၁၊ အောက်တိုဘာလ။
ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိ အားနည်းရပ်ဝန်းတွေဟာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ် လာနိုင်ချေ မြင့်တက်လာနေတယ်လို့ မိုးလေဇသနဲ့ ဇလဗေဒပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
လက်ရှိခန့်မှန်းချက်တွေအရ ဒီမုန်တိုင်းဟာ မြန်မာ နိုင်ငံကို တိုက်ရိုက်ဝင်ရောက်ဖို့ မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် ဒီအခြေအနေတွေကြောင့်မြစ်ဝကျွန်းပေါ် ဒေသ၊ မြန်မာနိုင်ငံကန်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ် ပြင်တွေမှာ အများဆုံးလေတိုက်နှုန်း တနာရီ မိုင် ၃၀အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၁ပေထိ လှိုင်းကြီးနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံထဲကို မုန်တိုင်းဝင်ရောက်ဖို့ မရှိပေမယ့် လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းဖြစ်ပေါ်လာရင် မုန်တိုင်းရဲ့ သက်ရောက်မှုတွေကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ သက်ရောက်မှုကြီးနိုင်တယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က တွက်ချက် ထားပါတယ်။
သူက “ ကချင်ဘက်မှာ မိုးများနိုင်ပါတယ်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖါးကန့်၊ မိုးညှင်းမြို့နဲ့ အနီးဝန်းကျင် တွေမှာ မိုးအသည်းထန်ဆုံးဖြစ်နိုင်၊ ၁ ဒဿမ ၅ လက်မ မှ ၂ ဒဿမ ၄ လက်မအထိရှိနိုင်ပြီး၊ ရုတ် ခြည်းရေကြီးခြင်း ဖြစ်နိုင်ပါတယ် ” လို့ ဆိုပါတယ်။
ဧရာဝတီမြစ်အထက်ပိုင်းမှာ မိုးများနိုင်တာကြောင့် မြစ်ရေတိုးတာတွေ ဖြစ်လာနိုင်ပြီး လက်ရှိ ပြန်လည် ကျဆင်းနေတဲ့ ဧရာဝတီတိုင်းထဲက မြစ်ချောင်းတွေမှာ ပြန်တိုးလာနိုင်ပါတယ်။
ဧရာဝတီတိုင်းအတွက်ကတော့ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိပြီး ပင်လယ်နဲ့နီးတဲ့ ဒေသတွေကတော့ လေပြင်းတိုက်ခတ်မှုကို ဂရုပြုသင့်တယ်လို့ မိုးဇလ ပညာရှင်တွေက အကြံပြုထားကြပါတယ်။