
လက်ရှိမှာတော့ ဖြစ်စဉ်အသေးစိတ် သိရဖို့ လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်း Black Boxes ကို ရှာဖွေနေပါတယ်။
၂၀ ၊ အောက်တိုဘာလ ။
ဟောင်ကောင်အပြည်ပြည်ဆိုင်လေဆိပ်မှာ ကုန်တင်လေယာဉ်တစီး ပြေးလမ်းချော်ပြီး ပင်လယ်ထဲ ပြုတ်ကျလို့ လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၀ရက်နေ့ ဒေသစံတော်ချိန် မနက် ၄နာရီထိုးခါနီးမှာ ဒူဘိုင်းကနေ ပျံသန်းလာတဲ့ Emirates လေကြောင်းလိုင်းရဲ့ အဆိုပါကုန်တင်လေယာဉ်ဟာ မြေပြင်ကိုဆင်းချိန် ပြေးလမ်းကနေ ချော်ထွက်သွားပြီး ခြံစည်းရိုးကို ဖြတ်ကာ ပြေးလမ်းအပြင်ဘက်မှာ ကင်းလှည့်နေတဲ့ ကားတစီး ဝင်တိုက်ခဲ့တာပါ။
အဲ့ဒီနောက် ကင်းလှည့်ကားရော ကုန်တင်လေယာဉ်ပါ လေဆိပ်နဲ့ကပ်လျက်ရှိတဲ့ ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။
ကင်းလှည့်ကားပေါ်မှာ လိုက်ပါလာတဲ့ ဝန်ထမ်းနှစ်ဦ်းကို ကယ်ဆယ်ခဲ့ပေမယ့် ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားခဲ့တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ဆိုပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ဝန်ထမ်း ၄ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
မှတ်တမ်းတွေအရ အဆိုပါလေယာဉ်ဟာ မြေပြင်ပေါ်ဆင်းသက်ချိန်မှာ အရေးပေါ် အချက်မပြခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ ဖြစ်စဉ်အသေးစိတ် သိရဖို့ လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်း Black Boxes ကို ရှာဖွေနေပါတယ်။
ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၉၈ ခုနှစ်၊ ဇူလိုင်လမှာ Kai Tak ကနေ Chek Lap Kok ဒေသကို ပြောင်းရွှေ့ပြီးနောက်ပိုင်း အခုဖြစ်စဉ်ဟာ ဒုတိယမြောက် လူသေဆုံးတဲ့ မတော်တဆမှု ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်၊ ဩဂုတ်လမှာ တရုတ်လေကြောင်းလိုင်း China Airlines က ခရီးသည်တင် လေယာဉ်တစ်စင်းဟာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်နေချိန် ဆင်းသက်ခဲ့ရာမှ ပျက်ကျပြီး လူ သုံးဦး သေဆုံးခဲ့ပါတယ်။
Ref – BBC