ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်းကို ရောက်လာနိုင်တဲ့ လေပွေလှိုင်း


၃၀၊ အောက်တိုဘာလ။

ဗီယက်နမ်နိုင်ငံတောင်ပိုင်းကနေ ဘင်္ဂလားပင်လယ်အော်အတွင်းကို ရွေ့လျားလာနိုင်တဲ့ လေပွေလှိုင်းဟာ နိုဝင်ဘာ ၁ ရက်နောက်ပိုင်း ဧရာဝတီတိုင်း အနောက်ဘက် ကမ်းရိုးတန်းအနီးမှာ အားကောင်းတဲ့၊ စောင့်ကြည့်ရမယ့် လေပွေလှိုင်း ဖြစ်လာနိုင်တယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

“ECMWF, ICON နဲ့ GFS model ကြိုတင်ခန့်မှန်းချက်များအရ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သောလေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးများနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ် ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မိုးဇလဌာနကတော့ ဧရာဝတီတိုင်းမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းနေတဲ့ အတွက် မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတလျှောက်မှာ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်လို့ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

အဲဒီအပြင် ကမ်းလွန်ပင်လယ်ပြင်မှာလည်း မိုးသက်လေပြင်းကျရောက်နိုင်ပြီး မိုးသက်လေပြင်းကျချိန် မြေပြင်၊ရေပြင်လေဟာ တနာရီ မိုင် ၃၀ ထိရှိနိုင်ပြီး လှိုင်းအမြင့် ၉ ပေထိရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

#မိုးလေဝသ #လေပွေလှိုင်း #ဧရာဝတီတိုင်း
#DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH