အသက် ၁၅နှစ်အောက်ကလေးတွေကို လူမှုမီဒီယာအသုံးပြုခွင့် ကန့်သတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒိန်းမတ်အစိုးရက အောက်တိုဘာလ ၇ရက်နေ့က ပြောပါတယ်။
၈ ၊ အောက်တိုဘာလ
လွှတ်တော်အဖွင့်မိန့်ခွန်းမှာ ဒိန်းမတ်ဝန်ကြီးချုပ် ဖရေဒရစ်ဆင်က အဆိုပါ ကနဦးအစီအစဉ်ကို ပြောခဲ့တာဖြစ်ပြီး ဘယ်လူမှုမီဒီယာပလက်ဖောင်းတွေ အကျုံးဝင်မယ်ဆိုတာနဲ့ ဘယ်လိုကန့်သတ်မယ်ဆိုတာအတိအကျမသိရသေးပါဘူး။
“ဆဲလ်ဖုန်းနဲ့ ဆိုရှယ်မီဒီယာတွေက ကျွန်မတို့ကလေးတွေရဲ့ ကလေးဘဝကို လုယူနေကြတာပါ” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး အသက် ၁၁ နှစ်ကနေ ၁၉ နှစ်ကြား ဒိန်းမတ် ယောက်ျားလေးတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာထက် အိမ်မှာရတာ ပိုနှစ်သက်ကြကြောင်း ထောက်ပြခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံဟာ လူငယ်တွေအကြား အွန်လိုင်းအန္တရာယ်ကနေ ကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်ရာမှာ ဦးဆောင်နေသူ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ဩစတြေးလျပါလီမန်ကအသက် ၁၆ နှစ်အောက် ကလေးတွေ ဆိုရှယ်မီဒီယာ သုံးစွဲမှု ပိတ်ပင်တဲ့ ဥပဒေကို ပြဌာန်းခဲ့ပါတယ်။
ဒါပေမယ့် အဆိုပါဥပဒေကို ဘယ်လိုအကောင်အထ ည်ဖော်မယ်ဆိုတာကိုတော့ အခုချ်ိန်ထိ အသေးစိတ် မသိရသေးပါဘူး။
ဩစတြေးလျရဲ့ ကန့်သတ်ချက်ထဲမှာ Facebook ၊ Snapchat ၊TikTok နဲ့ YouTube စတဲ့ ပလက်ဖောင်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လကလည်း ဂရိနိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှာ ဒစ်ဂျစ်တယ်သုံးစွဲနဲ့ပတ်သတ်ပြီး အသက်အရွယ် သတ်မှတ်ဖို့ အဆိုပြုခဲ့ပါတယ်။
ဒါဟာ ကလေးတွေ မိဘရဲ့ ခွင့်ပြုချက်မရှိဘဲ ဆိုရှယ်မီဒီယာ အသုံးမပြုနိုင်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
Ref : AFP