အီလီနွိုက်ပြည်နယ်အစိုးရက သမ္မတထရမ့်ကို တရားစွဲ

ပြည်စောင့်တပ်တွေကို အီလီနွိုက်ပြည်နယ် ၊ ချီကာဂိုမြို့ဆီကို ပို့မယ် အစီအစဉ်ကို တားမြစ်ဖို့ အခုလို တရားစွဲလိုက်တာပါ။

၇ ၊ အောက်တိုဘာလ

အီလီနွိုက်ပြည်နယ် အစိုးရက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အောက်တိုဘာလ ၆ရက်နေ့မှာ တရားစွဲဆို လိုက်ပါတယ်။

ပြည်စောင့်တပ်တွေကို အီလီနွိုက်ပြည်နယ် ၊ ချီကာဂိုမြို့ဆီကို ပို့မယ် အစီအစဉ်ကို တားမြစ်ဖို့ အခုလို တရားစွဲလိုက်တာပါ။

အခုဆိုရင် ပြည်စောင့်တပ်ဖွဇဲ့ဝင်ရာချီဟာ  တက္ကဆက်ပြည်နယ်ကနေ အမေရိကန်ရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ချီကာဂိုမြို့ဆီ ဦးတည်ထွက်ခွါလာနေပါပြီ။

ပြည်တွင်းရေးကိစ္စတွေမှာ စစ်ဘက်အင်အား အသုံးပြုမှုနဲ့ ပတ်သတ်ပြီး သမ္မတ ထရမ့်ဟာ ဒီမိုကရက်ဦးစောင်တဲ့ ပြည်နယ်တွေ မြို့တွေနဲ့ထိပ်တိုက်အချင်းပွါးမှုတွေ ပိုမိုကြီးမားလာနေပါတယ်။

ဒါအပြင် တပ်တွေချထားတာနဲ့ ပတ်သတ်လို့ တရားရုံးက ကန့်ကွက်မှာကို ရှောင်ရှားတဲ့အနေနဲ့ ဆူပူသောင်းကျန်းမှု အက်ဥပဒေ အသုံးပြုလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အီလီနွိုက် ပြည်စောင့်တပ်ဖွဲ့ဝင် ၃၀၀ ကို ဖက်ဒရယ်ထိန်းချုပ်မှုအောက်ကို ပြန်လည်ခေါ်ယူပြီး နောက်ထပ် တက္ကဆက်ပြည်စောင့်တပ်ဖွဲ့ဝင် ၄၀၀ ကို ချီကာဂိုမြို့ဆီပို့မယ်လို့ပြီးခဲ့ရက်ပိုင်းကပဲ

ပင်တဂွန်အကြီးအကဲ Pete Hegseth က ညွှန်ကြားချက်ထုတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမေရိကန် ခရိုင်တရားသူကြီး April Perry ဟာ ချီကာဂိုမြို့ဆီ ပြည်စောင့်တပ်စေလွှတ်ရေးအတွက် ဖက်ဒရယ်အစိုးရကို ဆက်လက်ခွင့်ပြုပေးထားသလို အီဘီနွိုက်ပြည်နယ်အစိုးရရဲ့ တရားစွဲဆိုမှုကိုလည်း ကိုင်တွယ်စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။

တရားသူကြီး Perry ရဲ့ ဆုံးဖြတ်ချက် ထွက်ပြီး မကြာခင်မှာပဲ သမ္မတ ထရမ့်က သတင်းထောက်တွေကို သူ့ရဲ့ ဘဲဥပုံရုံးခန်း ထဲမှာ တွေ့ဆုံပြီး သူဟာ ၁၇၉၂ ခုနှစ် ပုန်ကန်မှု ဥပဒေ (Insurrection Act of 1792) ကို အသုံးပြုကောင်း အသုံးပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီဥပဒေက စစ်သားတွေကို အရပ်ဘက်ဥပဒေ စိုးမိုးရေးလုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်ခွင့်ပြုမှာ ဖြစ်ပြီး၊ ဒါမျိုးကို မကြာသေးတဲ့ကာလမှာတော့ သုံးခဲ့တဲ့ သာဓက သိပ်မရှိဘူး လို့ ပြောနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အော်ရီဂွန်ပြည်နယ် ၊ ပေါ့တ်လန်းမြို့ဆီကို ပြည်စောင့်တပ်ဖွဲ့ဝင်တွေ စေလွှတ်မယ့် ထရမ့်ရဲ့ ညွှန်ကြားချက်ကို ဖက်ဒရယ်တရားရုံးတခုက ယာယီ ကန့်သတ်ခဲ့ပါသေးတယ်။

အခုလ အောက်တိုဘာ ၁ရက်နေ့မှာစတင်တဲ့ ဘဏ္ဍာနှစ်အသစ်အတွက် ဘတ်ဂျက် လွှတ်တော်မှာ အတည်မပြုနိုင်လို့အမေရိကန်အစိုးရ ယန္တရားတွေ ရပ်ဆိုင်းနေတာ သီတင်းပတ်  တပတ်ရှိလာပြီလည်း ဖြစ်ပါတယ်။

Ref : Reuters