၁၉၇၄ခုနှစ်ကာလများဆီက ရုပ်ရှင်ကားကောင်းတကားရုံတင်ရင် လက်မှတ်ရဖို့တန်းစီ တိုးကြိတ် ဝယ်ယူရလေ့ရှိပါတယ်။ပုဆိုးခါးတောင်းကြိုက်ပြီးတွန်းနိုင်တိုးနိုင်မှ လက်မှတ်ရုံဝရောက်မှာပါ။
၂၇၊စက်တင်ဘာလ။
အဲဒီလိုပရိတ်သတ်အကြိုက် ရုပ်ရှင်ကားထဲမှာ
နော်ကူးမ ဆိုတဲ့ ရုပ်ရှင်လည်း ပါဝင်ပါတယ်။ ရုပ်
ရှင်သရုပ်ဆောင်ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူတို့ ပါဝင်သ
ရုပ်ဆောင်ပါတယ်။ဇာတ်လမ်းအစမှာမိခင်အကြော် သည်မကြီးကိုကျောင်းအားရက်မှာလမ်းပေါ်စာအုပ်
လိုက်ရောင်းရင်းတဖက်တလမ်းကကူညီတဲ့ စံရွှေမြင့်(ထွန်းထွန်းဝင်း)ဟာလမ်းသရဲတွေရဲ့ထိုးကြိတ်ခံ ရပြီးဆေးရုံရောက်သွားပါတယ်။ဆေးရုံမှာ သူနာပြုဆရာမလေး နော်ကူးမ(နွဲ့နွဲ့မူ)နဲ့ဆုံဖြစ်ကြပါတယ်။နော်ကူးမက စံရွှေမြင့်ကိုဓာတ်ပုံလေး တပုံထုတ်ပြတော့ဓာတ်ပုံထဲကသူဟာ စံရွှေမြင့်နဲတူနေပါတယ်။
ဓာတ်ပုံရှင်က ကားမှောက်ပြီးကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ နော်ကူးမရဲ့မောင်လေးဖိုးစံပါတဲ့။
မေတ္တာ၊ဂရုဏာနဲ့ဘဝသရုပ်ဖော်ရုပ်ရှင်ကားဖြစ်
လို့ နော်ကူးမနဲ့အတူ နွဲ့နွဲ့မူဟာကျော်ကြားတဲ့ရုပ်
ရှင်သရုပ်ဆောင်မင်းသမီးတလက်ဖြစ်လာပါတယ်။
နွဲ့နွဲ့မူကို ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်နေ့က ဟင်္သာတမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူ ဦးသော် (ပညာရေးဌာနဝန်ထမ်း)နှင့် မိခင်ဖြစ်သူ အကယ်ဒမီ ဒေါ်သိန်းရှင်တို့ ကမွေးဖွားခဲ့ပါတယ်။အမည်ရင်းမှာ ဒေါ်မြသန်းနွဲ့ဖြစ်ပါတယ်။
နွဲ့နွဲ့မူဟာ အသက် ၁၅-နှစ်အရွယ် ၁၉၆၅ ခုနှစ်တွင် အနုပညာလောကထဲသို့ မိခင်ဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် ရွှေမြင်းမိုရ်ရုပ်ရှင်ကုမ္ပဏီက ဒါရိုက်တာ ဦးဝင်းဖေရိုက်ကူးသော“မေတ္တာမိုးမြေ” ဇာတ်ကားဖြင့်စတင်ဝင်ရောက်ခဲ့ပါတယ်။အဲဒီ့နောက် ဇာတ် ကားရိုက်ကူးမှုများ မရှိခဲ့သော်လည်း အသက် ၁၆ နှစ် အရွယ်တွင် အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာသိန်းထွဋ်နှင့် သန်းထွဋ် ရိုက်ကူးသော “သမန်းကျား” ဇာတ်ကားဖြင့် အနုပညာလောကသို့ တကျော့ ပြန် လည်ရောက်ရှိကာ ပရိသတ်များရဲ့ အသိအမှတ်ပြုမှု ရရှိခဲ့သခဲ့ပါတယ်။ မေတ္တာစိမ်းစိမ်း၊ မေတ္တာအကျဉ်းသား၊ ပြင်ဦးလွင်မှ စိန်တစ်ပွင့်၊ ယောဆရာကြီး၊ စံရွှေမြင့်ရဲ့မာမာ၊ ဘဝသစ္စာ၊ သစ္စာရှင်မလေးနှင့်သူ၊ ကျွန်တော့်ချစ်သဲ မာနခဲ၊ ငယ်ကျွမ်းဆွေ၊ အသည်းဖြူမလေး နော်မေဖော၊ မြတ်ဆုဝင်းရဲ့ချစ်စံအိမ်၊ ဒူးမထောက်လက်မမြှောက်၊ ပျဉ်းမငုတ်တို စတဲ့ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ဒရာမာ (ဘဝအလွမ်းအမော) ဇာတ်ကားများတွင် သရုပ်ဆောင်ရာ၌ အားသန်သည့် မင်းသမီးတဦး ဖြစ်သူ နွဲ့နွဲ့မူဟာသရုပ်ဆောင်ရာတွင်လည်း လိုအပ် သည့် အခန်း၌ လိုအပ်သလို ပိုင်နိုင်စွာ ခံစားချက် ထည့်သွင်း သရုပ်ဆောင်တတ်ကြောင်း၊ သဘာ၀ ကျကျ သရုပ်ဆောင်တတ်သူ တဦးဖြစ်ကြောင်းသူ့ပရိတ်သတ်များကမှတ်ချက်ပေးပါတယ်။
၁၉၇၄ ခုနှစ်တွင် ရွှေလမင်းရုပ်ရှင် မှ ဒါရိုက်တာ ကိုငြိမ်းငြိမ်းရိုက်ကူးသော “နော်ကူးမ” ရုပ်ရှင်ဇာတ် ကား၌ ပါဝင်သရုပ်ဆောင်ရာ ၁၉၇၄ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) အမျိုးသမီးဇာတ်ဆောင်ဆုရရှိပါတယ်။ နွဲ့နွဲ့မူဟာ ဒါရိုက်တာကြည်စိုးထွန်း ရိုက်ကူးခဲ့တဲ့ သမီးနှင့်အမေများ (၁၉၉၁ ခုနှစ်) ဇာတ်ကား အပါအဝင် ချစ်သူငယ်ချင်း (ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ ခင်သီတာထွန်း)၊ ချစ်တဲ့ရက်ကိုကြိုနေမယ် (ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ စံရှားတင်)၊ နေခြည်ဖြာမှနွေးသောကြောင့် (အောင်လွင်၊ နွဲ့နွဲ့မူ)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ) ၊ စံရွှေမြင့်ရဲ့လေးခင်ခင် (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ နော်ကူးမ (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ ဒူးမထောက်လက်မမြှောက် (ညွန့်ဝင်း၊ မြင်းစိုင်းသားအောင်အောင်၊ ဆွေဇင်ထိုက်၊ နွဲ့နွဲ့မူ) အစရှိတဲ့ ဇာတ်ကားများမှာ ထိုခေတ်အခါက အောင်မြင်ခဲ့ပြီး ပရိသတ်များ လက်ခံ အားပေးခဲ့သည့် ဇာတ်ကားများဖြစ်ပါတယ်။
အကယ်ဒမီ နွဲ့နွဲ့မူဟာ ၂၀၁၁ ခုနှစ် ဇွန် ၁၃ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅၀ အချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး) ပေါ်တွင် အစာ အိမ် သွေးကြောပေါက်၍ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်တွင် သားတစ်ဦး၊ သမီးတစ်ဦးနှင့် မြေးသုံးဦးကျန်ရစ်ခဲ့ပါတယ်။