၉)ရက်ည(၁၂)နာရီကစလို့အပြန်အလှန်အပစ်ရပ်ဖို့အတွက်လည်းသဘော တူခဲ့တယ်လို့ဆိုပါတယ်။
ဒေသကာကွယ်ရေးတပ်တွေကတော့မိုးကုတ်မြို့လက်မလွတ်ရဖို့အစွမ်းကုန်ပူးပေါင်းကာကွယ်သွားမယ်လို့အသိပေးထားတာပါ။
လက်ရှိအချိန်မှာတော့မိုးကုတ်ပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြပြီး တိမ်းရှောင်ဖို့ပြင်ဆင်နေကြပါတယ်။
၁၀၂၇စစ်ဆင်ရေးကာလမှာကိုးကပ်တပ်ဖွဲ့က
သိမ်းယူထားတဲ့လားရှိုးမြို့ကိုလည်းတရုတ်ဖိအားကြောင့် ဆုတ်ခွာပေးရဖူးတာပါ။
🔹 ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်ကားဝေဖန်သူတွေကိုအရေးယူမယ်လို့ ခြိမ်းခြောက်
အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲကို ဝါဒဖြန့်ရိုက်ကူးထားတဲ့ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်လမ်းတိုကို ဝေဖန်ပြောဆိုရင် အရေးယူသွားမယ်လို့ စစ်အုပ်စုကခြိမ်းခြောက် ပြောဆိုပါတယ်။
အဲဒီ ဇာတ်လမ်းတိုကို ရွေးကောက်ပွဲပညာပေး ဇာတ်လမ်းလို့ဆိုကာ အောက်တိုဘာ၂၅ ရက်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။သရုပ်ဆောင် နေတိုး၊ မြင့်မြတ်၊ အေးချမ်းမောင်၊ နေဝင်း၊ ခြူးလေး၊ မေမြင့်မိုရ်၊အောင်ခိုင်၊ ဌက်ပျောကြော်တို့ပါဝင် သရုပ် ဆောင်ထားတဲ့အဲဒီဇာတ်လမ်းတိုမှာစစ်တပ် အာဏာသိမ်းချိန်ကစလို့လက်ရှိကာလအတွင်း CDM ပြုလုပ်သူတွေ၊ ပြည်ပထွက်ခွာတဲ့လူငယ်တွေအကြောင်းနဲ့လက်နက်ကိုင် တော်လှန်ရေးအပေါ် ပုံဖျက်ပြောဆိုထားတာပါ။
ဒါ့အပြင် ရွေးကောက်ပွဲကို အားပေးထောက်ခံရိုက် ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကအကြီးအ ကျယ်ဝေဖန်ကဲ့ရဲ့ခံရပြီးပါဝင်တဲ့သရုပ်ဆောင်တွေကိုလည်း ပြည်သူတွေက သပိတ်မှောက်ခဲ့ကြတာပါ။
ဒီဝါဒဖြန့်ဇာတ်ကားကိုဝေဖန်ခဲ့လို့ဆိုကာဒါရိုက်တာ မိုက်တီး၊ဇမ္ဗူထွန်းသက်လွင်၊အောင်ချမ်းလူ၊ သရုပ် ဆောင် ကျော်ဝင်းထွဋ်နဲ့ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေနဲ့ စစ်တပ်ကဖမ်းဆီးထားပါတယ်။
🔹 မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ဆက်လက် ကြေညာ
အာဏာသိမ်းစစ်ခေါင်းဆောင်က အရေးပေါ်ကြေညာထားခဲ့တဲ့ မြို့နယ်တွေကို နောက်ထပ် ရက် ၉၀ ကြာ အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ဆက်ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ဇူလိုင် ၃၁ ရက်မှာအမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီက တိုင်းနဲ့ပြည်နယ် ၉ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို ရက် ၉၀ ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး လက်ရှိမှာ နောက်ထပ်ရက်ပေါင်း ၉၀ ကြာအတည်ဖြစ်တယ်
လို့ ယာယီသမ္မတအဖြစ်ခံယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က ထုတ်ပြန်တာပါ။
ဒါ့အပြင် စစ်ခေါင်းဆောင်ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလည်း အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်းကြေညာ ထားတဲ့ တိုင်း၊ ပြည်နယ်တွေက မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ပြီး လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကို ဆက်လက်အပ်နှင်းလိုက်တယ်လို့ဆက်လက်ထုတ်ပြန်ပါတယ်။

🔹 နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တဲ့အဆိုတော်အဒီနို
Fever 109 မက်တယ်လ် ဂီတအဖွဲ့ရဲ့အဆိုတော် အဒီနို Adino (ခေါ်) မင်းသစ်လွှမ်း ရဲ့ ဈာပနဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားနဲ့ မြေသို့အပ်နှံခြင်း အစီအစဉ်ကို အောက်တိုဘာ ၂၈ ရက်က ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ဟေဗြုန် ညီအစ်ကိုများ အသင်းတော်ခန်းမမှာပြုလုပ်ခဲ့ပါတယ်။
ဈာပနအစီအစဥ်ကိုတော့ ရန်ကုန်မြို့၊ ရေဝေး ခရစ် ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်မှာ မီးသင်္ဂြိုဟ်ပြုလုပ်ခဲ့တာပါ။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ တေးသံရှင် အဒီိနို ဟာ ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ “ကွယ်လွန်သူတေးသံရှင် ရေမွန်နဲ့ Idiots Band နှုတ်ဆက်ပွဲ”မှာ ရေမွန်ရဲ့ “မငိုနဲ့တော့” တေးသီချင်းကို သီဆိုရင်း နှလုံးရောဂါနဲ့ စင်ပေါ်မှာ လဲကျခဲ့ပြီးဆေးရုံအရောက်မှာ ကွယ်လွန် ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့စျာပနအခမ်းအနားတွေကိုမိခင်ဖြစ်သူတေးသံ ရှင် ထရေစီနဲ့ မိသားစုဝင်တွေ၊နာမည်ကျော်အဆိုတော်တွေအပါအဝင်ဂီတအနုပညာအသိုင်းအ ဝိုင်းကစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်။
အဒီနိုရဲ့Fever 109 Band ဟာ၂၀၀၅ ခုနှစ်လောက်
က စတင်ပေါ်ပေါက်ခဲ့ပြီး မြန်မာပြည်က ခေတ်သစ် Metal ဂီတလောကမှာအစောဆုံးဂီတအဖွဲ့လည်းဖြစ်ပါတယ်။
🔹 ရွေးကောက်ပွဲမပြိုင်ခင်အလိုအလျောက်နိုင်နေတဲ့ပြည်ခိုင်ဖြိုးအမတ်တွေ
ရွေးကောက်ပွဲပြုလုပ်ဖို့ကြေညာထားတဲ့ မြို့နယ် ၂၇၄ မြို့နယ်မှာပြိုင်ဘက် ကိုယ်လှယ်လောင်း မရှိလို့ အလိုအလျောက်အနိုင်ရနေတဲ့စစ်တပ်နောက်ခံ
ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း၂၈ ဦးရှိနေပါတယ်။
အဲဒီထဲမှာစစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းတိုးလိုက်တဲ့မြို့နယ်တွေကပြည်ခိုင်ဖြိုးကိုယ်စားလှယ် လောင်း ၆ ဦးလည်းပါဝင်ပါတယ်။
စစ်အုပ်ချုပ်ရေးရက် ၉၀ သက်တမ်းတိုးတဲ့ ၆၃မြို့ နယ်မှာ ရွေးကောက်ပွဲကျင်းပမည့် ရွှေကူ၊ ကော့ကရိတ်၊ကြာအင်းဆိပ်ကြီး၊ထန်တလန်၊တွန်းဇံ၊ဖလမ်း၊ ကောလင်း၊ ကနီ၊ ငါန်းဇွန်၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ဂွ၊ ကျောက်မဲ၊ သီပေါတို့လည်းပါဝင်နေတာပါ။
အဲဒီအနက် ရွှေကူမြို့နယ်နဲ့ ကနီမြို့နယ် ပြည်သူ့လွှ တ်တော်မဲဆန္ဒနယ် နှစ်နေရာ၊ ရွှေကူ၊ ကောလင်း၊ ကနီ၊ ကျောက်မဲမြို့နယ် တိုင်းနဲ့ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၄ နေရာမှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြိုင်ဘက် မရှိဘဲအနိုင်ရနေတာပါ။
အာဏာသိမ်းစစ်တပ်ကရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ၂၈ရက်ကစလို့အပိုင်းလိုက်ပြုလုပ်ဖို့စီစဥ်ထားပါတယ်။