
ကုန်းမြင့်လယ်တွေမှာ ဆောင်းစပါးကို ရေတင်စိုက်ပျိုးကြတာတွေ ပြုလုပ်ကြပေမယ့် စပါးဈေး ဆက်တိုက်ကျဆင်းနေမှုကြောင့် စပါးစိုက်ဖို့ကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
၂၅၊ အောက်တိုဘာလ။
ဧရာဝတီတိုင်းမြောင်းမြခရိုင်ထဲက ဆောင်းစပါးစိုက်နေကြ လယ်သမားတွေဟာ စပါးဈေး ကျဆင်းနေတာကြောင့် အခြားသီးနှံ့တွေ ပြောင်းလဲစိုက်ပျိုးကြဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေကြတယ်။
“ကျွန်တော်ကတော့ ပြောင်းစိုက်ဖို့ တွေးနေတယ်။ တချို့တွေကလည်း နှမ်းစိုက်မလားပေါ့၊ ပဲတီစိမ်း စိုက်ချင်တဲ့ သူတွေလည်း ရှိတယ်။ ဆနွင်းစိုက်ချင်
တဲ့ သူတွေလည်း ရှိတယ်။ ကျွန်တော်တို့ မြေတွေနဲ့ ဘယ်သီးနှံတွေက အဆင်ပြေမလဲပေါ့။ အရှုံးက ဆက်လာတော့ လယ်စိုက်ရမှာ ကြောက်လာတယ်” လို့ ကိုဆန်းက ပြောပါတယ်။
ရေဝင်လေ့ရှိတဲ့ အနိမ့်ပိုင်း လယ်တွေမှာတော့ စပါးပဲစိုက်ပျိုးလို့ ရနိုင်မယ့်သဘော ဖြစ်နေတာကြောင့် မြောင်းမြမြို့ပေါ်မှာရှိတဲ့ စိုက်ပျိုးရေး ကျွမ်းကျင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီး စပါးအစားထိုး စိုက်ပျိုးလို့ရမယ့် သီးနှံအမျိုးအစားကို ရှာဖွေနေကြတယ် လို့လည်း သူက ပြောပါတယ်။
လတ်တလောမှာ မိုးမပြတ်သေးတာနဲ့ မြောင်းမြခရိုင်ဘက်က လယ်အများစုဟာ ပေါ်ဆန်းမျိုး စပါးစိုက်ပျိုးကြတာကြောင့် လယ်မသိမ်းရသေးတာတွေကြောင့် ဆောင်းအတွက် စိုက်ပျိုးမယ့် သီးနှံ့တွေကို ရွေးချယ်နေကြတုန်းပဲဖြစ်တယ်လို့ဒေသခံ လယ်သ မားတွေက ပြောကြပါတယ်။
“ဒီနှစ် စပါးစျေးကကျ၊စိုက်စားရိတ်ကတက် ဆိုတော့ ဆောင်းမှာ စပါးစိုက်ဖို့ တော်တော်စဥ်းစားနေရတယ်။ စပါးစိုက်လည်း အမြတ်ကမသေချာဘူး။ အခြားဘာစိုက်ရင်အဆင်ပြေမလဲ လေ့လာနေဆဲပါ ” လို့ လယ်သမားအဖြစ်အနှစ်၂၀ဝန်းကျင်လုပ်ကိုင်
ခဲ့သူ တဦးက ဆိုပါတယ်။
ပုံမှန်အားဖြင့် ကုန်းမြင့်လယ်တွေမှာ ဆောင်းစပါးကို ရေတင်စိုက်ပျိုးကြတာတွေ ပြုလုပ်ကြပေမယ့် စပါးဈေး ဆက်တိုက်ကျဆင်းနေမှုကြောင့် စပါးစိုက်ဖို့ကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ လယ်သိမ်းပြီးစ မြောင်းမြဒေသခံလယ်သမားတွေကတော့ ပဲတီစိမ်းနဲ့ ပြောင်းစိုက်ပျိုးနိုင်ဖို့ ဈေးကွက်နဲ့ စိုက်ပျိုးနည်းစနည်းတွေကို အနီးပတ်ဝန်းကျင်ကမြို့နယ်တွေဆီသွားရောက်လေ့လာ မှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စပါးဈေးတွေဟာ ၂၀၂၃ ခုနှစ် မိုးစပါးရာသီကတ ည်းက စတင်ကျဆင်းခဲ့တာဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ် မိုးစပါးထွက်ထိ စပါးဈေး ဆက်တိုက် ကျဆင်းနေတာကြောင့် စပါးစိုက်ပျိုးဖို့ကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ထိုနည်းတူစွာ ဟင်္သာတခရိုင် အပါအဝင် မတ်ပဲစိုက် ပျိုးကြတဲ့ လယ်သမားတွေ အနေနဲ့လည်း မတ်ပဲဈေးနှုန်း ကျဆင်းမှုနဲ့ စိုက်ပျိုးချိန် နောက်ကျနိုင် တာကြောင့် အထွက်နှုန်း ကျဆင်းမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။