
သမ္မတ ထရမ့်အစိုးရက တရုတ်ရဲ့ ဈေးကွက်လွှမ်းမိုးမှုကို တန်ပြန်ဖို့ နည်းလမ်းရှာဖွေနေချိန် အခုလို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။
၂၁ ၊ အောက်တိုဘာလ
အမေရိကန်နဲ့ ဩစတြေးလျဟာ မြေရှားသတ္တုနဲ့ တခြားအရေးပါတဲ့ တွင်းထွက်ပစ္စည်းတွေ ထုတ်လုပ်မှု မြှင့်တင်ရေး ရည်ရွယ်တဲ့ သဘောတူညီမှုတခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
သမ္မတ ထရမ့်အစိုးရက တရုတ်ရဲ့ ဈေးကွက်လွှမ်းမိုးမှုကို တန်ပြန်ဖို့ နည်းလမ်းရှာဖွေနေချိန် အခုလို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။
ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံ တန်ဖိုးရှိတဲ့ အဆိုပါ သဘောတူညီချက်ဟာ ဩစတြေးလျရဲ့သတ္တုတူးဖော်ရေးနဲ့ သန့်စင်ထုတ်လုပ်တဲ့ စွမ်းဆောင်ရည်ကို တိုးချဲ့ပေးနိုင်တယ်လို့ ဆိုပါတယ်။
မြေရှားနဲ့ ပတ်သတ်လို့ အမေရိကန်နဲ့ ဩစတြေးလျဟာ ထရမ့် ပထမ သမ္မတသက်တမ်း ကတည်းက လုပ်ဆောင်နေတာ ဖြစ်ပြီး အခုသဘောတူညီမှုဟာ မိတ်ဖက်ဆက်ဆံရေးကို နောက်တဆင့်ဆီ တက်လှမ်းနိုင်စေမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
လက်ရှိမှာ တရုတ်ဟာ မြေရှားသတ္တုတူးဖော်မှုရဲ့ ၇၀ ရာခိုင်နှုန်းအပြင် ကာကွယ်ရေးပစ္စည်းတွေကနေ ကွန်ပြူတာချပ်စ်တွေ ကားတွေအထိ အသုံးပြုလို့ရအောင် မြေရှားသတ္တုသန့်စင်တဲ့လုပ်ငန်းရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြေရှားသတ္တုအပေါ် အကြီးအကျယ် မှီခိုနေရတာဖြစ်ပြီး အခုနှစ်မှာ တရုတ်က သမ္မတ ထရမ့်ရဲ့ အခွန်တိုးကောက်တာနဲ့ တခြားတင်းမာမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မြေရှားထောက်ပံ့မှုကို ကန့်သတ်လိုက်တဲ့အခါ အမေရိကန်အတွက် ထိခိုက်လွယ်တဲ့ အခြေအနေ ဖြစ်လာစေပါတယ်။
မနေ့က ကြေညာချက်ထွက်လာပြီးနောက် ဩစတြေးလျ မိုင်းကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေလည်း ခုန်တက်သွားခဲ့ပါတယ်။
ဩစတြေးလျဟာ အရေးပါသော တွင်းထွက်ပစ္စည်းတွေ ထွက်ရှိတဲ့ အဓိကရင်းမြစ်နိုင်ငံတခုပါ။
ဒါပေမယ့် အမေရိကန်နဲ့အလားတူ သူရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကိုတော့ အဲ့ဒီသတ္တုပစ္စည်းတွေ အသုံးပြုနိုင်တဲ့ ပုံစံအဖြစ် ပြုပြင်ထုတ်လုပ်ရေးအတွက် မှီခိုနေတာ ဖြစ်ပါတယ်။
Ref – BBC